အပိုင်း(၁၆၀)အောင်မြင်မှု လမ်းကြောင်းပေါ်သို့

3.8K 528 15
                                    

Unicode
box office ကို အသာထားလိုက်ဦး။ အခု သူမအတွက် အခုချိန်မှာ အရေးတကြီးလိုအပ်နေတာက သူမရဲ့ imageကို မြှင့်တင်ပေးမဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ။ အနုပညာလောကထဲမှာ နေရာတစ်ခု ခြေကုတ်ထားနိုင်ဖို့၊ သူမနေရာလေး လုံခြုံနေဖို့ ပြီးတော့ အားလုံးကို သူမက အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်ဖို့အတွက် အဲ့လို ဇာတ်ကားကောင်းတစ်ကား လိုနေတယ်။

" ဒီတစ်ကား " သူမက Divorced ရဲ့ ဇာတ်ညွှန်းကို ရီလင်းရှေ့ချပေးလိုက်တယ်။

" ဒီတစ်ကား?? " ရီလင်းက ကျန်နေတဲ့ ပေါက်စီတစ်ဝက်ကို ပါးစပ်ထဲအကုန် ထည့်သွပ်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်တယ်။

" ဟွမ်ဟွမ် ဒီဇာတ်ကားက နာမည်ကြီးတဲ့လူတစ်ယောက်မှ ပါမှာမဟုတ်ဘူးနော်။ တစ်ခြား ဇာတ်ကား၂ကားကို ရွေးပါ့လား။ အဲ့ဇာတ်ကားတွေထဲမှာ နင်က ဇာတ်လိုက်နေရာကတော့ မရပေမဲ့ ဒုတိယ တတိယ နေရာတွေ ရနိုင်ပါသေးတယ်ဟ။ ငါ နင့်သရုပ်ဆောင်အရည်အချင်းကို ယုံကြည်ချက်ရှိတယ်။ နင်သေချာပေါက်လုပ်နိုင်မှာပါ။ ငါပြောချင်တာကလေ နင်က အခု လျန်ချန်နဲ့တောင် အပြိုင်သရုပ်ဆောင်နိုင်မှတော့ ဒီဇာတ်ကားတွေမှာလဲ ထူးခြားပြီး အမှတ်တရဖြစ်စေနိုင်လောက်တဲ့ သရုပ်ဆောင်ချက်တွေလုပ်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်။ တစ်ကယ်တော့ ငါက ဒီဇာတ်ကားကို အာရုံကောင်းတွေရနေတယ် သိလား။ " သူမက ဇာတ်ညွှန်းတွေထဲကတစ်ခုကို ကောက်ယူလိုက်တယ်။

" ငါ့အထင်တော့ Sword God က ရုပ်ရှင်ကောင်းတစ်ခုပဲ။ ဒီဟာက တော်တော်အောင်မြင်လိမ့်မယ်လို့ ငါခံစားချက်ရနေတယ်။ "

ရီလင်းက သူမရွေးချယ်ထားတဲ့ ဇာတ်လမ်းအကြောင်းကို အရမ်းကို စိတ်အားထက်သန်စွာနဲ့ ပြောပြနေတယ်။ အေဂျင်စီကနေ ဇာတ်ကား၃ကားရဲ့ ဇာတ်ညွှန်းတွေကို ယူလာပြီးကထဲက သူမက ဒီဇာတ်ကားအပေါ်ကို စိတ်ဆုံးဖြတ်ပြီးသွားပြီ။ ဒီဇာတ်ကားက အနုပညာလောကထဲမှာ နာမည်တစ်လုံး အခိုင်အမာရထားတဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ စုန့်ဟုန်ရှိန်း ရဲ့ ဘတ်ဂျက်အကြီးဆုံး ရုပ်ရှင်တစ်ခုဖြစ်တယ်။ သူ့ရုပ်ရှင်တွေက အမြဲပေါက်တာချည်းပဲ။ ပြီးတော့ သူက သရုပ်ဆောင်ရွေးတဲ့နေရာမှာ အရမ်းချေးများတယ်လို့လဲ လူသိများတယ်။ သူက သူ့ဇာတ်ကားတွေမှာ နာမည်ကြီး A-list သရုပ်ဆောင်တွေကိုပဲ သုံးတာကိုး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now