အပိုင်း(၂၇) သူမရဲ့ မျက်နှာက ယောင်ကိုင်းနေတာပဲ

5.5K 744 8
                                    

Unicode
ယန်ဟွမ်က အခုမှ သရုပ်ဆောင် အသစ်ကလေးပဲ ရှိသေးတာလေ။ ဒီရိုက်ကွင်းထဲက ထွက်သွားရင် သူမဘယ်သူဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဝိန်သုန်းနီက သူမကို တစ်ကယ်ကြီး ပါးရိုက်ချလိုက်တာပေါ့။ သေချာတာပေါ့ အရမ်းလဲနာတယ်။

သူမရဲ့ အရင်ဘဝတုန်းကလဲ ယန်ဟွမ်က ဝိန်သုန်းနီ ဆီကနေ အကြိမ်​ပေါင်းများစွာ ပါးရိုက်ခံရဖူးတယ်။ အဲ့တာပြီးတော့ သူမ မျက်နှာကြီး အရမ်းယောင်ကိုင်းနေလို့ သူမတို့ အကြီးအကျယ် ငြင်းခုံပြီး ပြဿနာဖြစ်ခဲ့ကြသေးတယ်။ သူမ နာမည်ကြီးလာတဲ့ အချိန်မှာတော့ ဒါတွေက ​လူသိမခံနိုင်တဲ့ အကြောင်းအရာတွေဖြစ်လာတယ်။

ဒီဒရမ်မာ ကြောင့်မို့လို့ သူမ လူမုန်းများစေမဲ့ ကောလဟာလတွေထွက်ပြီး အချိန်အတော်ကြာတဲ့အထိ သရုပ်ဆောင်ဖို့ နေရာမရခဲ့ဘူး။ အဲ့တာကြောင့်ပဲ သူမ အနုပညာလောကထဲကနေ နှင်ထုတ်ခံရမလိုတောင်ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူမ အဲ့လိုအဖြစ်ခံမှာမဟုတ်ဘူး။

ဝိန်သုန်းနီက လက်ကို ထပ်မြှောက်လိုက်ပြီး သူမကို ပါးမရိုက်ခင်မှာပဲ ဒါရိုက်တာက အော်လိုက်တယ်။

" ကဒ် ရပြီ ကောင်းတယ်။ နောက်တစ်ခန်းဟေ့။ "

ယန်ဟွမ်က မျက်လုံးကို အောက်စိုက်ချလိုက်တယ်။ သူမ ပါးစပ်ထောင့်က အပေါ်ကွေးသွားတာကို ဖုံးလိုက်တယ်။

ဝိန်သုန်းနီ ငါ ဒီတစ်ခေါက်တော့ ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ နင့်ဆီမှာ ခံမှာ မဟုတ်တော့ဘူး။ သူ့နေ့နဲ့ သူဆိုတာရှိတယ်။ ငါနင့်ကို မှတ်ထားမယ်။

" ဟွမ်ဟွမ် နင်ရရဲ့လား " ရီလင်းက ပြေးလာတယ်။ " သူမနင့်ကို ဘယ်လိုတောင် ရိုက်ရက်ရတာလဲ။ ဒါကသရုပ်ဆောင်တာတောင် ဟုတ်သေးရဲ့လား။ ဘာလို့ အဲ့လောက်ပြင်းပြင်းကြီး ရိုက်ရတာလဲ။ တစ်ကယ်ပါပဲ။ ကြည့်ဦး နင့် မျက်နှာကြီး ယောင်နေပြီဟ။ နောက်တစ်ချက်သာ ထပ်ရိုက်မယ်ဆိုလို့ကတော့ နင်သေချာပေါက် ဒဏ်ရာရမှာပဲ။ "

" သရုပ်ဆောင်တာကလဲ သဘာဝကျဖို့လိုတယ်လေ။ ဟုတ်တယ်မလား။ " ယန်ဟွမ်က ဘာမှမဖြစ်သလိုမျိုးပဲ ပြုံးလိုက်တယ်။ သူမက အရိုက်ခံရပြီး သူမကပဲ သူများကို နှစ်သိမ့်ပေးရတယ်ရှိသေး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now