အပိုင်း(၆၅)ရင်သက်ရှုမောစရာကောင်းတဲ့ သရုပ်ဆောင်ချက်

5K 680 3
                                    

Unicode
ထုတ်လုပ်ရေးအဖွဲ့က အဲ့နေ့ကျမှပဲ အရင်မှာနေကျထက်လျှော့ပြီးတော့ နေ့လည်စာဘူးတွေကိုမှာလိုက်တယ်။ ပုံမှန်အရဆိုရင် သရုပ်ဆောင်တွေပဲဖြစ်ဖြစ်၊ stuff တွေပဲဖြစ်ဖြစ် နေ့လည်စာဘူးတွေကို ကြိုက်သလောက်ယူလို့ရတယ်။ ဒါပေမဲ့ အခုတော့ တစ်ယောက်ကိုတစ်ဘူးဘဲ ယူခွင့်ရှိတော့တယ်။ အရမ်းကို လိုအပ်နေတဲ့လူတွေနဲ့ အထူးတလည်သွားတောင်းတဲ့လူတွေမှပဲ နေ့လည်စာ နှစ်ဘူးရတယ်။

ယန်ဟွမ်နဲ့ ရီလင်း ရောက်တော့နောက်ကျနေပြီ။ အဲ့တော့ တစ်ယောက်ကို တစ်ဘူးပဲရတယ်။ ယန်ဟွမ်က သူမဘူးထဲက တစ်ချို့ကို ရီလင်းကိုပေးလိုက်တယ်။

" နင်ကဗိုက် မဆာဘူးလား " ရီလင်းက သူမပါးစပ်ထဲကို စားစရာတွေနဲ့ သွပ်ထည့်နေရင်းမေးလိုက်တယ်။ သူမက အရမ်းဆာနေတာ။ သူမက ဘာအလုပ်မှမလုပ်သလောက်ဘဲဆိုပေမဲ့ ဗိုက်ဆာလွန်းလို့ မျက်ရည်တောင်ကျတော့မယ်။ ယန်ဟွမ့်လို တစ်မနက်ခင်းလုံး သရုပ်ဆောင်နေရတဲ့လူဆိုရင်တော့ ဘယ်လိုခံစားရမလဲဆိုတာ သူမတွေ့တောင်မတွေးရဲဘူး။

" စားမှာသာစားစမ်းပါ " ယန်ဟွမ် သူမနေ့လည်စာဘူးထဲကနေ စားစရာတွေကို ထပ်ပြီးပေးလိုက်တယ်။ " ငါအများကြီးစားလို့မရဘူး။ မဟုတ်ရင် ငါ့ဝတ်စုံနဲ့မတော်ဘဲနေလိမ့်မယ်ဟ။ "

သူမလိမ်နေတာမဟုတ်ပါဘူး။ ဒီအပြာရောင် cheongsam က သာမန်မိန်းကလေးတစ်ယောက်ဝတ်ဖို့အတွက် အရမ်းသေးလွန်းတယ်။ ယန်ဟွမ် ဝတ်လို့ရတာကဘာလို့လဲဆိုရင် သူမခါးကအရမ်းကိုသေးလွန်းလို့။ သူမခါးလေးက ၆၀စင်တီမီတာပဲရှိတယ်။ သူမရဲ့ ခါးသာ ဒီထက်နဲနဲလောက်ပိုတုတ်မယ်ဆိုရင် ဒီအင်္ကျီထဲကို လျှိုလို့တောင်ရမှာမဟုတ်ဘူး ဆိုတာ သူမသေချာသိတယ်။ အများကြီးစားတာထက် နဲနဲပဲစားတာကောင်းပါတယ်။ ဒီဝတ်စုံသေးသေးလေးကို သူမဝတ်နေရင်းတန်းလန်းကြီး ပြဲထွက်သွားတာကိုတော့ သူမ မဖြစ်စေချင်ပါဘူးနော်။

" အဲ့ဒါဆိုလဲ ငါ နင့်နေ့လည်စာကို ကူစားပေးမယ်လေ။ "

ရီလင်းက ယန်ဟွမ့်ရဲ့ နေ့လည်စာဘူးကို အမြန် သူမရှေ့ကို ဆွဲယူလိုက်တယ်။ ယန်ဟွမ်စိတ်ပြောင်းသွားပြီး ကျန်တဲ့ နေ့လည်စားတွေအကုန်စားလိုက်လို့ ခဏနေတော့ အဲ့ဝတ်စုံနဲ့မတော်တော့ဘူးဆိုရင် ဘယ်လိုလုပ်မှာတုန်း။ ယန်ဟွမ့်ကို အဲ့လိုမဖြစ်စေချင်ဘူး။ အဲ့ဒီ့ ဝတ်စုံတစ်ခုလေးက သူမရဲ့ လှပတဲ့ ဟွမ်ဟွမ်လေးကို ဖျက်စီးမှာကို သူမ လက်မခံနိုင်ပါဘူးနော်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now