ကျွန်တော့်နာမည်က ရဲ့ချန်ပါ...အသက်က ၁၇ နှစ်ရှိပါပြီ...ကျွန်တော်က ဝေးလံခေါင်ဖျားတဲ့ရွာလေးတစ်ရွာမှာ အဘိုးဖြစ်တဲ့သူနဲ့အတူကြီးပြင်းခဲ့တဲ့အတွက် ကျွန်တော့်ဘဝက သာမန်ကောင်လေးတစ်ယောက်နဲ့ အတူတူပါပဲ... သို့သော် မထင်မှတ်ဘဲ ကျွန်တော့်အဘိုးသေဆုံးသွားတော့ ကျွန်တော့်ဘဝက ပြောင်းလဲသွားပါတယ်...ကျွန်တော့်ကို ဘယ်သူမှ ဂရုမစိုက်ချင်ကြတဲ့အတွက်ကြောင့် အမှီအခိုမရှိဘဲ နေထိုင်ဖို့ စတင်ခဲ့ရပါတယ်...အသက်ဆက်ပြီးရှင်သန်ဖို့အတွက် အချိန်ခွဲပြီး အလုပ်လုပ်ရပါတော့တယ်...ပြီးတော့ အဆင့်အတန်းတစ်ခုကြောင့် မယ်မယ်ရရပညာရပ်တစ်ခုရဖို့ မြို့က ကျောင်းမှာ ပညာသင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်......
ကျွန်တော် ဟွာချင်းကျောင်းမှာ ပညာသင်နေပါတယ်...သုံးလလောက်ကြာတော့ ကျွန်တော့်မှာ ကောင်လေးသူငယ်ချင်းတစ်ယောက် ရလာပါတယ်..
ဪ ဒါနဲ့...ကျွန်တော့် ကောင်မလေးနာမည်က ယွိထမ်ပါ...ပုခုံးလောက်ရှည်တဲ့ဆံပင်... ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ၁၅၅ စင်တီမီတာလောက် အရပ်ရှည်ပါတယ်...သူမက ကျောင်းပန်းတစ်ပွင့်မဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ ကောင်မလေးတစ်ယောက်ပါ...ကျွန်တော်တို့ ၉ လလောက်ကြာအောင် တွဲခဲ့ကြပါတယ်...ဒါပေမယ့် ဒုတိယနှစ်ရောက်လာတော့ ကျွန်တော်တို့ကို မတူတဲ့အခန်းတွေမှာ နေရာချပေးခြင်းခံလိုက်ရပြီး ယွိထမ်ရဲ့ သဘောထားတွေက ပြောင်းလဲသွားပါတော့တယ်...
ဒါက ကျွန်တော့်ရဲ့ ပုံပြင်လေးပါ...
ဒီနေ့က တနင်္ဂနွေနေ့လေ...ကျောင်းနဲ့ သူမရဲ့အလုပ်က အားလပ်ရက် ပေးပါတယ်... ။မနေ့က ရဲ့ချန်ရဲ့ လစာထုတ်ရက်ပါ။ ဒါကြောင့် သူ ယွိထမ်ကို စတာဘက်မှာ စားသောက်ဖို့ ခေါ်မယ်လို့ ရည်ရွယ်ထားပါတယ်။
ရဲ့ချန်ရဲ့အချိန်ပိုင်းလစာက သိပ်မများသော်လည်း လစဉ် အချိန်မှန် အစားအစာ စားဖို့တော့ လုံလောက်ပါတယ်။ တခါတရံ သူအလုပ်လုပ်တဲ့နေရာက စားကြွင်းစားကျန်လေးတွေကိုစားရပါတယ်။ ဒါကြောင့်လည်း ယွိထမ်ကို စတာဘက်မှာ စားဖို့ သူခေါ်နိူင်တာပါ။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...