အပိုင်း(၁၃၉) ကြောက်စရာကောင်းတဲ့ ဂိုဏ်းတူအစ်မ

4.3K 463 11
                                    

Unicode
ယန်ဟွမ်က လူထုမျက်စိရှေ့မှာ စပေါ်လာကထဲက သူမမှာ positive image တွေချည်းပဲရိှတယ်။ ဖန်တွေက သူမအကြောင်းတွေ သူမအတိတ်အကြာင်းအရာတွေတော်တော်များများကို ရှာဖွေတူးဆွကြပေမဲ့လို့ မကောင်းသတင်းဆိုတာ လုံးဝရိှမနေခဲ့ဘူး။ သူမရဲ့ အရိှန်အဝါကလဲ လျန်ချန့်ကို မရှုံးဘူး။ ပြီးတော့သူမမှာ အရမ်းကောင်းမွန်တဲ့ အမျိုးသမီးသဘာဝရိှတယ်။ လျန်ချန်တောင်မှ သူမရဲ့ စွမ်းရည်နဲ့ အလှတရားကို ချီးကျူးရတယ်။

အလုပ်ရှုပ်လှတဲ့ ရက်သတ္တပတ်အပြီးမှာ Journey to Fairyland အပိုင်းသစ်ကိုစောင့်နေတဲ့သူတွေအတွက် ခက်ခဲတဲ့အချိန်တွေလုံးဝပြီးဆုံးသွားပါပြီ။

နောက်ဆုံးတော့ ဒရမ်မာကို အရမ်းကြိုက်ကြတဲ့ သူတွေက တီဗွီရှေ့ ဒါမှမဟုတ် ကွန်ပျူတာရှေ့မာ ထိုင်ပြီး ဘာမှ မစားမသောက်ဘဲ ကြည့်ဖို့အဆင်သင့်ဖြစ်နေကြပြီ။

တစ်ချိန်ထဲမှာပဲ လုရိက ရုံးခန်းထဲမှာ နို့လက်ဖက်ရည်တစ်ခွက်ကိုကိုင်ထားပြီး စားပွဲပေါ်မှာ laptopကို နေရာချထားတယ်။ သူကအိမ်မပြန်ဘူး။ ဒါပေမဲ့ တစ်ခြားသူတွေလိုပဲ laptopရှေ့မှာ ထိုင်နေတယ်။ တစ်ကယ်တာ့ သူက ဒါကို အချိန်အကြာကြီး စောင့်နေခဲ့တာ။

သူက နို့လက်ဖက်ရည်ကို နောက်တစ်ငုံသောက်လိုက်တယ်။ ရင်းနီှးနေပြီဖြစ်တဲ့ သံစဥ်လေးကိုကြားလိုက်ရတော့ သူ့ရဲ့ နှုတ်ခမ်းတွေက အပေါ်ကို နည်းနည်းကွေးတက်သွားတယ်။ ပြီးတော့ သူ့ရဲ့ ရှားပါးလှတဲ့ အပြုံးလေးတစ်ခုက ပေါ်လာတယ်။

ယန်ပေါရွှမ်က သူ့ရဲ့ အရိုးတွေအကုန်လုံးနေရာလွဲကုန်ပြီလို့ခံစားနေရတယ်။ ပြီးတော့ရုတ်တရက် တစ်ယောက်ယောက်က သူ့အဝတ်အစားတွေကိုချွတ်နေသလိုမျိုး သူ့ရင်ဖတ်က အေးလာတယ်။ သူမျက်လုံးကို မြန်မြန်ဖွင့်လိုက်တဲ့ အချိန်မှာ မျက်လုံးက ပြူးကျယ်သွားရတော့တယ်။ ပြီးတော့မှ သူအမြန်အော်လိုက်ပြီး နှလုံးသားကို ဆွဲညှစ်ခံထားရသလိုမျိုး အဝတ်အစားတွေကို ယူလိုက်တယ်။

" ခင်...ခင်ဗျား..ဘာ.. ဘာလုပ်နေတာလဲ "

" မလှုပ်နဲ့ " ချင်းယောင်က သူ့ကို စိုက်ကြည့်လိုက်တယ်။ သူမရဲ့ နူးညံ့သိမ်မွေ့လှတဲ့ အသွင်အပြင်တွေက ပြိုင်ဖက်မရိှတဲ့ အလှလေးလိုပဲ ထူးခြားနေတယ်။ သူမ မျက်တောင်လေးတွေကို အောက်ကို နည်းနည်းချလိုက်တယ်။ သူမရဲ့ ပါးပြင်ပေါ်မှာ တောက်ပတဲ့ အလင်းရောင်လေးတွေက သူမမျက်နှာပေါ်မှာ ကခုန်နေသလိုမျိုး ဝင်းလက်နေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now