အခန်း (၁၅၆) တဏှာရူး

271 14 0
                                    

" ယောက်ျား ဒါဆို နင်က ဘာကိုစောင့်နေတာလဲ၊ ငါကို မြန်မြန် ပြော " ချောင်ယမ်ယမ်က ရဲ့ချန် နှင့် ချမ်မုန့်ယမ်တို့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အလွန်အမင်း သိချင်စိတ် ပြင်းပြနေပေသည်။

ရဲ့ချန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ဖောက်သည်ချလိုက်တော့သည်။ " ခစ် ခစ် ခစ် ... ယောက်ျားကတော့ ငါထင်ထားတဲ့ အတိုင်းပဲ " ချောင်ယမ်ယမ်တစ်ယောက် ရဲ့ချန်ဆီက အဖြေကိုကြားပြီး အလွန်တရာ ပျော်ရွှင်သွားလေသည်။

ရဲ့ချန်က ချမ်မုန့်ယမ်ကို အမှန်တကယ် မခံချင်အောင် စနိုင်ပေသည်။ ရလဒ်အနေဖြင့် သူမက ရဲ့ချန်​၏လက်ထဲတွင် ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားလေသည်။

" အဲဒီဓာတ်ပုံတွေ ဘယ်မှာလဲ " ချောင်ယမ်ယမ်က ချမ်မုန့်ယမ်​၏ ကိုယ်တစ်ဝက်ဗလာ ဓာတ်ပုံများကို အမှန်တကယ် မြင်တွေ့ချင်နေသည်။

ရဲ့ချန်က ဖုန်းကိုထုတ်ယူပြီး ချောင်ယမ်ယမ့်ကို ပြလိုက်လေသည်။

ချောင်ယမ်ယမ်က ရဲ့ချန်​၏လက်ထဲက ဖုန်းကို ချက်ချင်း ဆွဲယူလိုက်သည်။ ထိုဓာတ်ပုံများကို မြင်မြင်ချင်း ချောင်ယမ်ယမ်တစ်ယောက် အကြီးအကျယ် ကျေနပ်မှုနှင့်အတူ ပြုံးမိသွားလေသည်။

သူမက ထိုဓာတ်ပုံများကို သူမ​၏ဖုန်းထဲသို့ ပို့ပြီး ရဲ့ချန်​၏ဖုန်းထဲက ဓာတ်ပုံများကို ဖျတ်ပစ်လိုက်သည်။

" ရော့ ဒီမှာ နင့်ဖုန်း " ချောင်ယမ်ယမ်တစ်ယောက် ချမ်မုန့်ယမ်ကို လက်စားချေရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေတော့သည်။

ရဲ့ချန်က ချောင်ယမ်ယမ် လှမ်းပေးသော သူ​၏ဖုန်းကို ပြန်ယူလိုက်သည်။ သို့သော် သူ​၏ဖုန်းထဲတွင် ချမ်မုန့်ယမ်​၏ဓာတ်ပုံများက မရှိတော့ကြောင်း မြင်လိုက်ရ​၏။ " ယမ်ယမ် နင် ငါ့ဖုန်းထဲက ချမ်မုန့်ယမ်ရဲ့ ဓာတ်ပုံတွေကို ဘာဖြစ်လို့ ဖျတ်ပစ်တာလဲ " ချမ်မုန့်ယမ်​၏ဓာတ်ပုံများက သူမကို ခက်ခဲစေမည့် အဓိက လက်နက်များပင် မဟုတ်ပါလား။ သို့မှသာ သူမက နောက်ကျ သူတို့ကို ပြဿနာ ထပ်မရှာတော့မည် ဖြစ်​၏။

" ယောက်ျား ဒီဓာတ်ပုံတွေကို ငါပဲသိမ်းထားလိုက်တော့မယ်လေ၊ အားလုံးပြီးတော့ နင့်ရဲ့စိတ်ကို အာသာဖြေဖို့အတွက် ဒီလို ရုပ်ဝတ္ထုပစ္စည်းတွေကို အသုံးပြုနေဖို့ မလိုတော့ဘူးလေ " ချောင်ယမ်ယမ်က ကျီစယ်လိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now