အပိုင်း(၁၃၄) အရမ်းရွံဖို့ကောင်းတယ်

4.4K 461 4
                                    

Unicode
ဂူထဲမှာတော့ ယန်ပေါရွှမ်နဲ့ ကွမ်ယွဲ့ရှင်းတို့ဟာ ဘာမှမလုပ်ပဲ ထိုင်ပြီး စကားပြောစနောက်နေကြတယ်။ သူတို့ပထမဆုံး တွေခဲ့တဲ့အချိန်တုန်းကလိုပေါ့။

" မမချင်းယောင် မျက်နှာက တင်းမာပြီး ကြောက်စရာကောင်းတယ်နော် " ကွမ်ယွဲ့ရှင်းက နှာခေါင်ရှုံ့လိုက်ရင်းပြောတယ်။

ယန်ပေါရွှမ်က လက်ကိုထုတ်လိုက်ပြီး ကွမ်ယွဲ့ရှင်းရဲ့ ဆံပင်ကို ဖွလိုက်တယ်။ " သူမက တစ်ကယ်တော့ အရမ်းသဘောကောင်းတဲ့ လူတစ်ယောက်ပါ။ ငါတောင်ထိပ်ကို စရောက်တဲ့အချိန်ကစပြီး သူမကပဲ ငါ့ကိုကြည့်ရှုပေးခဲ့တာ။ ငါထင်တာတော့ သူမက မင်းရဲ့ အရာရာကို အလေးမထားတက်တာကိုသဘောမကျတာပဲနေမှာ။ မင်းက တအား အဆော့သန်ပြီး အရိုအသေမှမရှိတာ။ "

" ဘယ်သူကလဲ  ညီမကလား " ကွမ်ယွဲ့ရှင်းက ခံပြင်းနေတယ်။ သူမက မိန်းမကောင်းလေးဟာကို။ ဘယ်တုန်းကများ သူမက အဆော့သန်ပြီး အရိုအသေမရှိလို့လဲ။ ပြီးတော့ ပြောရရင် ကျင့်ကြံခြင်းလမ်းစဥ္က အရမ်းကို သေလောက်အောင် ပျင်းစရာကောင်းတဲ့ဟာကြီးကို။ အဲ့တာက ဘဝကြီးကိုအလဟဿဖြုန်းတီးနေတာမဟုတ်ဘူးလား။

" ဟင်းးးး တစ်ယောက်ယောက်က ညကြီးသန်းခေါင်မှာလေ မကောင်းဆိုးဝါးဟန်ဆောင်ပြီး ငါ့ကိုလာခြောက်တာကို သတိရလိုက်သလိုပဲ။ အဲ့တာ ဘယ်သူပါလိမ့် ..... ပြန်စဥ္းစားလိုက်ပါဦးမယ်။ " ယန်ပေါရွှမ်က ကွမ်ယွဲ့ရှင်းရဲ့ခုခံတဲ့စကားကို တွင်းတစ်ခုတူးပြီးဖြိုခွဲလိုက်သလိုပဲ။ သူက အခု သူမကို စနေတာပါပဲ။ ဒါပေမဲ့ ဒီကလေးမလေးက တစ်ကယ်ပဲ ခန့်မှန်းလို့မရဘူး။ ပြီးတော့ အရိုအသေလဲမရှိဘူး။ သူမကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်နေတဲ့လူအားလုံးကို သူအပြစ်မတင်ပါဘူး။

သူတို့၂ယောက်က အသိသာကြီးကို တစ်ယောက်နဲ့တစ်ယောက် သက်တောင့်သက်သာရှိနေကြတာပဲ။

မီးပုံလေးတစ်ခု.... ရယ်မောသံတွေ.... ပြီးတော့ ချစ်ခြင်းတရားတွေဖူးပွင့်လာတော့မယ့် အရိပ်အယောင် ဝိုးတဝါးလေးရယ်.....

ကင်မရာက Zoom ချဲ့လိုက်တယ်။

ဒါရိုက်တာက ငြိမ်သက်စွာနဲ့ပဲ monitor ကို ကြည့်နေတယ်။ ချင်းယောင်ရဲ့ လက်တစ်ဖက်က ကျောက်တုံးဂူနံရံမှာ ရှိနေပြီး ဂူးအပြင်မှာ ရပ်နေခဲ့တယ်။ သူမက နံရံပေါ်ကနေ ကွာကျလာတဲ့ ကျောက်တုံးတွေက လက်နဲ့ ရက်ရက်စက်စက် ချေမွနေခဲ့တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now