အပိုင်း(၁၆၅) ငါးနှစ်တာအိမ်ထောင်ရေး

3.8K 523 5
                                    

Unicode

ရီလင်းက ခေါင်းခါလိုက်တယ်။ ဘယ်လောက်တောင် သတ္တိရှိလိုက်တဲ့ အမျိုးသမီးလဲ။ ပြီးတော့ သူမ ယန်ဟွမ့်ကို ဘာမှထပ်မပြောတော့ဘူး။

သူမ ယန်ဟွမ့်ကို ကောင်းကောင်းသိတယ်။ ယန်ဟွမ်က အတော်လေးကို ခေါင်းမာတဲ့ လူစားမျိုး။ ကံကောင်းစွာနဲ့ပဲ သူမအခြေအနေက တိုးတက်လာပြီး အချိန်မရွေးဆေးရုံဆင်းလို့ရပြီလို့ ဆရာဝန်က ပြောလို့ပေါ့။ မဟုတ်လို့ကတော့ သူမ ယန်ဟွမ့်ကို မေ့လဲအောင် လုပ်ပြီး ဒီမှာ အတင်းနေခိုင်းမှာ။

သူမတို့ဆေးရုံကနေ အမြန်ပဲ ဆင်းခဲ့ကြတယ်။ ဟဲရီပင်း ဆေးရုံမှာ round လှည့်တော့ သူတို့က ဆေးရုံကနေ ထွက်သွားနှင့်နေပြီ။

သူ လုရိကို ဖုန်းဆက်လိုက်တယ်။

" ဟေး လုရိ မင်းရဲ့ ကျေးဇူးရှင်လေးက ဆေးရုံကနေ ဆင်းသွားပြီကွ။ ငါမင်းကို ဆေးရုံစရိတ် ဘောက်ချာ လှမ်းပို့လိုက်မယ်။ "

" သိပြီ " လုရိက ဖန်းကျူနဲ့ ထမင်းစားနေတာဖြစ်တယ်။ သူဖုန်းချလိုက်တော့ သူမက စားလို့ပြီးနေပြီ။ သူမက လုရိကို ကြည့်လိုက်ပြီး အသံtone အသေကြီးနဲ့ ပြောလိုက်တယ်။ " ကျွန်မစားလို့ပြီးပြီ။ ကျွန်မ အတန်းသွားတော့မယ်။ "

သူမက အဲ့လိုပြောလိုက်ပေမဲ့ နေရာကနေတော့ မရွေ့ခဲ့ဘူး။

၁လုတ်၂လုတ်လောက်ပဲ စားရသေးတဲ့ အစားအသောက်တွေကို ကြည့်လိုက်ပြီး သူ မတ်တပ်ထရပ်ကာ အပေါ်အင်္ကျီကိုပဲ ပြန်ဝတ်လိုက်ရတော့တယ်။ သူမတ်တပ်ထတော့မှ ဖန်းကျူက ထိုင်ခုံကနေ ဖင်ကြွလိုက်တော့တယ်။

ဘာလို့လဲဆိုတော့ သူမက လုရိကို ပြန်လိုက်ပို့ပေးစေချင်တာမလို့လေ။

ဒါက ရည်းစားတစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်ပဲ။

ဒါပေမဲ့ သူက အစာကို ဘယ်တုန်းက နောက်ဆုံးစားခဲ့တာလဲဆိုတာ ကိုတောင် သူမမသိခဲ့ဘူး။ ဖြစ်နိုင်တာက သူမက သိတောင်မသိချင်ဘူးနေမှာ။ သူက မနေ့က တစ်နေကုန် အလုပ်လုပ်ခဲ့ရတာ။ ပြီးတော့ အစာတစ်လုတ်တောင် စားဖို့အချိန်မရလောက်တဲ့အထိ အလုပ်ရုပ်နေခဲ့တာ။ အဲ့တာကြောင့် သူ တစ်နေကုန် ဘာမှ မစားရသေးဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now