အပိုင်း(၁၉၄)ဥာဏ်အကောင်းဆုံးအမျိုးသမီး

2.7K 417 7
                                    

Unicode
ဘုရင်မကြီးက အရမ်းကို ဥာဏ်ပညာကြီးမားပြီး ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူမရဲ့ IQ ကနန်းတွင်းထဲက တစ်ခြားအမျိုးသမီးတွေ အကုန်လုံးထက် ပိုမြင့်တယ်။ ပြီးတော့ သူမက အရာအားလုံးကို စောင့်ကြည့်နေခဲ့တာ။ သူမက နန်းတွင်းထဲမှာ အရမ်းကို အရေးပါတဲ့လူတစ်ယောက်ပဲ။ ပြီးတော့ အကောက်ကျစ်ဆုံး Final Boss ပဲ။

နန်းတွင်းထဲမှာ ဘယ်လောက်တောင် လန့်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ဖြစ် မင်းတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံက အမြဲရှိနေတယ်။ နန်းတွင်းထဲက မိန်းမတိုင်းက သူတို့ကိုယ်သူတို့ ဒီနန်းတွင်းထဲမှာ အနိုင်ရတဲ့ အောင်နိုင်သူကြီးလို့ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ သူတို့မသိတာက အမျိုးသားတွေက ခုံရုံးတွေမှာ ရန်ဖြစ်ကြပြီး အမျိုးသမီးတွေကတော့ တစ်ယောက်ကိုတစ်ယောက် နောက်ကျောဓားနဲ့ ထိုးကြတယ်ဆိုတာပဲ။

တစ်ကယ်တော့ ဒီထဲက တစ်ကယ့်အောင်နိုင်သူအစစ်က ဘုရင်မကြီးအပြင် ဘယ်သူမှမရှိဘူးဆိုတာ ဘယ်သူမှ မသိကြဘူးလေ။ သူမက ဒီနန်းတွင်းထဲမှာ တစ်ဦးထဲသော အာဏာအရှိဆုံး မိန်းမပဲ။

ယန်ဟွမ့်အမြင်အရတော့ ဒီဒရမ်မာထဲမှာ အံ့ဩစရာအကောင်းဆုံး အပိုင်းတွေက ကိုယ်လုပ်တော်တွေအပိုင်း မဟုတ်ဘူး။ ဘုရင်မကြီး အပိုင်းတွေပဲ။ သူမ ဇာတ်ညွှန်းကို ဖတ်လိုက်တဲ့အချိန်မာ စာရေးဆရာက အစပိုင်းမှာ ထီးနန်း အရိုက်အရာလုတဲ့ အကြောင်းကို ရေးထားတာကိုတွေ့ရတယ်။ ပြီးတော့ နောက်ပိုင်းမှာ သူက ဘုရင်မကြီးကိုပုံဖော်တဲ့နေရာမှာ အသေးစိတ်ရေးခဲ့တယ်။ သူမရဲ့ စကားလုံးတွေ လုပ်ရပ်တွေကို ပြောင်မြောက်စွာ ထူးခြားစွာ ရေးသားထားတယ်။

ဘုရင်မကြီးက ဒရမ်မာတစ်ခုလုံးမှာ တောက်လျှောက်ပါဝင်နေတယ်။ ဘယ်ကိုယ်လုပ်တော်ပဲ ဖြစ်ဖြစ် သူတို့က ဘုရင်မကြီးထက် scene မများဘူး။ သူတို့က ဒါကို မသိကြဘူးလေ။

အဲ့တာကြောင့် ဒါက သူမ ကိုယ်လုပ်တော်တွေထဲက တစ်နေရာကို မရွေးချယ်ပဲ ဘုရင်မကြီးနေရာကို ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now