အပိုင်း(၁၅) ငယ်ရွယ်မှုက အရာအားလုံးပဲ

5.9K 783 2
                                    

Unicode
ဘယ်သူကမှ သူမကို ဒီအတိုင်း လူကြည့်လို့လှအောင် ထပ်ထည့်လိုက်တဲ့ လူတစ်ယောက်ထက်ပိုပြီး ဘာမှ ထပ်မတွေးကြဘူး။

" မင်း ဟုတ်တယ် မင်း " ဒါရိုက်တာက မျက်လုံးနဲ့ ပတ်ဝန်းကျင်ကို ရှာလိုက်ပြီး သူမဆီကို လက်ညှိုးထိုးလိုက်တယ်။ သူက သူမရဲ့ နာမည်ကိုတောင် မမှတ်မိဘူး။

ယန်ဟွမ် သူမကိုယ်သူမ လက်ညှိုးပြန်ထိုးလိုက်တယ်။ ဒါရိုက်တာက ငါ့ကိုပြောနေတာလား။

" ဟုတ်တယ် မင်း... မင်းနာမည်ကဘယ်လိုခေါ်လဲ ထပ်ပြောဦး။ " အဲ့ကျတော့မှ  သူမနာမည်ကို တစ်ခါမှ မကြားဖူးဘူးဆိုတာကို ဒါရိုက်တာက သတိရသွားတယ်။ သူ မမေးခဲ့ဖူးတာလား ဒါမှမဟုတ် မေးပြီးနာမည်ကို မမှတ်မိတာလား။ ဒါပေမဲ့ အရေးတော့ မကြီးပါဘူး။ သူမနာမည်ကို မသိတာတော့ မသိတာပဲလေ။

" ကျွန်မ နာမည်က ယန်ဟွမ်ပါ ဆရာ " ယန်ဟွမ်က ပြုံးပြီး ပြန်ဖြေလိုက်တယ်။ သူမနာမည်ကို မသိလို့ လုံးဝ စိတ်အနှောင့်အယှက် ဖြစ်မသွားဘူး။ သူမက အရင်အောင်မြင်တုန်းကတောင် ကြိုးစားပြီး ရိုကျိုးတဲ့ ပုံစံမျိုးလေ။ အခုလိုဆိုပိုဆိုးပေါ့။

" ဟုတ်သားပဲ ယန်ဟွမ် " ဒါရိုက်တာက ပြန်ပြောတယ်။

" ဟုတ်ပြီ " သူ့နားမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ဆွဲလိုက်ပြီး ​" သူမကို သွားပြင်ပေးသွား။ မိတ်ကပ်ရယ် အဝတ်အစားရယ် အဆင်သင့်ဖြစ်အောင်။ ခဏနေ သူမအပိုင်းလာတော့မှာ။ " လို့ပြောလိုက်တယ်။

မကြာလိုက်ဘူး။ ယန်ဟွမ်ကို အဝတ်အစားလဲခန်းထဲကို ခေါ်သွားတယ်။ အဲ့မှာ အသက်၃၀အရွယ် ယောက်ျားတစ်ယောက်ရှိနေတယ်။ သူက မျက်မှောင်ကျုံ့ရင်း တစ်ခုခုကို ဝါးနေတယ်။ သူက မိတ်ကပ်ပညာရှင်တစ်ယောက်ဆိုတာ ဖော်ပြနေတယ်။

ကြည့်လိုက်ရင်တော့ မိန်းမဆန်သလိုပဲ။ ဒါပေမဲ့ သူက ကြွက်သားတွေကိုတော့ ထိန်းထားနိုင်တယ်။

" မစ္စတာယွဲ့ ဒါကယန်ဟွမ်ပါ။ ရွှေရောင်ပိုးကောင်လေးနေရာကသရုပ်ဆောင်မှာလေ။ " ယန်ဟွမ်ကိုခေါ်လာတဲ့ တစ်ယောက်က ရှင်းပြနေတယ်။ " ဒါရိုက်တာကြီးက သူ့ကို ပြင်ပေးလိုက်တော့လို့ပြောပါတယ်။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now