အပိုင်း(၁၇၇) အပျင်းထူတဲ့မိန်းမ

3.5K 505 8
                                    

Unicode
အဲ့အချိန်မှာ လက်တစ်ခုက ထွက်လာပြီး သူမလက်ထဲက ရီမုတ်ကိုယူသွားတယ်။ သူက ခလုတ်တစ်ချို့ကို နှိပ်လိုက်တယ်။

TVမှာ ဝတုတ်တုတ်ကိုယ်ကြီးက ပြန်ပေါ်လာတယ်။ သူက ထွက်နေတဲ့ ဗိုက်ကို ဖုံးဖို့ရာအတွက် မျက်စိကျိန်းလောက်တဲ့ အဝတ်အစားတွေကို ဝတ်ထားတာလဲမဟုတ်ဘူး။ ပြီးတော့ သူ့ဆံပင်ကိုလဲ ဆီလိမ်းပြီး နောက်ပြန်လှန်ထားတာလဲမဟုတ်ဘူး။ သူ့မှာ အကောင်းစားဇိမ်ခံနာရီလဲ ရှိမနေသလို အကောင်းစားဖုန်းလဲ ရှိမနေဘူး။ ပြီးတော့ သူ့က နိုင်လိုမင်းထက်လုပ်တက်တဲ့ ဆိုးသွမ်းနေတဲ့ လူချမ်းသာလိုမျိုးလဲ သူ့လက်မှာလဲ လက်စွပ်တွေ အပြည့်နဲ့ဖြစ်မနေဘူး။

အဲ့အချိန်မှာ သူက ချောင်ချိနေတဲ့ အကျဥ်းထောင်ဝတ်စုံကို ဝတ်ထားတယ်။ သူက ထိပ်ပြောင်နေပြီး သူ့ရင်ဘတ်ရှေ့မှာ နံပါတ်ပြားတစ်ခုရှိနေတယ်။ သူက နာမည်အသစ်တစ်ခု မဟုတ်ဘူး ပြောရရင် သင်္ကေတ အသစ်တစ်ခု ရသွားတယ်။ ၉၅၂၇ တဲ့။
(TN: ၉၅၂၇ ဆိုတာက တရုတ်လိုဆို No ability , No seed ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့။ ဗန်းစကားလိုပေါ့။)

ချိန်ကိုက်ဗုံးလိုနံပါတ်ကိုရသွားတာပဲ။ ဒါက တမင်သက်သက်လား ဒါမှမဟုတ် ဒီတိုင်းတိုက်ဆိုင်သွားတာလားဆိုတာကိုတော့ ဘယ်သူမှမသိဘူး။

" သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြီးတော့ လောင်းကစားမှာ မသမာမှုတွေမျာ သံသယရှိလို့ အဖမ်းခံရတာ။ သူက ထောင်၁၀နှစ်လောက်တော့ ကျလောက်တယ်။ "

လုရိက ရီမုတ်ကို ယန်ဟွမ့်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။

ယန်ဟွမ် မျက်တောင်ခတ်လိုက်တယ်။ သူမ လုရိကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်တယ်။ ဒါက သူလုပ်လိုက်တာလား။ တစ်ကယ်လို့ သူမ မမေးဘူးဆိုရင် သူက ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့၂ယောက်က တစ်ယောက်ကို တစ်ယောက် နားလည်လိုက်ကြတယ်။ ဒီလိုအမြန်နှုန်းမျိုးကို လုရိတစ်ယောက်ပဲ လုပ်နိုင်မှာလေ။ ဒါက အရမ်းသေလောက်အောင်မြန်ဆန်ပြီး ခံစားချက်မဲ့တဲ့ လုပ်ရပ်ပဲ။

သူ့မျက်ခုံးတွေက မျက်မှောင်ကျုံ့ရက်ကြီးပဲရှိနေတယ်။ သူ့နဖူးထက်က ဆံပင်တွေက သူ့မျက်လုံးကို နည်းနည်းအုပ်နေတော့ သူ့ရဲ့အေးစက်တဲ့မျက်လုံးတွေကို ဖုံးလိုက်သလိုဖြစ်နေတယ်။ သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့ထားပြီး သူ့ကြည့်ရတာ အနည်းငယ် နှလုံးသားမဲ့တဲ့ပုံပေါက်နေတယ်။ တစ်ကယ်တော့ သူက အဲ့လိုမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတစ်ယောက်ကို သူတို့ရဲ့ အပြင်ပိုင်းရုပ်သွင်ပြင်ကို ကြည့်ပြီး အကဲဖြတ်လို့မရဘူးဆိုတာ တစ်ကယ်မှန်တာပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now