အပိုင်း(၁၁၆)မင်းအထင် ငါတို့၂ယောက်က လိုက်ဖက်ရဲ့လား

4.7K 510 5
                                    

Unicode
" သူမကြည့်ရတာ Garfield cat အမျိုးအစားမျိုးထင်တယ်။ သူမက မျိုးရိုးကောင်းတာပဲ။" တိရစ္ဆာန်ဆရာဝန်က ပဲစေ့လေးကို ခဏကြည့်ပြီးတော့ ယန်ဟွမ့်ကိုပြောလိုက်တယ်။

" သူမက လမ်းဘေးကြောင်လေးပါ။ ကျွန်မရှာတွေ့ခဲ့တာလေ။ " ယန်ဟွမ်က ပဲစေ့လေးရဲ့ နားရွက်ကို ပွတ်ပေးနေတယ်။ အမှန်အတိုင်း ပြောရရင် ပဲစေ့လေးရဲ့ မျိုးရိုးက ယန်ဟွမ့် အတွက်အရေးမကြီးပါဘူး။ သူမက ငါ့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီပဲ။ ဟုတ်တယ်။ ငါ့မိသားစုဝင်တစ်ယောက် ဖြစ်နေပြီပဲ။

သူမ အရင်တုန်းက တစ်ယောက်ထဲ ဖြစ်နေခဲ့ဘူးတယ်။ ဒါပေမဲ့ အခုတော့ သူမမှာ ရီလင်းနဲ့ ပဲစေ့လေးရှိနေပြီ။

ယန်ဟွမ်က ဆေးကိုယူလိုက်ပြီး ပြန်တော့မယ့်အလုပ်မှာ ဆရာဝန်ကရုတ်တရက် ထပြီး စကားထပ်ပြောတယ်။ " စိတ်မရှိပါနဲ့နော်။ မင်းက ယန်ဟွမ်လား။ ရွှေရောင်ပိုးကောင်လေးသရုပ်ဆောင်တဲ့ မင်းသမီးလေ။ ဟုတ်လား။ "

ပထမဦးဆုံးအနေနဲ့ သူမနာမည်ကြီးနေတယ်ဆိုတာ ယန်ဟွမ်သိသွားတယ်။ ရွှေရောင်ပိုးကောင်လေး ကာရိုက်တာကို မှတ်မိတဲ့သူများတာပဲ။ သူမက အဲ့ထဲမှာ စက္ကန့်ပိုင်းလေးပဲ ပါတာ ပြီးတော့ ၂ခန်းပဲ ပါရပေမဲ့ သူမက အောင်မြင်စွာ သရုပ်ဖော်ပေးနိုင်ခဲ့တယ်။ အဲ့တာက သူမသရုပ်ဆောင်တဲ့ ဟာကို တီဗွီမှာ ပါလာခွင့်ရတဲ့ ပထမဆုံး ဒရမ်မာပဲ။ အဲ့တာကို မှတ်မိပေးကြတဲ့ လူတွေအများကြီးရှိတာပဲ။

သူမက ပြန်လှည့်လာပြီး ပြုံးလိုက်တယ်။

" မဟုတ်ပါဘူး။ ကျွန်မတို့က ဒီတိုင်း တူတာပဲနေမှာပါ။ "

" မင်းပြောတာမှန်တယ် " ဆရာဝန်က ခေါင်းငြိမ့်လိုက်တယ်။ " ဇာတ်ကားထဲမှာ မင်းသမီးက မိတ်ကပ်အပြည့်လိမ်းထားတာ။ မင်းကတော့ ဒီအတိုင်းတောင်လှနေတာ။ တစ်ကယ်လို့ မင်းသာအဲ့နေရာမှာ သရုပ်ဆောင်မယ်ဆိုရင် ခေါင်းဆောင်မင်းသမီးထက်တောင် ပိုလှနေမှာပဲ။ "

ယန်ဟွမ်က ရိုးရိုးပဲ ပြုံးပြလိုက်တယ်။

သူမ ခေါင်းကိုငုံ့လိုက်ပြီး ပဲစေ့လေးကို လက်ထဲမှာ ပွေ့ထားလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းပေါ်မှာ နွေးထွေးတဲ့ အပြုံးတစ်ပွင့် ချိတ်ဆွဲထားတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now