အပိုင်း(၉၄)ထွက်ပြေးခြင်း

5K 609 8
                                    

Unicode
သူမက အမြဲတမ်း လက်တွေ့ဘဝကို မှန်မှန်ကန်ကန် နဲ့ပဲ ဖြတ်သန်းချင်ခဲ့တာ။

ထိပ်ဆုံးမှာက အထီးကျန်တယ်။ ဒါပေမဲ့ အောက်ခြေမှာ ဆိုရင်လဲ သူမကသေအောင်အနင်းခံရမှာ။

ထပ်ပြီး သူမ မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒါပေမဲ့ သူမ ဆုပ်ကိုင်ထားတာကိုတော့ မလွှတ်သေးဘူး။

" သူမ ဘယ်အချိန်လောက် သတိရမှာလဲ။ " လိန့်ချင်းရိက အချိန်အကြာကြီး စောင့်နေခဲ့တာ။ သူက သူမရဲ့ လက် မှတ်ကို တောင်းဖို့ စာအုပ်တွေ တစ်ထပ်လိုက်ကြီးတောင် ယူလာခဲ့ရတာ။ ဒါပေမဲ့ သူမကတော့ အခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ မထိုးပေးရသေးဘူး။

သူက အရှေ့ကို တိုးပြီး ယန်ဟွမ့်ရဲ့ မျက်နှာကို လက်နဲ့ ထိုးကြည့်လိုက်တယ်။ " မင်းထလာပြီး ငါ့ကို လက် မှတ်ထိုးပေးလို့မရဘူးလား။ "

သူနောက်တစ်ခါ ထပ်ထိုးမလို့လုပ်တော့ လုရိဆီကနေ သတိပေးတဲ့ အကြည့်တစ်ချက်ရလိုက်တယ်။ သူ ခပ်မြန်မြန်ဘဲ လက်ကို ပြန်ရုတ်ပြီး သူ့ရဲ့ ဖိနပ်အကြီးကြီးနဲ့ ဘေးမှာ ရပ်လိုက်တယ်။ ပြီးတော့ လုရိရဲ့ လက်ထဲကို စာအုပ်အပုံလိုက်ကြီး ပစ်ထည့်လိုက်တယ်။

" ဘာပဲဖြစ်ဖြစ် ဒါတွေအကုန်လုံးက ငါ့အမေအတွက် လက် မှတ်ထိုးပေးဖို့ပဲ။ ဒါလေးကို ဒီအထိ ကားမောင်းပို့ပေးရတဲ့ အတွက် ပြန်ပေးတာလို့ သဘောထားလိုက်။ မင်းတို့ ဒီကို မြန်မြန်ရောက်အောင်လို့ ငါလမ်းမှာ မီးနီတွေ တော်တော်များများ ဖြတ်မောင်းခဲ့ရတာ။ ငါအခု အိမ်ပြန်တော့မယ်။ မင်းဟာမင်း ဒီမှာနေခဲ့တော့။ "

သူက ခြေထောက်ကို လှည့်လိုက်ပြီး ရန်လိုတဲ့ပုံစံကြီးနဲ့ ပလတ်စတစ်ဖိနပ်ပါးကို ခြေထောက် မှာ စီးပြီး ထွက်သွားတယ်။

လုရိက စာအုပ်တွေကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ ပြီးတော့ အခုထိ မျက်လုံးတွေ မှိတ်နေသေးတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ အဲ့တာပြီးတော့ သူ အနောက်ကို လှည့် တံခါးကို ဖွင့်ပြီး အပြင်ကိုထွက်သွားတယ်။ အားလုံး တိတ်ဆိတ်သွားတော့ ယန်ဟွမ်က သူမတစ်ယောက်ထဲကျန်တော့တယ်ဆိုတာကို သိလိုက်ရတယ်။ အဲ့ကျမှ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now