အပိုင်း(၁)သူ့အတွက်အသက်ရှင်ခဲ့တယ်

28K 1.1K 11
                                    

unicode
မီးရောင်မှိန်မှိန်လေးပဲထွန်းထားတဲ့ အခန်းထဲမှာ မိန်းကလေးတစ်ယောက်က သူမကို ထိန်းကိုင်ထားတဲ့ ဂျူတီကုတ်အဖြူရောင်တွေဝတ်ထားတဲ့ ဆရာဝန်တွေကို ရုန်းကန်နေတယ်။

သူမရဲ့ပြူးကျယ်ပြီးဖောင်းနေတဲ့ မျက်လုံးတွေ ညှိုးနွမ်းပြီးချောင်ကျနေတဲ့ မျက်နှာတွေက သူမကို ဘယ်သူလဲဆိုတာမှတ်မိဖို့ အရမ်းခက်ခဲစေတယ်။ ဒါကတော့ ယန်ဟွမ်ဆိုတဲ့သူမပါပဲ။ တစ်ချိန်ကအရမ်းနာမည်ကြီးပြီး အားလုံးကအသိအမှတ်ပြု လက်ခံထားခဲ့ကြတဲ့ ရုပ်ရှင်စတားတစ်ယောက်။

"ဒါကနင့်ရဲ့ ပထမဆုံးအကြိမ်လဲမဟုတ်ဘူးလေ" အိမ်ဖော်တစ်ယောက်ကလက်ပိုက်ကြည့်နေပြီး ရှုံချသလိုမျိုးပြောတယ်။ အဲ့အိမ်ဖော်ရဲ့ မျက်လုံးတွေကတော့ ယန်ဟွမ်ရဲ့ ဆူထွက်စပြုနေတဲ့ ဗိုက်ပေါ်မှာရှိနေခဲ့တယ်။ "နင်မလှုပ်တာကောင်းမယ်နော်။ မဟုတ်ရင် နင်သွေးတွေအများကြီးဆုံးရှုံးလိမ့်မယ်။ ပြီးတော့ နင့်ရဲ့ ကလေးကိုရောပေါ့။ အဲ့လိုဖြစ်ရင် နင်က ငါတို့အတွက် ဘာမှအသုံးမဝင်တော့ဘူးနော်။ အဲ့တာဆို နင့်ရဲ့ ကြီးမြတ်လှတဲ့ မစ္စလု ဆိုတဲ့နေရာကနေ တာ့တာပြရလိမ့်မယ်။ မဟုတ်ရင်ငါတို့ကနင့်ကိုဘာ​ဖြစ်လို့ တင်ကျွေးထားတယ်လို့ နင်ထင်လဲ။"

" အား..." ရုတ်တရပ် ယန်ဟွမ့်ကို အပ်အကြီးကြီး စိုက်ထိုးလိုက်တယ်။ နွေးထွေးတဲ့ သွေးတွေ သူမခန္ဓာကိုယ်က မထွက်ခွာခင်အထိ သူမ လက်သီးကို ကျစ်ကျစ်စုပ်ထားပြီး အဲ့သွေးတွေ ဆေးထိုးအပ်ဆီ စီးသွားတာကို သူမခွင့်ပြုထားလိုက်ရတယ်။

ဆရာဝန်တွေက သူတို့လိုချင်တဲ့သွေးရပြီဆိုတာနဲ့ မြန်မြန်ထွက်သွားကြတယ်။ အိမ်ဖော်ကတော့ သူတို့နဲ့အတူထွက် မသွားဘဲ အရောင်မရှိဖျော့တော့နေတဲ့ မျက်နှာနဲ့ အိပ်ရာပေါ်မှာလှဲနေတဲ့ မိန်းမဆီကို လျှောက်သွားတယ်။

" ရုပ်ရှင်စတား ငါ့ဖင်ပဲ " သူမက ယန်ဟွမ်ရဲ့မျက်နှာပေါ်ကိုတံတွေးထွေးလိုက်တယ်။ " ကြည့်ပါဦး အခုနင်သရုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော ဇာတ်ရုပ်က အလောင်းကောင်နေရာပဲ။သခင်လေးက အစထဲက နင်ရဲ့မြေခွေးလိုမျက်နှာကို ဘာလို့ကြိုက်မှန်း ဘယ်လိုမှနားမလည်နိုင်ဘူး။ ရွံစရာကောင်းလိုက်တာ"

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now