အပိုင်း(၄၃)ကြောင်ပေါက်လေးကို ခေါ်လာခြင်း

5.2K 607 3
                                    

Unicode
ဒါပေမဲ့ ပြောရမယ်ဆိုရင်လဲ သူတို့နှစ်ယောက်က သူစိမ်းတော့မဟုတ်ပါဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက်သိတာတောင် ကြာလှပြီလို့ပြောလို့ရတာပဲ။

ယန်ဟွမ် မျက်လုံးကို အောက်ကိုပဲ စိုက်ကြည့်နေပြီး ကိုယ်ကို ပိုတင်းအောင်ဖက်ထားလိုက်တယ်။ သူမစောင့်နေတာ....မိုးတိတ်သွားတဲ့အချိန်ကို.....လေဆက်မတိုက်တော့တဲ့အချိန်ကို......သူ ထွက်သွားမဲ့အချိန်ကိုပေါ့......

မှတ်ဉာဏ်တွေက လူတစ်ယောက်ကို ပြန်အသက်သွင်းပေးနိုင်တယ်။ ကတိသစ္စာကို အချိန်က ကန့်သတ်ပေးတယ်။ ကန့်သတ်မှုဆိုတာကလဲ အချိန်မဆိုင်းပဲ အခုချက်ချင်းလဲ ဖြစ်သွားနိုင်တာပဲ။ မင်းအလိုရှိရင် အဲ့တာက တစ်သက်တာလုံးကျန်ရစ်နိုင်တယ်။ မင်းအလိုမရှိရင်တော့ ဒါကလိမ်ညာမှုသက်သက်ပဲ ပြောလို့ရမယ်။

သူမ ကျဆင်းနေတဲ့ မိုးစက်လေးတွေနဲ့ ထိလို့ရအောင် လက်ကို အပြင်ကို ထုတ်လိုက်တယ်။ ရေစက်လေးတွေက သူမ လက်ပေါ်ကို ကျလာတယ်။ တောက် ...... တောက် ..... တောက်......။ ဘာကာရံမှ မပါတဲ့ သီချင်းလေးတစ်ပုဒ်လိုပဲ။

အဲ့ဒီ့အချိန်တွေ ပြီးကထဲက သူမ ရင့်ကျက်နေခဲ့ပါပြီ။ ဘယ်လိုလူကို ယုံသင့်သလဲ၊ ဘယ်လိုလူကို မယုံသင့်ဘူးလဲ၊ ဘယ်သူ့ကို ချစ်သင့်လဲ၊ ဘယ်သူ့ကို မချစ်သင့်ဘူးလဲ ဆိုတာတွေကို သူမ သိနားလည်နေပါပြီ။

အချိန်ခဏလောက်ကြာပြီးတော့ ရာသီဉတုက ပြန်သာယာသွားတယ်။ ပြီးတော့ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတဲ့ နေရောင်က သူမကို မျက်လုံးစူးစေတယ်။ ဘေးက အမျိုးသားက ထီးကို ခေါက်လိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ထွက်သွားတယ်။ သူခြေတစ်လှမ်းလှမ်းတိုင်း မြေပြင်ပေါ်က ရေဗွက်အိုင်တွေက ဘောင်းဘီကို သွားသွားစင်တယ်။ ဒါပေမဲ့ သူက ရပ်သွားခြင်းမရှိဘဲ သူ့ရဲ့ပုံမှန် နှုန်းအတိုင်းပဲ ဆက်လျှောက်သွားတယ်။

လုရိ...

ရှင်က တစ်ကယ်ပဲ ဘယ်လို လူမျိုးလဲ....။

ယန်ဟွမ် ခေါင်းငုံ့ပြီး သူမရဲ့ လက်မောင်းထဲက ကြောင်လေးကို အသာလေးပွတ်ပေးလိုက်တယ်။ ရှင်က လမ်းဘေးကြောင်တွေကိုလဲ အစာကျွေးတယ်။ ရေတွေစိုရွှဲနေတဲ့ အမျိုးသမီးအတွက်ကိုလဲ ဘာစကားမှမပြောဘဲ ထီးကိုင်ဆောင်းပေးထားတယ်။ ပြောကြတာကတော့ ဒီယောကျာ်းက နှလုံးသားမရှိဘူး၊ ကြင်နာစိတ် စာနာစိတ်မရှိဘူးဆို။ ဒါပေမဲ့ ဒီအကြင်နာတရားမရှိတဲ့ လူကပဲ သူမကို ဘာတောင်းဆိုမှုမှမရှိဘဲ ဘာလို့ ကူညီပေးနေတာကို တွေ့နေရတာလဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now