အပိုင်း(၃၇) ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်

5.2K 725 7
                                    

Unicode
" ဟားဟား..... " ရီလင်းက တီဗွီကို လက်ညှိုးနဲ့ထိုးရင်း သူ့ပေါင်သူ ရိုက်ကာ ရယ်မောနေတယ်။ " ဟွမ်ဟွမ် ချင်းရှောင်ယွီကို ကြည့်ရတာ ရီစရာကောင်းတယ်လို့မထင်ဘူးလား " အခုဒီဒရမ်မာ ကြည့်နေတဲ့ တစ်ခြားသူတွေလဲ ရီလင်းလိုမျိုးဖြစ်မယ်ဆိုတာ သူမ တွေးကြည့်လို့ရတယ်။

' ဒေါက် ' ဆိုတဲ့ ကွဲအက်သံနှင့်အတူ ဉအခွံက အလယ်ကနေ ရုတ်တရက် ကွဲသွားတယ်။ မီးခိုးမှုန်လေးတွေ ပျောက်သွားပြီးတဲ့နောက်မှာ ဉအခွံထဲမှာ လှဲနေတဲ့ ၁၆နှစ်အရွယ် ကောင်မလေးကို တွေ့လိုက်ရတယ်။ သူမ မျက်လုံးတွေကို ပိတ်ထားတယ်။ တီဗွီ ဖန်သားပြင်ပေါ်မှာ သူမရဲ့ရှည်လျားလှပတဲ့ မျက်တောင်မွှေးလေးတွေကို ထင်ရှားစွာတွေ့ရတယ်။ သူမ ကွေးကွေးလေးအိပ်နေခဲ့တယ်။ အပြင်ဘက်က အသံတွေကို ကြားတဲ့အခါမှ သူမ မျက်လုံးလေးတွေကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။ သူမရဲ့ ဖန်သားလိုကြည်လင်နေတဲ့ မျက်လုံးအိမ်လေးတွေက နေရောင်ခြည်ကို မခံနိုင်တဲ့အလား ကျုံ့ထားတယ်။ သူမက လောကကြီးကို သိချင်စိတ်တွေအပြည့်နဲ့ ဖြစ်နေပြီး သူမမွေးဖွားလာမှုအတွက် အံ့ဩနေတယ်။

ချင်းရှောင်ယွီက မုချင်းချန်နဲ့အတူပြေးလာပြီး ကောင်မလေးအရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။ သူတို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်နေကြတယ်။

အခုမှမွေးလာတဲ့ ကောင်မလေးက မျက်တောင်တွေကို ခတ်လိုက်ပြီး သူမမျက်လုံးတွေက ချင်းရှောင်ယွီရဲ့ ရင်ဘတ်ပေါ်ရောက်သွားတော့ သူမရဲ့ နှင်းဆီရောင်နှုတ်ခမ်းလေးတွေက နဲနဲပွင့်လာတယ်။

" မေမေ..... "

ဘုန်း!!! ကောင်မလေးကနေ တောင်ပံနှစ်ခုနဲ့ ရွှေရောင်ပိုးကောင်ငယ်လေးအဖြစ်ကို ပြောင်းသွားတယ်။ အဲ့တာ ယန်ဟွမ်ပါတဲ့ အပိုင်းအဆုံးပဲ။ နောက်တစ်ကြိမ် သူမပြန်ပေါ်လာတဲ့အချိန်က သူမ သေရမဲ့အခန်းပဲ။

ရီလင်းက သူမရဲ့ကိုယ်ကို လှည့်လိုက်ပြီး ယန်ဟွမ်ရဲ့မျက်နှာကို ဆွဲလိုက်တယ်။ " ဟွမ်ဟွမ် နင် သရုပ်ဆောင်ဒီလောက်ကောင်းတာ ငါဘာလို့မသိခဲ့တာလဲ။ ငါက နင် ဒီရွှေရောင်ပိုးကောင်လေးကို အရူးလိုမျိုးသရုပ်ဆောင်လိုက်ပြီး ဒီကာရိုက်တာကို လူတွေက ကျပ်မပြည့်သလိုမျိုး မြင်သွားကြမှာကို ငါက ကြောက်နေတာဟ။ ဒါပေမဲ့ နင်ကဒီကာရိုက်တာကို အသက်သွင်းပေးခဲ့တာပဲ။ နင့်အရည်အချင်းတွေကမဆိုးဘူးပဲဟ။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now