အပိုင်း(၁၈၂) ရုပ်ရှင်က နှစ်သစ်ကူးနေ့မှာ ရုံတင်မှာ

3.1K 503 3
                                    

Unicode
ဟွမ်မင်က ယန်ဟွမ့်အသံကို ကြားလိုက်ရတော့ မပြုံးပဲ မနေနိုင်ဘူး။

" ယန်ဟွမ် မင်းအတွက် သတင်းကောင်းရှိတယ်။ "

" သတင်းကောင်းက ဘာများလဲ " ယန်ဟွမ်က ဖက်ထုပ်ကို ဆက်လုပ်နေတယ်။ Divorced က မကြာခင်မှာ ရုံတင်တော့မှာများလား။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ရုံတင်ရမဲ့ ရုပ်ရှင်တွေ အများကြီးပဲ ရှိတာကို။ Divorced က နစ်သစ်ကူးပြီးတဲ့ အချိန်လောက်ထိတော့ စောင့်ရဦးမှာ။ အခုအချိန်က သူတို့ရုပ်ရှင် ရုံတင်ဖို့ အချိန်မကျသေးဘူး။

ရုပ်ရှင်က မကြာခင်ရုံတင်မှာတော့ မဟုတ်လောက်သေးဘူး။ သူမ ဖုန်းရဲ့တစ်ဖက်က သူ့ရဲ့ရယ်သံကို ကြားနေရတယ်။ ဒါပေမဲ့ သူက ရယ်နေတာလား ငိုနေတာလားဆိုတာတော့ သူမမသိဘူး။

" ယန်ဟွမ် Divorced က ရုပ်ရှင်အစည်းအရုံးကနေ ခွင့်ပြုချက်ရသွားပြီ။ ပြီးတော့ အဲ့တာကို တရုတ်နှစ်သစ်ကူးမတိုင်ခင် နှစ်သစ်ကူးနေ့မှာ ရုံတင်တော့မှာ။ တရုတ်နှစ်သစ်ကူးနေ့မှာ ရုံမတင်ဘူးဆိုပေမဲ့ ဒါက ငါတို့အတွက် သတင်းကောင်းပဲလေ။ အရင်တုန်းကဆိုရင် ငါ ဒါမျိုးကို စဥ်းတောင်မစဥ်းစားရဲဘူး။ "

" နှစ်သစ်ကူးနေ့? " ယန်ဟွမ်က လက်ပေါ်က ဂျုံမှုန့်တွေကွာကျသွားအောင် လက်ကို ပုတ်လိုက်တယ်။ တစ်ခုခုများမှားသွားတာလား။ ဒီကားက နှစ်သစ်ကူးနေ့မှာ ရုံတင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အားလုံးလဲသိကြတယ် နှစ်သစ်ကူးရုံးပိတ်ရက်နေ့တွေမှာ ပြတဲ့ရုပ်ရှင်တွေက ရုံဝင်ငွေကောင်းကြတယ်။ အထူးသဖြင့် ပထမဆုံး ပြတဲ့ ကားတွေပေါ့။ တရုတ်နှစ်သစ်ကူးမှာ ပြတဲ့ နှစ်သစ်ကူး နာမည်ကြီးရုပ်ရှင်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ပုံမန်အားဖြင့်တော့ အဲ့လိုရုပ်ရှင်တွေက နာမည်ကြီး ဒါရိုက်တာက ရိုက်ထားတာတို့ ဒါမှမဟုတ် နာမည်ကြီးစူပါစတားတွေ ပါဝင်သရုပ်ဆောင်ထားတာတို့ ဖြစ်တာ များတယ်လေ။ Divorced ကတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြရင်ပဲ ကောင်းနေပြီလေ။ ဘာလို့လဲဆိုတော့ Divorced က ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာလေ။

ဒါပေမဲ့ အဲ့တာက အခုနှစ်သစ်ကူးနေ့မှာ ရုံတင်မှာတဲ့လေ။ သူမ ရော ဟွမ်မင်ရော နားကြားမှားတာပဲနေမှာ။ ဒါမမဟုတ် ရုပ်ရှင်အစည်းအရုံးကပဲ မှားလုပ်လိုက်မိတာနေမှာ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now