အပိုင်း(၁၂၄)အဟောင်းတွေက အသစ်တွေအတွက် လမ်းဖယ်ပေးရမှာပဲ

4.5K 496 13
                                    

Unicode
CallMeXiaoMing : " ^^^ နှေးလိုက်တာ။ ငါဆို နတ်ဘုရားမလေးရဲ့ ပုံရှေ့မှာဟဒူးထောက်ပြီးနေပေါ့။ ဒါ သူမရဲ့ ဇာတ်လမ်းအသစ်လား? Xianxia?? ငါ့ရဲ့ချစ်စရာကောင်းတဲ့ နတ်ဘုရားမလေးက costume drama တွေမှာ သရုပ်ဆောင်ဖို့ မွေးဖွားလာတာပဲ။ ကြည့်ပါဦး သူမက နတ်သမီးနဲ့အရမ်းတူတာပဲ။ "

Innocent Auntie : " ငါ့သမီးလေးက အရမ်းလှလွန်းလို့ တစ်ခြားသူတွေက ငါ့ဆီကနေ လာလုသွားမှာ ကြောက်နေရတယ်!!! "

Fake Innocent Auntie : " ^^^ ဘာတွေလျှောက်ပြောနေတာလဲ။ သူမက ငါ့သမီးပါ။
နင့်သမီးမဟုတ်ဘူး!!!!! "

တစ်ခြား weibo follower တွေက အပေါ်က comment တွေကို ချွေးထွက်နေတဲ့ emoji 😰😅တွေနဲ့ react လုပ်ကြတယ်။ ဒါပေမဲ့ ဒီအပေါ်က အန်တီ ၂ယောက် ဘယ်ကနေဘယ်လို ရောက်လာတာလဲဆိုတာ သူတို့နားလည်ပေးလို့ရပါတယ်။ အမျိုးသမီးတွေအတွက် လှပတဲ့သမီးလေးတွေလိုချင်ကြတာ သဘာဝပဲလေ။ အခုမှအသက်၂၀ပဲရှိသေးတဲ့ ယန်ဟွမ်က အပြင်က သက်လတ်ပိုင်းအမျိုးသမီးတွေအတွက် auntie killer ဖြစ်ဖို့ အကောင်းဆုံး အသက်အရွယ်ပဲလေ။

comment section တစ်ခုလုံးမှာ အန်တီဖန် ၂ယောက်ရဲ့ commentတွေနဲ့ပဲ ကြီးစိုးနေတယ်။ ဒါပေမဲ့ acc ကို ကိုင်တဲ့ ရီလင်းကတော့ စိတ်ထဲမထားပါဘူး။ သူတို့တွေ သူတို့ idol အပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို မြင်လိုက်ရတာ သူမပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်။

Journey to Fairyland ရဲ့ ရိုက်ကွင်းက စတင်ခဲ့ပြီ။

ဒီလို Xianxia ကားအမျိုးအစားတွေက နောက်ဆုံးပေါ် အစိမ်းရောင် screen တွေနဲ့ CGI technology ကို အသုံးပြုထားတယ်။ တစ်ကယ်ရိုက်နေတဲ့အချိန်မှာတော့ ရိုက်ကွင်းက အရမ်းရှင်းလင်းနေတယ်။ ဘာလို့လဲဆိုတော့ နောက်ခံတွေကို post production ကျမှပဲ ထည့်သွင်းသွားမှာမလို့လေ။ ကြည့်ရှုတဲ့ပရိသတ်တွေကတော့ တစ်ကယ့်အစစ်အမှန်လို့မြင်ပြီး စိတ်လှုပ်ရှားကြမှာပေါ့။ ဘာလို့ဆို CGI effect တွေက တစ်ကယ့်ကို သဘာဝကျတာကိုး။ ဒါပေမဲ့ သရုပ်ဆောင်တွေကတော့ နောက်ဆုံးမှာ ဘာနဲ့တူသွားမလဲ ဘယ်လိုပုံတွေဖြစ်လာမလဲ ဆိုတာ ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်တယ်။

သူတို့ရိုက် မဲ့ ပထမဆုံး scene ကတော့ ဇာတ်လိုက် မင်းသားရဲ့ ' နတ်သမီးတိုင်းပြည် ' လို့ခေါ်တဲ့ နေရာကို တောင်တန်းတွေမှာ စရှာတဲ့ခရီးပဲဖြစ်တယ်။ ဇာတ်လိုက် မင်းသားနေရာမှာ သရုပ်ဆောင်မဲ့ မင်းသားက ယန်ဟွမ် ရင်းနှီးပြီးသားဖြစ်တဲ့ ချီဟောင်လင် ပဲဖြစ်တယ်။ သူမက သူနဲ့ Love and tribulation မှာ အတူတွဲပြီးသရုပ်ဆောင်ဖူးတယ်လေ။ ဒီဇာတ်ကားမှာတော့ သူကလုံးဝကို မတူညီတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်မှာ။ ယန်ပေါရွှမ်လို့ ခေါ်တဲ့ ပုံမှန်သာမန် သေမျိုးလေးနေရာကပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now