အပိုင်း(၁၈၇) အိမ်မှာ ကြောင်တစ်ကောင်ရှိတယ်

3.1K 462 9
                                    

Unicode

" အင်း သွားပို့လာခဲ့တာ " ယန်ဟွမ်က ပဲစေ့လေးအတွက် နေရာတစ်ခုရှာပေးခဲ့တာ။ သူမ အပြင်ထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဒရမ်မာ သွားရိုက်လို့ရပြီ။

" သွားကြမယ် " ရီလင်းနဲ့ ယန်ဟွမ်တို့က ကိုယ့်ခရီးဆောင်အိတ်ကို သယ်လာကြတယ်။ ကုမ္ပဏီကကားက သူတို့ကို အပြင်မှာ စောင့်နေပြီလေ။ သူတို့ကားထဲကို ဝင်သွားပြီး လေဆိပ်ကို တိုက်ရိုက်သွားခဲ့ကြတယ်။ သူတို့ကနောက်နေ့ဒီအချိန်လောက်ထိ ရိုက်ကူးရေးအဖွဲ့ကစီစဥ်ပေးထားတဲ့ ဟိုတယ်မှာ နေမှာဖြစ်တယ်။

လုရိ အလုပ်ကနေပြန်လာတော့ သူ့အိမ်ရှေ့မှာ တစ်ခုခုရှိနေတာကို တွေ့လိုက်ရတယ်။ အဲ့တာနဲ့ သူအိမ်ရှေ့ကို အမြန်လျှောက်လာခဲ့တယ်။

မြေပြင်ပေါ်က အရာကို တွေ့လိုက်ရတော့ သူ့မျက်နှာဖြူဖျော့သွားတယ်။

" မြောင်... " ကြောင်က ခေါင်းကိုမော့လိုက်ပြီး ခေါင်းကိုလှုပ်ယမ်းခါလိုက်တယ်။ သူမလည်ပင်းမှာလဲ စာလေးတစ်စောင် ချိတ်ဆွဲထားတယ်။

" မြောင့်သခင်က ရိုက်ကူးရေးသွားတယ်။ မြောင့်မှာ သွားစရာနေရာမရှိတော့ဘူး။ အဲ့တာကြောင့် မြောင့်ကို အချိန်တော်တော်ကြာကြာလေးတော့ စောင့်ရှောက်ပေးထားပါ။ မြောင်က တစ်နေ့ကို အစာ၃နပ်စားပါတယ်။ ပြီးတော့ ရေသန့်ကိုသောက်ပါတယ်။ တစ်ပတ်ကိုတစ်ခါတော့ ငါးသေးသေးလေးတွေစားပါတယ်။ မြောင့်ရဲ့ အီးအီးတွေကို တစ်နေ့တစ်ခါ သန့်ရှင်းပေးရပါမယ်။ မြောင်က အသန့်ကြိုက်တယ်။ မြောင့်ကို ရေချိုးပေးလို့တော့ရပါတယ်။ ဒါပေမဲ့ မြောင့်အမွှေးတွေကို ပြောင်အောင်သုတ်ပေးရပါမယ်။ "

ကြမ်းပြင်ပေါ်မှာ ကြောင်စာထုတ်ရယ် ကြောင်ထည့်တဲ့ဗူးလေးရယ် ပြီးတော့ ပန်းကန်လုံးလေးတစ်လုံးရယ် ရှိနေတယ်။

သူ တံခါးကိုဖွင့်လိုက်ပြီး ကြောင်ကိုချီဖို့ ကုန်းလိုက်တယ်။

ပြီးတော့ သူပစ္စည်းတွေအကုန်လုံးကို အိမ်ထဲကို သယ်သွားခဲ့တယ်။ ကြောင်လေးက ဆိုဖာပေါ်ခုန်တက်သွားပြီး ဘောလုံးလေးတစ်လုံးလို့ ကွေးနေတယ်။ ကြည့်ရတာ သူမက ဒီနေရာမှာ အိပ်ရတာကို ကြိုက်တဲ့ပုံပဲ။ သူမကလုံးဝ ရှက်မနေဘူး။ ကြည့်ရတာ အိမ်၂ခုရဲ့ အပြင်အဆင်တွေက ဆင်တူတယ်နဲ့တူတယ်။ အဲ့တာကြောင့် သူမက သူမအိမ်မှာ နေရသလိုမျိုးပဲ နေနေတာပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now