အပိုင်း(၁၇)Immortal heroes

5.7K 743 0
                                    

Unicode
ယုချန်းက အနားယူလို့ဝတော့ ထလာခဲ့တယ်။ ဒါပေါ့ သူမက ရွှေရောင်ပိုးကောင်လေးအကြောင်းကို နဲနဲလေးတောင်စိတ်ဝင်စားတာမှမဟုတ်တာ။

သူမက ရွှေရောင်ပိုးကောင်လေးက ဒီလောက် မှင်သက်စရာကောင်းလောက်အောင် လှနေမယ်လို့လဲ မထင်ထားခဲ့ဘူးလေ။ ယန်ဟွမ်က စတန့်အစားထိုး လုပ်တုန်းက လူတွေရဲ့ အာရုံစိုက်မှုကို မရခဲ့ဘူးကိုး။ ဒါပေမဲ့ အခုကျတော့ သူမနားမှာယှဥ်ရပ်နေတာကိုက သူမကို ကျော်ပြီးလှနေတော့ ခြိမ်းခြောက်ခံရသလိုခံစားရတယ်။

ယန်ဟွမ်က အသစ်ကလေးတစ်ယောက်လိုပဲ ယဥ်ယဥ်ကျေးကျေး နှိမ့်နှိမ့်ချချလေးပဲ လျှောက်လာတယ်။ သူမကိုယ်သူမ လှလို့ဆိုပြီး နတ်ဘုရားမ တစ်ယောက်လို ဟန်နဲ့မလာဘူး။ တစ်ကယ်တမ်းလဲ သူမက နတ်ဘုရားမမှ မဟုတ်တာပဲကို။

ဒီဟာက ဒီဘဝမှာ သူမရဲ့ ပထမဆုံး ရိုက်ခွင့်ရတဲ့ နေရာပဲ။ ဒီဇာတ်ကောင်နေရာကို ရလို့ သူမကံကို ကျေးဇူးတင်ရမလားတော့ မသိပေမဲ့ သူမကိုယ်သူမ ကတိပေးထားတယ် ဒီတစ်ခုကို သေသေချာချာ လုပ်မယ်လို့ပေါ့။ ပြီးတော့ အရင်တစ်ခေါက်တုန်းက ရှုံးနိမ့်ခဲ့တဲ့ ဘဝနဲ့ မတူပဲ အခု ဘဝအသစ်ကို သူမဖွင့်လှစ်မယ်လို့ပေါ့။

သူမက ဒါရိုက်တာပြောတဲ့အတိုင်း ထိုင်ပြီး ကွေးလိုက်တယ်။ ဒီဟာက ဒီနေ့အတွက် သူမပါရမဲ့ ပထမဆုံးအခန်းပဲ။ သူမ အများဆုံးပါရမဲ့ အခန်းဆိုလဲ ဟုတ်တယ်။

သူမက ဘယ်သူမှ မဟုတ်ပါဘူး။ ရွှေရောင်ပိုးကောင်လေးတစ်ကောင်ပဲ ဖြစ်တယ်။

မျိုးဆက်တွေ အများကြီးပြောင်းလဲတာကို တွေ့မြင်ရတဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းကြီးမှာ သူမက အိပ်လျက် သဘာဝတရားရဲ့ အနှစ်သာရပေါ်မှာ အသက်ရှင်နေခဲ့တဲ့ ရွှေရောင်ပိုးကောင်ငယ်လေးတစ်ကောင်ပဲဖြစ်တယ်။

သူမက သူမနာမည်လဲ မသိဘူး။ သူမက ဘယ်လိုမျိုးလဲဆိုတာလဲ မသိဘူး။ သူမ သတိတရား ရလာပြီဆိုကထဲက သူမရဲ့ ပတ်ဝန်းကျင်က ​အရမ်း ရှုတ်ရှပ်ခတ်နေတယ်လို့ခံစားရတယ်။

" ချင်းချန် ကြည့်ဦး ဒီမှာ ဥလေး တစ်ခုရှိတယ်။ "

ချင်းရှောင်ယွီက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူရှာတွေ့တဲ့အရာလေးအကြောင်းကို မလှမ်းမကမ်းမှာ ရပ်နေတဲ့ မုချင်းချန်ကို လှမ်းပြောတယ်။ သူမက အဲ့ဥလေးကို လက်ညှိုးထိုးရင်း စိတ်ဝင်တစားပြောနေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now