အပိုင်း(၃၃) အဆိုးဝါးဆုံးနာကျင်မှု

5.3K 682 1
                                    

Unicode
" နင်မစားချင်ပေမဲ့ ငါကတော့ နဲနဲလောက်ပိုပြီးစားချင်သေးတယ်။ ငါ သွေးလှည့်ပတ်အားကောင်းအောင် နဲနဲပိုစားဖို့လိုတယ်ဟ။ "

ယန်ဟွမ်က အင်္ကျီလဲဖို့ပြင်လိုက်တယ်။ တစ်ကယ်တော့ သူမ အပြင်မထွက်ချင်ပါဘူး။ ဒါပေမဲ့လဲ ရီလင်းဗိုက်ဆာနေတာ သူမသိတယ်။ အရင်ဘဝတုန်းက သူမ ရီလင်းအပေါ် တစ်ခါမှ မကောင်းဖူးဘူး။ အခုတော့ သူမ မှားခဲ့တယ်ဆိုတာ သိနေပြီပဲ။ ရီလင်းလိုချင်တာ တစ်ခုခု ရှိနေသမျှ သူမ အကုန် ဖြည့်စည်းပေးမှာပဲ။ ပြီးတော့ သူမကို နောက်ပြန်လှည့်မရတဲ့ လမ်းကိုနောက်တစ်ခေါက်လျှောက်ခိုင်းတော့မှာမဟုတ်ဘူး။

" အဲ့တာလဲ ဟုတ်တာပဲ။ " ရီလင်းက ပြောလိုက်တယ်။ အမြဲ အဲ့အတိုင်းပဲ ရီလင်းစိတ်က တစ်ခုပဲ တွေးတက်တာဆိုတော့လေ။ " နင်ကျန်းမာအောင်လုပ်ဖို့လိုတယ်။ ငါ့ကိုခဏစောင့် အင်္ကျီသွားလဲလိုက်ဦးမယ်။ "

ခဏကြာတော့ သူမတို့ စားသောက်ဆိုင်ကိုရောက်သွားတယ်။ အိမ်မှာရှိတဲ့ ဟင်းချက်စရာတွေကိုတော့ မပုပ်သိုးအောင်လို့ ရေခဲသေတ္တာထဲကို သိမ်းထားခဲ့လိုက်ကြတယ်။ မနက်ဖြန် ယန်ဟွမ် နေကောင်းလာတဲ့နေ့ကျမှ ချက်စားကြမှာပေါ့။

သူတို့ ဟင်းပွဲ တော်တော်များများကို မှာခဲ့ကြတယ်။ ရီလင်း အကြိုက်ဆုံး ဝက်သားနှပ်ကတော့ မပါမဖြစ်ပေါ့။ ရီလင်းက တစ်ကယ် အသားစားသတ္တဝါကြီးပဲ။ သူမ အသားစားရတာကိုအကြိုက်ဆုံးပဲ။ သူမ အရင်တုန်းကတော့ အမေယန် ချက်ပေးတဲ့ ဝက်သားနှပ်ကိုကြိုက်တာ အခုတော့ ယန်ဟွမ် ချက်ပေးတာကို အကြိုက်ဆုံးဖြစ်နေပြီ။

" နင်ချက်တာလောက် မကောင်းဘူး။ " သူမ တစ်ကိုက် ကိုက်ပြီး စဝေဖန်တော့တယ်။ " နင်ချက်ပေးတာလောက်လဲ မနူးညံ့ဘူး၊ နင်လုပ်ပေးတာလောက်လဲ အရောင်မလှဘူး။ ကြည့်ဦး နင့်ဟာလောက် အရသာမရှိဘူးဟ။ ဟွမ်ဟွမ် ငါ့အထင်လေ နင် မင်းသမီး မလုပ်ဘဲနဲ့ စားဖိုမှူးလုပ်စားရင်တောင် အောင်မြင်လောက်မှာဟ။ အဲ့တာဆို အနဲဆုံးတော့ ငါတို့ ဗိုက်ဆာပြီး သေမှာကို စိုးရိမ်စရာမလိုတော့ဘူး။ ပြီးတော့ နေ့တိုင်းလဲ အသားစားရမှာလေ။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now