အပိုင်း(၇) သူမ ပြန်မွေးဖွားလာပြီ

8.5K 902 7
                                    

Unicode
ယန်ဟွမ် မျက်လုံးတွေကိုဖွင့်လိုက်တော့ မီးမှိန်မှိန်လေးထွန်းထားတဲ့ အခန်းထဲမှာ ရောက်နေမှန်းသိလိုက်ရတယ်။ သူမ ထထိုင်လိုက်ပြီး အသက်ကို ဖြေးဖြေးချင်းရှူထုတ်လိုက်တယ်။ ပြီးတော့မှ ၁၀မီတာ ပတ်လည် အခန်းလေးကို လင်းဖို့ရာ အတွက် မီးဖွင့်လိုက်တယ်။ အခန်းက အလှဆင်ထားတယ်ဆိုတာတယ်ဆိုတာ မရှိသလောက်ပဲ။ နံရံအဖြူပေါ်က ဆေးတွေတောင်ကွာကျနေတယ်။

သူမ ခြေထောက်လေးကိုကွေးလိုက်ပြီး ခေါင်းကို ဒူးခေါင်းပေါ်မှာ တင်ထားလိုက်တယ်။ ခဏကြာတော့မှ သူမ အခန်းကို သေချာပြန်ကြည့်မိတယ်။ သူမနဲ့သူမအမေတို့နေခဲ့တဲ့ ဒီအခန်းသေးသေးလေးကို သူမမရောက်တာကြာလှပြီ။ နောက်ဆုံးရောက်ခဲ့တာ ဘယ်တုန်းကမှန်းတောင် မသိတော့ဘူး။

သူမ ပြန်ရောက်လာပြီ။ အချိန်တွေက ဒီအခိုက်အတန့်လေးမှာပဲ ရပ်တန့်နေသလိုပဲ။ ဒါပေမဲ့ သူမ ဘဝကို တစ်ကယ် ပင်ပန်းစိတ်ကုန်နေပြီဆိုတာ သူမကိုယ်တိုင်ပဲသိတယ်။

ဒါတွေက ဒဏ္ဍာရီလိုပဲ။ သူမပြန်မွေးဖွားလာတယ်တဲ့။ သူမကိုယ်တိုင်မကြုံရဘူးဆိုရင် ယုံမှာတောင်မဟုတ်ဘူး။

ဒါပေမဲ့ သူမ အရင်ဘဝမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဟုတ်တယ် အရင်ဘဝ ဖြစ်သွားပြီ။ ဘာတွေဖြစ်ခဲ့မှန်းတော့မသိပေမဲ့ သူမသိတာက........ သူမကတော့ သေသွားခဲ့ပြီ။

ပြီးတော့ သူမသိတာက လုချင်းလဲ သူ့ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနိုင်မှာ မဟုတ်ဘူးဆိုတာပဲ။ ဘာပဲပြောပြော သူမရဲ့ သေဆုံးမှုက သံသယဝင်စရာကောင်းတာကိုး။ ပြီးတော့ လုရိက ဒီလောက် ထက် မြက်တာ ဒီကိစ္စကို သူသေချာ စုံစမ်းမှာပဲ။

အခုချိန်အထိကို သူမ ပြန်မွေးဖွားလာတယ်ဆိုတာကိုမယုံရဲသေးဘူး။ သူမကအခုမှ အနုပညာလောကထဲစဝင်ခါစ အချိန် သတ္တိရှိပြီး ရည်ရွယ်ချက်ခိုင်မာတဲ့အချိန် အသက်၂၀အရွယ်ကို ပြန်ရောက်လာခဲ့ပြီ။

ဒါပေမဲ့ တစ်ခုပဲ အခုက သူမကို ကြိုက်တဲ့သူ သိပ်မရှိသေးတော့ သူမ ရနိုင်မဲ့ နေရာတွေက အရံသရုပ်ဆောင်နေရာလေးတွေ ဒါမှမဟုတ် ဖြတ်လျှောက်နေရာတို့ပေါ့။ တစ်ခါတစ်လေ သူမစားဝတ်နေရေးအတွက်တောင် ပိုက်ဆံမရဘူး။ လူတွေက သရုပ်ဆောင်ဆိုတာ အရမ်းကို ပြည့်စုံပြီး အရမ်းအားကျရတဲ့ ကောင်းချီးပေးခံထားရတဲ့သူတွေလို့ ထင်တက်ကြတယ်။ တစ်ကယ်တမ်းက အဲ့လိုကြီးပဲ မဟုတ်ပါဘူး။ ရာသီဥတုဘယ်လောက်ဆိုးဆိုး အမြဲတမ်းနာရီတစ်ခုလို အလုပ်လုပ်နေရတယ်။ အပြင်မှာတော့ စတားတစ်ယောက်လို နေထိုင်ရပြီး တစ်ကယ့်လက်တွေ့ဘဝမှာတော့ ဒီလို နုံချာတဲ့ အိမ်မျိုးမှာနေထိုင်ပြီး အသင့်စား အစားအစာတွေပဲစားရတယ်။ တစ်နေ့တစ်နေ့ မနည်းကို ပြီးဆုံးအောင်လုပ်ကိုင်နေကြရတယ်။ပြီးတော့ အဆိုးဆုံးကတော့ သူမလိုပေါ့။ နောက်ခံမရှိ အောင်မြင်မှုမရှိတဲ့သူမျိုးတွေပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now