အခန်း (၁၄၁) လီချင်းကျူတို့ မိသားစု၏ ခက်ခဲသော အချိန်များ

254 16 0
                                    

" ဟီဟီဟီ နင် ငါ့ကို ပိုက်ဆံနည်းနည်းလောက် ပေးမယ်ဆိုရင် ငါပြန်မှာပါ " ဟူထင်သည် ရှုမိန်ဆီမှ အရှက်မဲ့စွာ ပိုက်ဆံ လက်ဖြန့်တောင်းနေသည်။

" ငါတို့မှာ နင့်ကို ပေးစရာ ပိုက်ဆံမရှိတော့ဘူး၊ နင်ထွက်သွားတာ ပိုကောင်းလိမ့်မယ်နော် ဟူထင် " ရှုမိန်သည် စိတ်ဆိုးလွန်းသဖြင့် ဟူထင့်ကို စူးစူးဝါးဝါး အော်ဟစ် ပြောဆိုလိုက်သည်။

ရှုမိန်က ဟူထင့်ကို အလွန်တရာ မုန်းတီးမိပါသည်။ ထိုလူက သူမနှင့် သမီးဖြစ်သူ​၏ဘဝကို ဖျက်ဆီးခဲ့ရုံသာမက အကြွေးအမြောက်အမြားကိုလည်း တင်အောင် လုပ်ခဲ့သည် မဟုတ်ပါလား။

အစက ဟူထင်သည် အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူမတို့နှစ်ဦးပေါင်းပြီး ကိုယ်ပိုင် အဝတ်စားအရောင်းဆိုင် သေးသေးလေး တစ်ခုကိုတောင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုအချိန်က သူမတို့​၏ဘဝလေးက မပူမပင် မကြောင့်မကြ နေထိုင်ခဲ့ရသည်။

သို့သော် တစ်နေ့တော့ ဟူထင်က လောင်းကစားတစ်ခု​၏နာမည်ကို စတင် သိရှိလာခဲ့သည်။ ထို့နောက် ဟူထင်က သူမတို့ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ရောင်းချ ပေါင်နှံပြီး လောင်းကစားလုပ်ပစ်လိုက်တော့သည်။

တဖြည်းဖြည်း ပစ္စည်းများက ဟူထင်​၏ဖြုန်းတီးမှုကြောင့် လုံးပါးပါးခဲ့ရသည်။ ထို့နောက် သူက စိတ်ဓာတ်ကျပြီး အိမ်နှင့်ခြံကို ကျိဟောင်ထံတွင် မိုက်မိုက်မဲမဲ ပေါင်နှံပစ်လိုက်သည်။

အစကတော့ အိမ်ကို ဒေါ်လာ တစ်ဆယ်ဖြင့်သာ ပေါင်နှံခဲ့ခြင်း ဖြစ်သည်​။ သို့သော် နှစ်ကြာလာသည်နှင့်အမျှ အတိုးပေါ်အတိုးဆင့်ပြီး အကြွေးက ဒေါ်လာ ငါးသောင်းအထိပင် ရှိလာခဲ့သည်။ ထိုကဲ့သို့ များပြားလှသော ငွေကြေးကို ရှုမင်တစ်ယောက် မည်သို့ ပြန်ဆပ်ရမှန်းပင် မသိတော့ချေ။

ဤအိမ်နှင့်ခြံက လီချင်းကျူ​၏အဘိုးဖြစ်သူထံမှ အမွေရထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရှုမိန်က ဤအိမ်နှင့်ခြံကို မည်သည့်နည်းနှင့်မျှ အဆုံးရှုံး မခံနိုင်ပေ။

" အဲ့ဒါက ငါ့ကိစ္စမဟုတ်ဘူးလေ၊ နင်တို့ ငါ့ကို ပိုက်ဆံမပေးဘူးဆိုရင်တော့ ငါလည်း ဒီနေရာက ထွက်သွားမှာ မဟုတ်ဘူး " ဟူထင်က ပိုက်ဆံမပေးလျှင် ထွက်သွားမည် မဟုတ်ကြောင်း ခြိမ်းခြောက်လိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now