အပိုင်း(၁၅၁) သူမတော်တာ မလုံလောက်သေးဘူး

3.8K 466 4
                                    

Unicode
" ငါတို့ ပိုက်ဆံတွေရလာပြီ " ရီလင်းကပြောပြီး သူမလက်ထဲက ကဒ်ကို နမ်းလိုက်တယ်။ သူတို့အတွက်တော့ ယွမ်၂သောင်းဆိုတဲ့ ပိုက်ဆံက အများကြီးပဲ။

ယန်ဟွမ်က ခေါင်းကို ငုံ့လိုက်ပြီး ပဲစေ့လေးခေါင်းကို သူမ လက်ချောင်းလေးတွေနဲ့ ညင်သာစွာပွတ်ပေးနေတယ်။ ပဲစေ့လေးက သူမသခင်ရဲ့ လက်မောင်းထဲမှာ ငြိမ်ငြိမ်လေးလှဲနေတယ်။ သူမက မြောင်လို့ အော်ဖို့တောင် ပျင်းနေရာတယ်။

သူတို့နားဖို့ အချိန်တောင်မရှိဘူး။ အခု စတူဒီယိုကို သွားတဲ့ လမ်းကို ရောက်နေပြီ။

ယန်ဟွမ်က ဖိနပ်ကိုချွတ်လိုက်ပြီး ကားခုံပေါ်ကို ခြေထောက်ကို တင်လိုက်တယ်။ မနက်ခင်းက တွေ့ဆုံမှုကို သူမ ပြန်မတွေးဘဲမနေနိုင်ဘူး။ ဒါက သူတို့ရဲ့ မကောင်းတဲ့ ရေစက်လား ဒါမှမဟုတ် တစ်ခြားတစ်ခုခုလားဆိုတာ သူမ မသိတော့ဘူး။

ကားက မြန်မြန်နဲ့ ချောမွေ့စွာသွားနေတယ်။ သူမ ခဏလောက်ပဲတွေးပြီး အိပ်ပျော်သွားတယ်။ သူမ နိုးလာတော့ လုံးဝမေ့သွားပြီး မအိပ်ခင်က ဘာတွေးခဲ့တာလဲဆိုတာ မသိတော့ဘူး။

သူမတို့ရောက်တော့ နေ့လည်ခင်းရောက်နေပြီ။

သူမ လက်ထဲမှာ ပဲစေ့လေးကို ပွေ့ထားပြီး စတူဒီယို ထဲကို သွားလိုက်တယ်။ ရိုက်ကူးရေး ဘယ်လိုဖြစ်နေပြီလဲဆိုတာ သူမ သိချင်တယ်။ တစ်ခြားသူတွေ သရုပ်ဆောင်တာကို ဘေးကနေကြည့်ရင်းနဲ့လဲ သူတို့ဆီကနေ သင်ယူနိုင်တယ်။

သူမ မရှိတဲ့အချိန်အတွင်းမှာ ရိုက်ကူးရေးက ကောင်းကောင်းဆက်သွားနေခဲ့တယ်။ ဝိန်သုန်းနီက စတူဒီယိုကနေ ထွက်သွားခဲ့တယ်။ သူမက လျန်ချန့်ကို အပြစ်လုပ်မိတယ်ဆိုမှတော့ နောက်ဆိုရင် လျန်ချန်ရှိတဲ့နေရာမှန်သမျှ သူမ ရှောင်သွားရတော့မယ်။ တင်းမင်ကလဲ စတူဒီယိုကနေ ထွက်သွားခဲ့တယ်။ မဟုတ်လို့ရှိရင် ယန်ဟွမ်က သူ့ကို နေ့တိုင်း လူပြက်လို သရုပ်ဆောင်ခိုင်းတော့မှာ။

Journey to Fairylandက ကြည့်ရှုနှုန်း မြင့်တဲ့အတွက်ကြောင့် စတူဒီယိုထဲက လူတိုင်း အားအင်အပြည့်နဲ့ ဖြစ်နေကြပြီး ရိုက်ချက်တိုင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် စိတ်ဓာတ်တွေကို မြင့်တင်နေကြတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now