အပိုင်း(၁၃၇) ဆိုးဝါးလှတဲ့အသင်းဖော်

4.3K 434 7
                                    

Unicode
သူမကြောက်လွန်းလို့တုန်နေတယ်။ ချင်းယောင်က သူမကို ဓားနဲ့ သေအောင်ထိုးလိုက်မှာ ကြောက်နေတယ်။

ချင်းယောင်က သူမရဲ့ လက်နက်ကိုပြန်သိမ်းလိုက်ပြီး မျက်လုံးတွေကို မှေးကျဥ်းလိုက်တယ်။ အဲ့အချိန်မာ သူမရဲ့ ဆံပင်တွေကတောင် ထက်မြက်ပြီး ချွန်ထက်နေတယ်။

ဝိန်သုန်းနီ ပြောရမဲ့စာသားတွေမေ့ကုန်တယ်။ သူမ ပါးစပ်ကိုဖွင့်လိုက်ချင်တယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်လိုပြန်ပြင်ရမယ်မှန်း မသိတော့ဘူး။ ယန်ဟွမ်က အခုထိ မျက်နှာထားကိုမပြင်သေးဘူး။ သူမက ဝိန်သုန်းနီ တုံ့ပြန်လာတာကိုစောင့်နေတာ။ ဒါပေမဲ့ သိသာလှစွာပဲ ဝိန်သုန်းနီက လုပ်နိုင်စွမ်းရှိမနေဘူး။

" ကဒ် !!! " ဒါရိုက်တာကျင်းက ခုံကို ထုလိုက်တယ်။ " မိန်းကလေးဝိန် မင်းဘာတွေစဥ်းစားနေတာလဲ။ ဒီလိုအချိန်ကြီးမှာ မင်း ဘယ်လိုလုပ်စာသားကိုမေ့နိုင်ရတာလဲ။ ငါတို့ဒါတွေကိုအကြာကြီးပြင်ဆင်ခဲ့ရတာက မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူးနော်.... " ဒါရိုက်တာကျင်း မတ်တပ်ရပ်လိုက်တယ်။ သူ့ရဲ့ ဆံပင်တွေက ဒေါသထွက်လွန်းလို့ အစွန်းတွေက ထောင်တောင်ထောင်ချင်နေပြီ။ " မင်း ဘယ်လိုငိုရမလဲဆိုတာကိုရောသိရဲ့လား။ မင်း မျက်ရည်ရော ကျတက်ရဲ့လား။ တစ်ကယ်လို့ မကျတက်ဘူးဆိုရင်လဲ ကျေးဇူးပြုပြီး မျက်လုံးထဲကို ရေစက်လေးတွေထည့်ထားပါလား။ မျက်ရည်တစ်စက်ကလေးတောင်မကျဘဲ ဘယ်လိုလုပ် ငိုတဲ့ အခန်းရိုက်တာဖြစ်တော့မှာလဲ။ "

ဝိန်သုန်းနီ ရှက်လွန်းလို့ မျက်နာတွေနီရဲကုန်တယ်။ ငါ့ကိုအမြဲ ဆန့်ကျင်နေတဲ့မိန်းမရှေ့မှာ ဘယ်လိုလုပ် မျက်ရည်ထွက်ပြီးငိုလို့ရမာလဲ။ ပြီးတော့ ငါက တစ်ခဏလေးအတွင်းမှာမှ မျက်ရည်မကျတက်တဲ့ဟာ အခု ချက်ချင်းကြီး ဘယ်လိုလုပ်ငိုရမှာလဲ။

မြေခွေးဝိဥာဥ်နဲ့ ချင်းယောင်အခန်းက တစ်နေ့ခင်းလုံး ရက်ရက်စက်စက်ရိုက်တာတောင်မ အခုထိမပြီးသေးဘူး။ ဒါရိုက်တာကျင်းက စည်းကမ်းတင်းကျပ်မှုနဲ့ တိကျသေချာမှုတို့ကြောင့် နာမည်ကြီးတယ်။ သူက အမှားတစ်ခုလေးတောင်ခွင့်မပြုဘူး။ အထူးသဖြင့် ကြီးမားပြီး ရှက်တီးရှက်ပြာနိုင်တဲ့ အမှားမျိုးဆို ပိုဆိုးပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now