အပိုင်း(၃၄) အနုပညာလောက

5.3K 659 3
                                    

Unicode
သူမ ရေချိုးခန်းထဲဝင်သွားပြီးတော့ မျက်နှာသစ်လိုက်တယ်။ ပြီးတော့ သူမရဲ့ မျက်လုံးအောက်က အညိုကွင်းတွေကို မိတ်ကပ်နဲ့ ဖုံးထားလိုက်တယ်။ ရီလင်းတွေ့ရင် လန့်မသွားအောင်လို့ပေါ့။ မဟုတ်လို့ကတော့ သူမပုံစံကို ရီလင်းတွေ့သွားတာနဲ့ သရဲအပူးခံရတာလားဆိုပြီး တွေးနေတော့မှာ။

သူမထွက်လာတော့ ရီလင်းက တစ်ကယ်နိုးနေပြီ။ သူမက ဖုန်းကို ကိုင်ထားရင်း တစ်ခုခုကို ရှာနေတယ်။ သူမရဲ့ လက်ချောင်းတွေက ဖုန်းမျက်နှာပြင်ပေါ်ကို နှိပ်နေတယ်။ ယန်ဟွမ်ကတော့ မီးဖိုချောင်ကိုသွား၊ အေပရွန်ကို ဝတ်ပြီး မနက်စာ စပြင်တော့တယ်။ သူမတို့က အခုတလော လုပ်စရာ အလုပ်မရှိဘူး။ အရင်တုန်းက ရီလင်း ယူလာပေးတဲ့ အလုပ်တစ်ချို့တော့ရှိတာပဲ ။ ဒါပေမဲ့ အခုအဲ့ဒါတွေအကုန်လုံးကို ယန်ဟွမ်က ငြင်းလိုက်တယ်။

ဒီရက်တွေမှာ သူမ ကောင်းကောင်းအနားယူပြီး သူမရဲ့ အားအင်တွေ ကိုပြန်ဖြည့်ရမယ်။ ဘာလို့ဆို တီဗွီ ဒရမ်မာ တစ်ခုက စရိုက်တော့မှာလေ။ အဲ့ဒီ့ အခွင့်အရေးကို သူမ စောင့်နေတာကြာပြီ။ အဲ့ဒီ့ကားနဲ့ သူမ လုံးဝပေါက်သွားမှာတော့ မဟုတ်လောက်ပေမဲ့ အရင်တုန်းက လုပ်သလို ဖြတ်လျှောက်တော့ ထပ်မလုပ်ရလောက်တော့ဘူး ထင်တာပဲ။

ဒါပေမဲ့ သူမ အရင်ဦးဆုံး သန်မာအောင်လုပ်ရမယ်။

ရုပ်ရှင်ရိုက်ရတာက အရမ်းပင်းပန်းတယ်။ သူမ အခုထက်တော့ပိုပြီး ကျန်းမာရေးကောင်းရင် ကောင်းမယ်။

" ဟွမ်ဟွမ် 'The story of supernatural chivalrous world' က မနက်ဖြန် စပြမှာ ဟုတ်တယ်မလား " ရီလင်းက အပြင်ကနေ လှမ်းပြောတယ်။

ယန်ဟွမ် စဉ်းစားလိုက်ပြီး " အင်း ဟုတ်မယ်ထင်တယ်။ " သူမ ရုပ်ရှင်ရိုက်ရတာနဲ့ အလုပ်များနေတော့ အဲ့တာကို သိပ်ပြီး အာရုံမစိုက်မိဘူး။ သူမက ဇာတ်လမ်းအတွက် သိပ်ပြီး စိတ်မလှုပ်ရှားပါဘူး။ ဘာလို့ဆို သူမက ဇာတ်ကောင်သေးသေးလေးပဲကို။

သူမသရုပ်ဆောင်တဲ့ ရွှေရောင်ပိုးကောင်လေးက တစ်ကားလုံးမှ ၂ခန်းပဲပါမှာလေ။ တစ်ခန်းက သူမ နိုးလာတဲ့အခန်း၊ နောက်တစ်ခန်းက သေမဲ့အခန်းလေ။ ပြသချိန်ကလဲ ၃မိနစ်ထက် မပိုဘူး။ စုစုပေါင်းပြောရတဲ့စာသားကလဲ ၅ကြောင်းတောင်မရှိဘူးလေ။ ဒီဒရမ်မာ တီဗွီမှာလွှင့်ရင်တောင် သူမက ဇာတ်ကောင်သေးသေးလေး ဆိုတော့ လူတွေက သတိထားမိကြမှာ မဟုတ်ပါဘူးလေ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now