အပိုင်း(၁၄၄) ဒီတိုင်းသတ်ပစ်လိုက်

3.9K 503 3
                                    

Unicode
သူမ ဇာတ်ညွှန်းစာအုပ်ကို ယူပြီး ထပ်လှန်ကြည့်လိုက်တယ်။ ချင်းယောင်က အခု ဗီလိန်မဖြစ်သွားပြီ။ ယန်ဟွမ်ကလဲ ဒါရိုက်တာကျင်းဆီက ရခဲ့တဲ့ အကြံပေးချက်တွေရယ် သူမကိုယ်တိုင် ကာရိုက်တာကို နားလည်တာတွေရယ် ပေါင်းစပ်ပြီး ချင်းယောင်အသစ်ကို အသက်သွင်းပေးဖို့ အစွမ်းကုန်ကြိုးစားနေတယ်။

ဒါရိုက်တာကျင်းက သူမ သရုပ်ဆောင်တာကို အခုထိ မဝေဖန်သေးဘူး။ ဆိုလိုတာက အခုထိတော့ ကောင်းနေသေးလို့နေမှာပေါ့။ ဒါပေမဲ့ ယန်ဟွမ်ကတော့ တစ်ခုခု လိုနေတယ်လို့ပဲ ခံစားနေရတယ်။ အဲ့တာက ဘာလဲဆိုတာ သူမတွေ့အောင်ရှာပြီး ပြန်ပြင်ရမယ်။

သူမ တိုက်ခန်းကိုပြန်ရောက်တော့ ရီလင်းကို သူမနဲ့တူတူ ဇာတ်ဝင်ခန်းတွေကို လေ့ကျင့်ဖို့ အကူအညီတောင်းလိုက်တယ်။

ရီလင်းကလဲ သူမနဲ့ အတူလိုက်ပြီး အလိုက်သင့်လေး သရုပ်ဆောင်ပေးတယ်။ ယန်ဟွမ်က နာရီပေါင်းများစွာလေ့ကျင့်ခဲ့တယ်။ ဒါပေမဲ့ သူမ ချင်းယောင်ကို ပုံဖော်တဲ့ပုံစံက တစ်ခုခု မဟုတ်သေးဘူးဆိုတာကြီးကို အခုထိ ခံစားနေရတုန်းပဲ။ တစ်ခုခုလိုနေတယ်။ ဒါပေမဲ့ ဘာလိုနေမှန်းတော့ သူမ မသိဘူး။

ရီလင်းက အလေးအနက်ထားတွေးရင်း မေးစေ့ကို ပွတ်လိုက်တယ်။ " အကယ်၍ နင်ငါ့ကို မေးမယ်ဆိုရင်တော့ ငါထင်တာကတော့ နင်ဒီထက်ပိုပြီး ညို့အားပြင်းပြင်း သရုပ်ဆောင်ရမယ်နဲ့တူတယ်။ "

ရီလင်းက သူမပြောတဲ့ pointကို ပိုပြီး သိသာအောင် တင်ပါးလေးကို လွဲပြီးပြောလိုက်တယ်။ " ချင်းယောင်က ဒီအခန်းတွေမှာဖြူစင်ပြီး အပြစ်ကင်းတဲ့ နတ်သမီးလေးမဟုတ်တော့ဘူးလေ။ သူမက အရမ်းကို ညို့အားပြင်းတဲ့ နတ်ဆိုးတစ်ယောက်ဖြစ်ရမှာလေ။ မျက်မှောင်ကျုံ့လိုက်တိုင်း၊ အပြုံးတစ်ခုချင်းစီတိုင်း ပြီးတော့ သူမအပြုအမူတိုင်းက အန္တရာယ်ရှိတဲ့ ဆွဲဆောင်မှုတွေ စိမ့်ထွက်နေရမှာလေ။ နင် ဟုန်ယောင်ကို သရုပ်ဆောင်တုန်းကလိုမျိုးလေ သိလား။ သူမရဲ့ အရှိန်အဝါက အရမ်းကို နမိတ်မကောင်းပြီး လူတွေကို ခြိမ်းခြောက်နိုင်နေရမှာလေ။ မြင့်မြတ်ပြီး ဖြောင့်မတ် မှန်ကန်နေရမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ နင်က အခုထိ ချစ်စရာကောင်းတဲ့ နတ်သမီး ခံစားချက်မျိုးပေးနေတုန်းပဲ။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now