အခန်း (၁၆၀) စုယုယု

241 15 0
                                    

“ ကျေးဇူးအများကြီး တင်ပါတယ် “ မိန်းမချောလေးက ရဲ့ချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
“ မင်းက ပထမနှစ်က စုယုယုလေး မဟုတ်လား “ ကျန်းချောင်က ထိုမိန်းကလေးကို သိပုံ ပေါ်သည်။
“ ရှင် ဘယ်လိုလုပ် သိတာလဲ “ မိန်းကလေးက မေးလိုက်သည်။
“ ဟဟဟ … တကယ်တော့ ကိုယ် မင်းအကြောင်းကို ကောင်းကောင်း သိပါတယ်၊ လူတွေက မင်းကို လိုလီ နို့ပြားမလို့ ခဏခဏ ခေါ်နေတဲ့ဥစ္စာ “ အတင်းအဖျင်း စကားများကို နှစ်သက်တတ်သော ကျန်းချောင်က လိုလီလှလှလေးတစ်ယောက်ဖြစ်သည့် စုယုယုကို အသေအချာ သိနေမည် ဖြစ်သည်။
“ ငါ့ကို လိုလီ နို့ပြားမလို့ ဘယ်သူခေါ်တာလဲ၊ ငါ့အသက်က ၁၄ နှစ် ရှိနေပြီ ဟဲ့ “ စုယုယုသည် ကျန်းချောင်က သူမကို လိုလီ နို့ပြားမဟု ခေါ်လိုက်သောကြောင့် အတော်လေး နှာကစ်သွားလေသည်။
ထို့ကြောင့် သူမက ဒေါသထွက်ထွက်နှင့် ကျန်းချောင်၏ပေါင်ကြားကို ကန်ချက်တစ်ချက် ခပ်ပြင်းပြင်း ကျွေးလွှတ်လိုက်လေသည်။
“ အု … အု … “ သဘောအကျ ကြီးကျနေသော ကျန်းချောင်တစ်ယောက် ရုတ်တရက် သူ၏ပေါင်ကြားမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူ၏ညီတော်မောင်လေးကို ဆုပ်ကိုင်ရင်း မြေပေါ်သို့ ဒူးထောက်ကျသွားလေသည်။ ထိုလိုလီမ စုယုယုက သူ၏အဖိုးတန်နေရာလေးကို အမှန်တကယ် အားကြီးနဲ့ ကန်ဝံ့သည်။
စုယုယုက ကျန်းချောင်၏ပေါင်ကြားကို အားပြင်းပြင်းနှင့် ကန်လွှတ်လိုက်သည်ကို ကြည့်ရင်း ရဲ့ချန်ပင် အနည်းငယ် တုန်လှုပ်သွားလေသည်။
စုယုယုက ရဲ့ချန်ဘက်သို့ ပြန်လှည့်လာသည်။ “ ဒါက .. ရှင် တိုက်ခိုက်တာကို ကျွန်မ မြင်ပြီးသွားပြီ၊ အဲဒါက တကယ် မိုက်တယ်၊ ကျွန်မ ရှင့်ဆီက သိုင်းပညာ သင်လို့ရမလား “ စုယုယုက သူမ လိုအပ်သည့်အရာကို ချက်ချင်း တောင်းဆိုလိုက်သည်။
“ အာ … မင်းက ဘာဖြစ်လို့ ငါ့ဆီက ရုတ်တရက်ကြီး သိုင်းပညာ သင်ချင်လာရတာလဲ “ ရဲ့ချန်က မေးလိုက်၏။
“ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သိုင်းပညာကို အရမ်းကြိုက်လို့ပေါ့ “ သိုင်းပညာအကြောင်းကို ပြောဆိုလိုက်သောအခါ လိုလီမလေး စုယုယု၏မျက်၀န်းထဲတွင် အရောင်များ တောက်လာတော့သည်။
“ သိုင်းပညာဆိုတာ မင်းတို့လို မိန်းကလေးပေါက်စလေးတွေအတွက် အရမ်း အန္တာရာယ်များတယ်၊ မင်း သိုင်းပညာကို မသင်ခင် အရွယ်ရောက်လာတဲ့ထိ စောင့်လိုက်ပါဦး “ ရဲ့ချန်က ပြောလိုက်သည်။
“ ကျွန်မက ကလေးမဟုတ်တော့ပါဘူးဆို၊ ကျွန်မ အသက်က ၁၄ တောင် ရှိနေပြီပဲ ဟာပဲဟာပဲဟာကို “ စုယုယုသည် သူမက ကလေးလေး မဟုတ်ကြောင်း ထပ်မံ ပြောပြလိုက်သည်။
