အပိုင်း(၅၀)ယှဥ်ပြိုင်ခြင်း

4.9K 590 2
                                    

Unicode
ယန်ဟွမ်ရဲ့ နှုတ်ခမ်းတွေက အပေါ်ကို ကွေးနေတယ်။ သူမ ဂရုမစိုက်သလိုမျိုး ပြုံးလိုက်တယ်။

ဒါက ဟန်ဆောင်နေတာမဟုတ်ပါဘူး။ သူမတစ်ကယ်လဲ ဂရုမစိုက်ဘူးလေ။ သူမက တစ်ကယ်တော့ ပျော်တောင်ပျော်နေတာ။ ဝိန်သုန်းနီ သရုပ်ဆောင်တာကို ဒီလို အနီးကပ် ကိုယ်တိုင် ကြည့်ခွင့်ရလို့လေ။

ဝိန်သုန်းနီက အရှေ့ကို လှမ်းသွားလိုက်တယ်။ သူမက ပုခုံးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကို ခါလိုက်ပြီး မျက်လုံးလှလှလေးထဲမှာလဲ ညို့ဓာတ်အပြည့်နဲ့ လျှောက်သွားတယ်။

သူမက ပိုးသားနဲ့ပြုလုပ်ထားတဲ့ cheongsamကို ဝတ်ဆင်ထားတယ်။ သူမဘယ်နေရာအတွက် ဝင်ပြိုင်တယ် ဆိုတာ သူမဝတ်စုံကြည့်လိုက်တာနဲ့ သိသာနေတယ်။

" ဒါရိုက်တာကြီး၊ စာရေးဆရာကြီး အပါအဝင် အကဲဖြတ်ပေးကြမဲ့ ဒိုင်သူကြီးတွေအကုန်လုံး ကောင်းသောနေ့လေးဖြစ်ပါစေ။ ကျွန်မနာမည်က ဝိန်သုန်းနီလို့ခေါ်ပါတယ်။ ကျွန်မကတော့ ဟုန်ယောင်ရဲ့ နေရာကို ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ပါတယ်။ "

ဝိန်သုန်းနီက ယုံကြည်ချက်ရှိရှိ ပြုံးပြီးနှုတ်ဆက်လိုက်တယ်။

ကျင်းဟိုင်လျန်က စားပွဲမှာရှိတဲ့ အခြားအမျိုးသား အမျိုးသမီးတွေနဲ့ စကားအနည်းငယ်ပြောလိုက်တယ်။ အဲ့ထဲက တစ်ချို့က စိတ်အားထက်သန်စွာ ခေါင်းကို ငြိမ့်လိုက်ကြတယ်။ ဝိန်သုန်းနီက ဇာတ်ကောင်နေရာနဲ့ လိုက်တယ်ဆိုတာ ထောက်ခံနေသလိုပဲ။ အဲ့ကျတော့ ဝိန်သုန်းနီရဲ့ မျက်နှာပေါ်က အပြုံးက ပိုပြီး တောက်ပလာတယ်။

သူမ ဟုန်ယောင်ရဲ့ နေရာကို သေချာပေါက်ရမယ်ဆိုပြီး အပိုင်တွက်ထားတယ်။ သူမက ဒီအနုပညာလောကထဲမှာ လုံးဝကြီး အသစ်မဟုတ်ဘူးလေ။ လူတော်တော်များများက သူမဘယ်သူလဲ ဆိုတာ သိကြတယ်။ သူမနာမည်ကို ကြားဖူးကြတယ်။ တစ်ခြား ဝင်ပြိုင်တဲ့သူတွေကတော့ ဒီလိုမဟုတ်ကြဘူး။ အများစုက ဒီမတိုင်ခင်တုန်းက အရံလိုလို ဖြတ်လျှောက်လိုလိုပဲ သရုပ်ဆောင်ဖူးကြတာလေ။ သူတို့မှာ ပြောစရာ သရုပ်ဆောင်အရည်အချင်းရော အတွေ့အကြုံရော မရှိကြဘူးလေ။ ဟုန်ယောင်က အကြမ်းဖျင်းပြောရရင် ပြည့်တန်ဆာတစ်ယောက်ပဲ။ သူမနေရာကို သရုပ်ဆောင်ရတာ လွယ်တယ်။ ဒီကာရိုက်တာကို လာပြိုင်ဖို့ရွေးချယ်တဲ့အထိ ရူးတဲ့သူတွေကို သူမဖြုတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး။ အဲ့ထဲမှာ အထူးသဖြင့် မိန်းမတစ်ယောက်ပေါ့။ သူမကို ရိုက်ချဖို့ သူမ မစောင့်နိုင်တော့ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now