အပိုင်း(၁၀၄)ကိုင်ရမလား မ​ကိုင်ရဘူးလား

4.8K 501 3
                                    

Unicode
ရီလင်းက လူကောင်းတစ်ယောက်ပါ။ တစ်ခါတစ်လေတော့ သူမက နည်းနည်းလေးလက်တွေ့မဆန်ဘူးဆိုပေမဲ့ သူမက ခိုင်မာတဲ့ ခံယူချက်တွေရှိတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ရီလင်းစိတ်အတိုဆုံးအချိန်က သူမကို ယောကျာ်းလေးလို ဆက်ဆံခံရတဲ့အချိန်နဲ့ သူမကို ရင်ဖတ်ပြားတယ်လို့အပြောခံရတဲ့အချိန်ပဲ။

အခုပုံကြည့်ရတာ ရီလင်းက ခုနက သူမပြောတဲ့ လူကောင်အကြီးကြီးနဲ့လူကို blacklist လုပ်ပစ်လိုက်ပြီထင်တာပဲ။

ရီလင်းက အကြာကြီး တိုင်တန်းပြီးတဲ့အချိန်မှာ သူမ အများကြီးပိုပြီးနေလို့ကောင်းလာတယ်။ ရုတ်တရက်သူမ ယန်ဟွမ့်ဆီတိုးလာပြီးတော့ ယန်ဟွမ့်ရင်ဖတ်ကို ကြည့်လိုက်တယ်။

" ဟွမ်ဟွမ် နင့်ရဲ့ လျှို့ဝှက်ချက်ကဘာလဲ။ ဘာလို့ နင့်ဟာကျ ဒီလောက်ကြီးနေရတာလဲ။"

ရီလင်းက ထပ်ကြည့်မှာ မဟုတ်ဘူး ကိုင်ကြည့်ချင်တယ်လို့ ပြောလာမှာစိုးတာနဲ့ ယန်ဟွမ်က သူမလက်နှစ်ဖက်နဲ့ သူမရင်ဖတ်ကို အသေကာထားလိုက်တယ်။ သူမကလဲ ခိုင်မာတဲ့ ခံယူချက်တွေရှိတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါနော်။

" နင်ငါ့ကို ဘာလို့အဲ့လိုကြီးကြည့်နေရတာလဲ။" ရီလင်းက နှုတ်ခမ်းဆူပြ​ီးပြောလိုက်တယ်။ " အရင်တုန်းကငါတို့အတူတူတောင် ရေချိုးဖူးသေးတာပဲ။ နင်လဲသိရဲ့သားနဲ့ကို။ "

" အင်းလေ။ ဒါပေမဲ့ အဲ့တာက ငါတို့ ကလေးလေးတွေတုန်းကလေ။ "

ယန်ဟွမ်က ဟိုဘက်ကို လှည့်လိုက်ပြီး ရေဆက်သောက်နေတယ်။

ရီလင်းက ခေါင်းကိုငုံ့လိုက်တယ်။ ပြီးတော့ သူမ အင်္ကျီကို မလိုက်ပြီး သူမ ရင်ဖတ်ကို ကြည့်လိုက်တယ်။ ပြီးတော့ စိတ်ဓာတ်ကျသွားတယ်။ ငါ့ရဲ့ ရင်ဖတ်ကသေးပြီး ရင်အုံကြွက်သားလေးနည်းနည်းရှိတယ်ဆိုပေမဲ့ တစ်ကယ်တော့ ငါက ဆွဲဆောင်မှုရှိပါတယ်။ အဲ့လိုဆိုရင်တောင် ငါက ယောကျာ်းမဟုတ်ဘူးလေ။ ငါက မိန်းကလေးလေ။

သူမ ယန်ဟွမ့်အခန်းထဲ တိတ်တိတ်လေးဝင်သွားပြီး ယန်ဟွမ့်ဂါဝန်လေးတွေကို ခိုးပြီးဝတ်ကြည့်မလို့လုပ်လိုက်တယ်။ မိန်းကလေးတွေပဲ ဂါဝန်ဝတ်တာလေ။ အဲ့တော့ ငါသာဂါဝန်ဝတ်ရင် နောက်ကျရင် ဘယ်သူက ငါ့ကို ယောကျာ်းလေးလို့ လာပြောရဲတော့မှာလဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now