အပိုင်း(၁၆၆) ငါတို့အသက်ကြီးသွားရင်တောင် တူတူရိနေမယ်

3.6K 532 9
                                    

Unicode

ရှန်းခဲက ရုတ်တရက်ရယ်လိုက်တယ်။ အဲ့အချိန်ခဏအတွင်းမှာပဲ တက္ကသိုလ်တုန်းက ရှန်းခဲအဖြစ်ကို ပြန်ရောက်သွားသလိုပဲ။ စုန့်ယန်နဲ့ပထမဆုံး စတွေ့တုန်းက အချိန်ကိုပေါ့။ ဒါပေမဲ့ စုန့်ယန်ကတော့ အဲ့တာတွေအကုန်လုံးကို လုံးဝမေ့သွားခဲ့ပြီ။ သူတို့ လက်ထပ်ထားတာ အခုမှ ၅နှစ်ပဲရှိသေးတာ။ ဒါပေမဲ့ သူက သူမကို မချစ်တော့ဘူး။ သူတို့တူတူလုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို အလေးမထားတော့ဘူး။

" ငါကွာရှင်းချင်တယ် "

" ရှန်းခဲ နင်စိတ်မှန်သေးရဲ့လား " စုန့်ယန်က ကွာရင်းမယ်ဆိုတဲ့ အတွေး တစ်ခါမှ မပေါ်ခဲ့ဘူး။ သူကအခုမှ ကုမ္ပဏီထောင်ပြီးခါစပဲရှိသေးတာလေ။ အခုကွာရှင်းလိုက်မယ်ဆိုတဲ့သဘောက သူ့ပိုင်ဆိုင်မှုရဲ့ တစ်ဝက်ကို ရှန်းခဲကို ခွဲပေးရမယ်လို့ ဆိုလိုတာမလား။ ပြီးတော့ ရှန်းခဲက သူအိမ်ထောင်ရေးဖောက်ပြန်တဲ့အကြောင်းကို အားလုံးကို လိုက်ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့တာဆို သူ့ဂုဏ်သိက္ခာက ပြန်အဖတ်ဆယ်လို့ရတော့မှာ မဟုတ်တော့ဘူး။

" ငါက လုံးဝကြီးကို ရူးသွားတာလေ " စုန့်ယန်က ဘာတွေကို တွေးပူနေတာလဲဆိုတာ ရှန်းခဲက တစ်ခါထဲ မြင်နိုင်နေတယ်။ သူတို့က လက်ထပ်ထားတာ ၅နှစ်ရှိပြီ။ အဲ့တာတောင် စုန့်ယန်က သူမအပေါ် သစ္စာဖောက်နေပြီလေ။ သူတို့ အတူဆက်နေလို့ရော ဘာထူးမှာလဲ။

သူမ သူ့ကို မြင်လိုက်တိုင်း ရွံလွန်းလို့ အန်ချင်တာပဲ ရှိတော့တယ်။

" ငါ မင်းကို ကွာရှင်းပေးမှာ မဟုတ်ဘူး " စုန့်ယန်က အမြန်ထရပ်လိုက်ပြီး အဝေးကို လျှောက်သွားတယ်။

" စိုးရိမ်မနေနဲ့ " ရှန်းခဲက သူ့နောက်ကျောကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်။

" ငါနင့် ပိုင်ဆိုင်မှုရဲ့ တစ်ဝက်ကို တောင်းမှာ မဟုတ်ဘူး။ ငါနင့်ဆီကလိုချင်တာဆိုလို့ လွန်ခဲ့တဲ့၅နှစ်အတွက် ငါ့လစာကိုပဲ။ ပြီးတော့ ဒီအိမ်ဝယ်တုန်းက ငါပေးထားရတဲ့ အိမ်တန်ဖိုးတစ်ဝက်ရယ်ပဲ လိုချင်တာ။ နင့်ကားတွေ၊ နင့်ကုမ္ပဏီ ပြီးတော့ ကျန်တဲ့ နင့်ပိုက်ဆံတွေအားလုံးကို နင်ပဲ သိမ်းထားနိုင်တယ်။ ငါ ဘာမှ မလိုချင်ဘူး။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now