အပိုင်း(၁၉၇) လူသစ်လေးကို အနိုင်ကျင့်ခြင်း

2.9K 432 5
                                    

Unicode
ဒါပေါ့ ဒီလိုချင်မင်းဆက်ခေတ်က ဇာတ်ကားတွေက ရိုက်ကူးတာလဲ အချိန်အများကြီးယူတာပဲလေ။ နှစ်ဝက်လောက်နီးပါးကြာတယ်။

ဒီနှစ်ဝက်အတွင်းမှာ ယန်ဟွမ်က ရိုက်ကူးရေးအဖွဲ့ကနေ ထွက်သွားလို့မရဘူး။ ကံကောင်းတာက သူမက ပဲစေ့လေးကို စောင့်ရှောက်ပေးဖို့ လုရိကိုပေးခဲ့တာပဲ။ တစ်ကယ်လို့ ပဲစေ့လေးကို pet shop မှာသာ ထားခဲ့မယ်ဆိုရင် ကြောင်လေးက အဲ့မှာ ပျင်းလို့သေတော့မှာပဲလေ။

တစ်ကယ်တော့သူမ ဇာတ်ညွှန်းမဖတ်ခင်တုန်းက အသေပင်ပန်းနေခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမနည်းနည်းလေးမှ မပင်ပန်းတော့ဘူး။

သူမဖုန်းကိုထုတ်လိုက်ပြီး လန်လောကြည့်နေတယ်။ နောက်ဆုံးကျမှ သူမတစ်ခုခုကို တွေးမိသွားပြီး အဲ့လူရဲ့ဖုန်းနံပါတ်ကို ရှာလိုက်တယ်။ ပြီးတော့ သူမ စာတစ်ခုကို ရိုက်ပို့လိုက်တယ်။

" ပဲစေ့လေး အဆင်ပြေရဲ့လား "

ဒါပေမဲ့ အကြာကြီး စောင့်နေပြီးတာတောင် သူက အခုထိ reply ပြန်မလာခဲ့ဘူး။

သူမနှုတ်ခမ်းဆူလိုက်တယ်။ သူက သူမကို လုံးဝကို reply ပြန်မလာဘူးလေ။

သူမ ခေါင်းအုံးပေါ်လဲချလိုက်ပြီး ဖုန်းကို ဘေးကို ပစ်လိုက်တယ်။

ရုတ်တရက် သူမဖုန်းက အသံမြည်လာခဲ့တယ်။ သူမအမြန်ပြန်ထထိုင်လိုက်ပြီး ဖုန်းရဲ့ အပေါ်ဆုံးအပိုင်းကို အမြန်ကြည့်လိုက်တယ်။ အဲ့တာက အဲ့လူဆီက လာတဲ့ notification တစ်ခုလေ။

သူမ ကုတင်ပေါ်မှာ မှောက်လျက်ကြီးလဲလိုက်ပြီး ဖုန်းကို သူမရှေ့ကို ယူလိုက်တယ်။

ဖုန်းထဲမှာက ပုံလေးတစ်ပုံပဲ။

ကြောင်သေးသေးလေးက ယောက်ျားတစ်ယောက်ရဲ့ပေါင်ပေါ်မှာ လဲပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပျင်းရိစွာ အိပ်နေတယ်။

ယန်ဟွမ်က ဖုန်းကို ဘေးကို ပြန်ထားလိုက်ပြီး သူ့ကို reply မပြန်ခဲ့ဘူး။ သူက ပိုင်ရှင်ရှိပြီးသားဆိုတာ သူမ မမေ့ဘူး။ ပြီးတော့ သူမက သူနဲ့နီးကပ်လို့မရဘူးလေ။ သူက ပဲစေ့လေးကို စောင့်ရှောက်ပေးတာနဲ့တင် ကြင်နာနေပါပြီ။ သူမက သူ့ရဲ့အပျော်ရည်းစားဖြစ်လာဖို့တော့ မလုပ်နိုင်ပါဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now