အပိုင်း(၃၅) လမ်းဘေးကြောင်လေး

5.2K 674 4
                                    

Unicode
" အင်း ငါ တစ်ခုခုသွားဝယ်မလို့ " ယန်ဟွမ် အချိန်ကို ကြည့်လိုက်တယ်။ ဟင်းသီးဟင်းရွက်သွားဝယ်ဖို့ အချိန်ရသေးတာပဲ။

" သွားလေ " ရီလင်းက သူမရဲ့လက်ကို အရူးလိုမျိုး ယမ်းပြတယ်။ မသိရင် ယန်ဟွမ်က သူမရဲ့ အေးချမ်းတိတ်ဆိတ်နေတာကို နှောင့်ယှက်မှာကျနေတာပဲ။ ယန်ဟွမ်က အနေအေးတဲ့လူမျိုး။ သူမ မသိတဲ့ လူတွေနဲ့ဆိုရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ စကားစပြောရမှာတောင် ဝန်လေးတဲ့လူမျိုးလေ။

သူမ တံခါးကို ပိတ်လိုက်တယ်။ ရာသီဉတုက သာယာနေတာပဲ။ သူမ လက်ကို မျက်လုံးအပေါ်ကို ကာလိုက်ပြီး သူမရဲ့အဆုတ်ထဲမှာရှိတဲ့ မကောင်းတဲ့လေတွေကို ရှူထုတ်လိုက်ပြီး အပြင်က လတ်ဆတ်တဲ့လေတွေကို ညင်ညင်သာသာလေး ရှူသွင်းလိုက်တယ်။ အဲ့ဒါက သူမကို လန်းဆန်းသွားစေတယ်။

ဒါပေမဲ့ သူမ ဗိုက်ကတော့ နဲနဲနေလို့မကောင်းသေးဘူး။

သူမ အခုဆင်းဆင်းရဲရဲ နေရတုန်းပေမဲ့ ....

သူမ အသက်ရှင်နေတာကိုပဲ အရမ်းကျေးဇူးတင်မိတယ်။

သူမ အဝေးမှာရှိတဲ့ ကောင်းကင်ပြာကြီးကို ကြည့်ပြီး ပြုံးလိုက်တယ်။ အင်း..... မတွေ့ရတာကြာပြီနော်.... ငါ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ.... ပြီးတော့ ငါ့ရဲ့ ရန်သူတွေ.....

သူမ အိတ်ကို လွယ်လိုက်ပြီး ပထမဆုံး စူပါမားကပ် ကို သွားပြီး လိုအပ်တာတွေ ဝယ်လိုက်တယ်။ ပြီးမှ ကြောင်စာထုပ်ကို သတိရလို့ အပြေးပြန်ဝယ်လိုက်ရသေးတယ်။

သူမ မှတ်မိတဲ့အတိုင်း လမ်းလျှောက်လာခဲ့တယ်။ အရင်ရက်တွေတုန်းက သူမ ဒီနေရာလောက်မှာ လမ်းလျှောက်ရင်းနဲ့ လမ်းဘေးကြောင်လေးကို တွေ့ခဲ့တယ်။ အဲ့မှာ ကြောင်ပေါက်လေး၃ကောင် မွေးထားတာ။ သူမ အဲ့ကြောင်ပေါက်လေးတွေကို အိမ်ခေါ်ဖို့ကြိုးစားခဲ့သေးတယ်။ သူမနဲ့ ရီလင်းတို့က သိပ်မအားကြဘူး၊ သိပ်မချမ်းသာကြဘူးဆိုပေမဲ့လို့တော့ ဒီကြောင်ပေါက်လေးတွေကိုတော့ မွေးထားဖို့တက်နိုင်ပါသေးတယ်။

ဒါပေမဲ့ ကြောင်အမေကြီးက လူတွေကို မကြိုက်ဘူး။ အဲ့တာကြောင့်သူမ ကြောင်ပေါက်လေးတွေနားကို မကပ်နိုင်ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now