အပိုင်း(၁၁၈)ဖိနှိပ်ခံ

4.4K 492 9
                                    

Unicode
သူမ စာရွက်အပိုင်းလေးကိုဖွင့်ပြီး သူမရဲ့နံပါတ်ကိုကြည့်လိုက်တယ်။ သူမက ၅၇တဲ့။ အကြာကြီးစောင့်ရတော့မှာပဲ။

ရီလင်းက နံပါတ်စဥ္ခေါ်တဲ့နေရာကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့တယ်။ သူမက နံပါတ်အစပိုင်းလောက်ကထဲက အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။ ၅၀ကျော်ကိုလဲ ရောက်ရော သူမက စိတ်လှုပ်ရှားလွန်းလို့ တုန်တောင်တုန်နေပြီ။

၅၅..... ၅၆......

" ဟွမ်ဟွမ် နင့်အလှည့်ရောက်ပြီ " ရီလင်းက စကားလုံးတွေကို မနည်းညစ်ပြောနေရတယ်။
" Oh my god!!! ငါတို့အလှည့်ဟ။ ဘယ်လိုလုပ်ကြမလဲ။ "

ယန်ဟွမ်က မတ်တပ်ရပ်လိုက်တယ်။ သူမ ရီလင်းကို ဖက်လိုက်ပြီး သူမပုခုံးကို ပုတ်လိုက်တယ်။ " စိတ်မပူနဲ့။ အားလုံးအဆင်ပြေသွားမှာ။ "

ယန်ဟွမ်က audition ဖြေမဲ့ အခန်းထဲကို ဝင်သွားတယ်။ ဒါရိုက်တာကျင်းက သူမကို မြင်တော့ ပြုံးပြပြီး အားပေးတဲ့အနေနဲ့ ခေါင်းငြိမ့်ပြတယ်။ သူ့မျက်နှာပေါ်က ယုံကြည်ချက်တွေနဲ့ ပြည့်နေတာမို့လို့ ယန်ဟွမ်လဲ စ်တ်သက်သာရာရသွားတယ်။ သူမဖြေမဲ့ role ကို ဝိန်သုန်းနီကို ပေးပြီးသွားမှာ သူမကြောက်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲ့လိုဖြစ်ပုံမရဘူး။

ယန်ဟွမ်က စင်မြင့်ပေါ်ကို လှမ်းလိုက်တယ်။ သူမစကားပြောမလို့ ပါးစပ်ကိုဖွင့်လိုက်တယ်။ ဒါပေမဲ့ အဲ့တာကို တံခါးဖွင့်လိုက်တဲ့အသံက ဝင်နှောင့်ယှက်သွားခဲ့တယ်။ ဝိန်သုန်းနီက ရန်လိုစွာလျှောက်ဝင်လာခဲ့တယ်။
ယန်ဟွမ့်ရဲ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ ဝ်ိန်သုန်းနီက ဘာလို့ ဒီမှာရှိနေရတာလဲ။

ယန်ဟွမ် သူမကို နောက်ဆုံးတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ။ ဒါပေမဲ့ ဝိန်သုန်းနီကြည့်ရတာ သင်ခန်းစာရနေတဲ့ပုံပါပဲ။ သူမက အခု အရင်က သူမရဲ့ မာနကြီးပြီး တစ်ခြားသူတွေထက်သူမကမီ မြင့်မြတ်တယ်ဆိုတဲ့ စိတ်သဘောထားကို ပြောင်းလဲလိုက်ပြီထင်တယ်။ အခု သူနက အရင်ကထက်ပိုပြီး နှိမ့်ချတက်လာပြီး ယဥ္ကျေးလာသလိုရှိနေတယ်။ တစ်ခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် သူမက ပိုတော်လာပြီပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now