အပိုင်း(၁၀) ငါ့ရဲ့ အစ်မ

6.8K 828 1
                                    

Unicode
ယန်ဟွမ် နာမည်ကြီးပြီး ကျော်ကြားလာတဲ့ အချိန်မှာ ရီလင်းကိုကစားသွားတဲ့ အဲဒီ့အကောင်ကို အနုပညာအသိုင်းအဝိုင်းထဲမှာ နေလို့မရအောင်လုပ်ခဲ့တယ်။ သူမရဲ့ အဆက်အသွယ်တွေကို အသုံးချပြီး သူ့ကို သူတောင်းစားထက်ပိုဆိုးအောင်လုပ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးကတောင် သူမကို စိတ်မပြေစေနိုင်ဘူး။

ရီလင်းက သေသွားခဲ့ပြီလေ။ သူမ ဒီမှာ ထပ်ပြီးမရှိနိုင်တော့ဘူး။

သူမ အမေကို ဆုံးရှုံးခဲ့တယ်။ ပြီးတော့ အစ်မကိုလဲ ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူမကိုယ်သူမတောင်ဆုံးရှုံးခဲ့ရတယ်လေ။

ဒါပေမဲ့ အခုထိ ကံကောင်းစွာနဲ့ ရီလင်းရှိနေသေးတယ်။ သူမအသက်ရှင်နေသေးတယ်။ ပြီးတော့ အဲ့ဒီ့ မကောင်းတဲ့ အကောင်နဲ့လဲမတွေ့သေးဘူး။ သေချာတာတစ်ခုကတော့ ဒီတစ်ခေါက်တော့ အဲ့ဒီ့အကောင် ရီလင်းနားကို မကပ်နိုင်အောင်ကို ယန်ဟွမ်က တားသွားမှာပဲ။

တစ်ကယ်လို့ အဲ့အကောင်က ရီလင်းကို ထပ်ပြီး အကွက်ချဖို့ကြိုးစားဦးမယ်ဆိုရင်တော့ ယန်ဟွမ်က သူမကိုယ်တိုင် သူ့ကို သတ်ပစ်မယ်လို ကျိန်ဆိုထားတယ်။

ယန်ဟွမ် မီးဖိုချောင်ထဲကနေ ပန်းကန်တစ်ခုထပ်သယ်လာတယ်။ အဲ့ဒါကလဲ ခေါက်ဆွဲပဲ။ သူမ စားချင်စိတ် သိပ်မရှိလို့ အများကြီးမစားဘူး။ သူမ ပုံမှန်လဲ သိပ်မစားဘူး။ ဝိတ်လျှော့နေလို့မဟုတ်ဘဲ သူမက မွေးကတည်းက ဒီအတိုင်းပဲ။ ဒါကပဲ လူတွေကို အားကျစေတယ်။ တစ်ချို့လူတွေက ရေပဲသောက်ရင်တောင် ဝိတ် တက်တက်ကြတယ်။ သူမကတော့ မတူဘူး။ သူမက အမြဲတမ်း ဝိတ်ကို အနည်းငယ်ပဲပြောင်းအောင် ထိန်းထားနိုင်တယ်။ သူမ အသက် ၂၆နှစ်အထိ ကိုယ်အလေးချိန်က ၄၄.၅ ကီလိုပဲရှိတယ်။ ၀.၅ ကီလိုလောက်ပဲ အ​တက်အကျရှိတယ်။

သူမ ခေါက်ဆွဲကို တစ်လုတ်ပြီးတစ်လုတ်စားလိုက်တယ်။ သူမရဲ့ အောက်ကို ငိုက်ကျနေတဲ့ မျက်တောင်တွေက ပါးပေါ်မှာ အရိပ်လေးနဲနဲထင်နေတယ်။

" ဟွမ်ဟွမ် နင် အခုထိ စတန့် အစားထိုးကို လုပ်ချင်သေးလား " ရီလင်းက ပန်းကန်ကိုယူပြီး ဟင်းရည် သောက်နေရင်းကနေ မေးလိုက်တယ်။ " မွေးစားအမေလဲ မရှိတော့ဘူး။ ငါတို့နှစ်ယောက်ထဲအတွက်ဆို ပိုက်ဆံကလောက်ပါတယ်ဟ။ နင်လုပ်စရာ လိုလို့လား။ အရမ်းအန္တရာယ်များလွန်းတယ်နော်။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now