အခန်း (၅၆) အဆိပ်

291 23 0
                                    

လျှို့ယွဲ့တစ်ယောက် ရဲ့ချန်အား ဖမ်းချုပ်ထားသော အခန်းထဲသို့ ဝင်ရောက်လာသည်။ သူမ အထဲရောက်လာသောအခါ ရဲ့ချန်အား ထိုင်ခုံနဲ့တွဲပြီး လက်ထိပ်ခတ်ထားသည်ကို မြင်လိုက်ရသည်။ ရဲ့ချန်အား ဖမ်းလာသော ရဲမေကတော့ ဆန့်ကျင့်ဘက်အရပ်သို့ မျက်နှာမူထားသည်ကို တွေ့လိုက်ရသည်။

လော့ဘင်က ရဲ့ချန်အား တိုက်ရိုက် မကြည့်ရဲသေးပေ။ အခန်းတံခါးဖွင့်သံကြားလိုက်ပြီးသည်နှင့် လော့ဘင်တစ်ယောက် အထဲသို့ဝင်လာသော မိန်းကလေးအား ချက်ချင်း အာရုံစိုက်လိုက်တော့သည်။

လျှို့ယွဲ့ " ဟဲလို... ကျွန်မက လျှို့ယွဲ့ပါ။ ရဲ့ချန်ကို အာမခံလုပ်ပေးဖို့ လာတာပါ " သူမက ချက်ချင်း သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။

လော့ဘင် " ရှင် ဒဏ်ကြေးဆောင်ပြီးရင် ဒီလူဆိုးကောင်ကို ချက်ချင်း ခေါ်သွားလို့ရပြီ။ ဒါပေမယ့် နောက်တစ်ခါ ယာဉ်စည်းကမ်းချိုးဖောက်ပြီး ရဲတွေဆီက ထွက်မပြေးဖို့တော့ လိုတယ်။ ဒီတော့ နောက်တစ်ကြိမ် ဒီလိုထပ်လုပ်ရင် ဒီလောက်နဲ့မပြီးဘူးဆိုတာ သဘောပေါက်ထားပါ " သူမက လျှို့ယွဲ့အား လိုက်နာရမည့် ဥပဒေများကို ရှင်းပြလိုက်သည်။

လျှို့ယွဲ့ " ကျွန်မ ဒဏ်ကြေးပေးပြီးပါပြီ။ ဒီတော့ သူ့ကို ဒီနေရာက ခေါ်သွားလို့ ရပြီလား "  သူမက ဤအခန်းထဲသို့ ဝင်မလာခင်ကတည်းက ရဲ့ချန်အတွက် အာမခံကြေး ပေးဆောင်ပြီးပြီ ဖြစ်သည်။

လျှို့ယွဲ့က ဒဏ်ကြေးပေးပြီးပြီဖြစ်တာကြောင့် လော့ဘင်သည်လည်း ရဲ့ချန်ကိုဖမ်းထားသော လက်ထိပ်များကို ဖွင့်ပေးလိုက်တော့သည်။ " ရှင် အခု သွားလို့ရပြီ " သူမက အဝေးသို့ ကြည့်ရင်း ပြောလိုက်သည်။

လျှို့ယွဲ့လည်း အဘယ်ကြောင့် ထိုအမျိုးသမီးက ထူးထူးဆန်းဆန်းဖြစ်နေသည်ကို မသိရှိနေပေ။ သူမ၏လာရင်းကိစ္စက ရဲ့ချန်အား အာမခံပေးဖို့ပင် ဖြစ်သည်။ ထို့ကြောင့် တက်နိုင်သလောက် ဤနေရာမှ ရဲ့ချန်အား ခေါ်ထုတ်သွားလေတော့သည်။

" ခဏလေး နေပါအုံး။ ကျုပ် လော့ဘင်ဆီက တစ်ခုခု လိုချင်တာ ရှိသေးတယ် " ထို့နောက် ရဲ့ချန်ဟာ လော့ဘင်ဆီသို့ ပြန်လှည့်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now