အပိုင်း(၈၀) မနေနိုင်တော့ဘူး

4.9K 654 7
                                    

Unicode
သူမအမှတ်မိဆုံး ဒရမ်မာကတော့ ဒါရိုက်တာကျင်းရိုက်တဲ့ Journey to Fairyland ပဲ။ အဲ့ဒီ့ဒရမ်မာက ဆိုရင် ထွက်တဲ့နှစ်မှာ အရမ်းကို အပေါက်ဆုံးပဲ။ အဲ့ဒရမ်မာကြောင့် ခေါင်းဆောင်သရုပ်ဆောင်တွေရော၊ အရံသရုပ်ဆောင်တွေပါ  နာမည်ကြီးလာကြတယ်။ သံသယဖြစ်စရာမလိုပါဘူး။ Journey to Fairyland က အဲ့နှစ်တွေထဲမှာ အအောင်မြင်ဆုံးဒရမ်မာတစ်ခုပဲ။ ဒီဒရမ်မာက ဘယ်လောက်တောင် နာမည်ကြီးခဲ့လဲဆိုရင် ပါတဲ့ မင်းသား မင်းသမီးတွေက ဆုအတော်များများကိုတောင် ဆွတ်ခူးခဲ့နိုင်ကြတယ်။

ဒါရိုက်တာကျင်းပြောလိုက်တဲ့ ဇာတ်ကားဆိုတာက Journey to Fairyland များဖြစ်နေမလား။ အဲ့လိုသာဆိုရင် သူမအဲ့ဒရမ်မာထဲမှာ ပါမှကို ဖြစ်မယ်ဆိုတာကို ယန်ဟွမ် သိတယ်။ သူမအရင်ဘဝတုန်းက အဲ့ဒရမ်မာထဲမှာ မပါနိုင်တာ နှမြောစရာပဲ။ ပြီးတော့ သူမက နောက်ပိုင်းမှာ မင်းသမီး အနေနဲ့ တစ်ကယ့်ကို ခက်ခဲတဲ့ ခရီးလမ်းကြီးကို ကျော်ဖြတ်ခဲ့ရတယ်။

သူမအဲ့အကြောင်းကို ဒီ့ထက်ပိုပြီးမေးချင်ပေမဲ့ ဒါရိုက်တာကျင်းက ထပ်ပြီး ဘာမှဆက်မပြောတော့ဘူး။ အဲ့တော့ သူမလဲ နှိုက်နှိုက်ချွတ်ချွတ်ကြီး အတင်းလိုက်ပြီးမေးမနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူက သူမကို အရိပ်အမြွက်လေးပြောသွားတယ်ဆိုတော့ သူမလဲ အခွင့်အရေးရလာတဲ့အချိန်ကျရင်အမိအရ ဖမ်းဆုပ်ဖို့ စိတ်ရှည်ရှည်လေးထားပြီး စောင့်သင့်တာပေါ့။ ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်ခံလို့မဖြစ်ဘူး။ သူမ အရင်တုန်းက လွဲခဲ့ရပြီးပြီ။ ဒီဘဝမှာတော့ ထပ်ပြီး မလွဲစေရဘူး။

ဟုန်ယောင်အဖြစ်သရုပ်ဆောင်နေစဉ္အတွင်းမှာ မှတ်ထားရမဲ့ ပထမဆုံးအချက်က အပြုအမူ လှုပ်ရှားမှုက စကားလုံးတွေထက် ပိုကျယ်ကျယ်စကားပြောတယ်ဆိုတာကိုပဲ။

လူတွေအားလုံးထွက်သွားတော့ ဟုန်ယောင်က ပြန်ထိုင်လိုက်တယ်။ ပြီးတော့ သူမ စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိလိုက်တယ်။ သူမကြည့်ရတာ ပင်ပန်းနေပုံပေါ်တယ်။ မျက်လုံးတွေကိုလဲ မှေးထားတယ်။ သူမက ဖြူ​ဖျော့နေတာပဲ။ မျက်နှာမှာလဲ ဘာအရောင်မှမတွေ့ရဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now