ရဲ့ချန် ခေါင်းကိုက်သွားလေသည်။ “ မင်း သိုင်းပညာ သင်ချင်တယ်ဆိုရင် အနည်းဆုံး အသက် ၁၆၊ ၁၇ လောက် ရှိမှ အဆင်ပြေမှာ၊ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက် ဆက်စောင့်လိုက်ဦး၊ အဲကျရင် ငါ မင်းကို သိုင်းပညာ သင်ပေးမယ်၊ ဟုတ်ပြီလား “ ရဲ့ချန်တွင် ချောင်ယမ်ယမ်၊ လျှို့ယွဲ့ နှင့် စုမန်ချီတို့ကို လေ့ကျင့်ပေးရမည့် ကိစ္စက ရှိနေသေးသည်။ အကယ်၍ ဤလိုလီပေါက်စလေးကိုသာ ပေါင်းထည့်လိုက်မည်ဆိုလျှင် ရဲ့ချန်အတွက် ပို၍ပင် အဆင်မပြေဖြစ်မည်မှာ သေချာသလောက် ရှိ၏။
ထို့အပြင် ဤမိန်းမငယ်လေးက ရဲ့ချန်နှင့် ဘာမျှ မသက်ဆိုင်ပေ။ ဘာအတွက်ကြောင့် သူက စိတ်အညစ်ခံပြီး သင်ကြားပေးရမည်နည်း။
“ သွားရအောင် “ ရဲ့ချန်က ကျန်းချောင်းကို ဒဏ်ရာသက်သာစေရန် ကူညီပေးလိုက်သည်။ ကျန်းချောင်၏ပုံစံက ယခုချိန်ထိ အောက်ပိုင်းဆီက နာကျင်မှုကို ခံစားနေရပုံ ပေါ်နေသည်။
“ လိုလီ ပေါက်စလေး၊ မင်း စောင့်ကြည့်ထားပါ၊ တစ်နေ့နေ့ကျရင် မင်းဒီနေ့လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ် “ ကျန်းချောင်က လိုလီမလေး စုယုယုကို ခြိမ်းခြောက်လိုက်၏။
“ မင်းကလဲကွာ၊ သူက ကလေးပဲ ရှိပါသေးတယ်၊ ဗွေယူမနေစမ်းပါနဲ့ “ ရဲ့ချန်က ကျန်းချောင်းကို ဖြောင့်ဖြ ပြောဆိုလိုက်သည်။
“ ခဏနေပါဦး၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မကို သိုင်းပညာ သင်ပေးပါနော် “ စုယုယုက အလျော့မပေးလိုချေ။ သူမက ရဲ့ချန်၏လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး သိုင်းပညာ သင်ပေးရန် တကျီကျီ ပူဆာနေတော့သည်။
“ ကလေးမလေး ငါ့လက်ကို မြန်မြန် လွှတ်ပေးစမ်း၊ ငါ အခန်းကို ပြန်ရဦးမယ် “ ရဲ့ချန်က မိန်းကလေးဆီက ထွက်ပြေးရန် ကြိုးစားလိုက်သည်။
စုယုယုက ရဲ့ချန်၏လက်ကို လွှတ်မပေးချေ။ လွတ်သွားမှာ စိုးသည့်အလား အလွန်တရာ တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။
ထိုအရာကို ကြည့်ပြီး ရဲ့ချန် အကူညီမဲ့သွားလေသည်။ ထို့ကြောင့် သူက စုယုယုကို မသိကျိုးကျွန်ပြုကာ စာသင်ခန်းဆီသို့ ထွက်လာခဲ့သည်။
စုယုယုက ရဲ့ချန်၏လက်ကို ပွေ့ဖက်ရင်း စာသင်ခန်းသို့ သွားရာလမ်းတစ်လျှောက် ကန့်လန့်ကန့်လန့်ဖြင့် လိုက်ပါလာလေသည်။
ရဲ့ချန်ကို စုယုယုက ပွေ့ဖက်ပြီး လိုက်ပါလာသည်ကို ကြည့်ရင်း ကျန်းချောင်းတစ်ယောက် တခွိခွိဖြင့် သဘောကျနေလေသည်။
“ မင်း ငါ့ကို ဘယ်အချိန်ထိ ဖက်ထားဦးမှာလဲ၊ သွား မင်းအခန်းဆီ မြန်မြန် ပြန်တော့ “ အခန်း J ၏အပေါက်၀သို့ ရောက်လာသောအခါ ရဲ့ချန်က မိန်းမငယ်လေးကို သူ့အား လွှတ်ပေးရန် ပေးလိုက်သည်။
“ ဟင့်အင့် … ရှင် ကျွန်မကို သိုင်းပညာ သင်ပေးပါ့မယ်လို့ ကတိမပေးမချင်း ကျွန်မ လုံး၀ လွှတ်မပေးဘူး “ စုယုယုက သူမ၏ရပ်တည်ချက်ကို အခိုင်အမာ ပြသလိုက်သည်။ ရဲ့ချန်က သူမကို သိုင်းပညာ သင်ပေးပါ့မည်ဟု ကတိမပေးမချင်း သူမက လုံး၀ လွှတ်ပေးမည် မဟုတ်ချေ။
“ မင်း ပြောချင်ရာ ပြောတော့ကွာ “ ရဲ့ချန်က အခန်းထဲသို့ ၀င်ပြီး ချောင်ယမ်ယမ်၏ဘေးသို့ ချက်ချင်း လျှောက်သွားလိုက်သည်။
ချောင်ယမ်ယမ်က ရဲ့ချန် ရောက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် ထူးဆန်းသော အရာသည် ရဲ့ချန်၏လက်မောင်းကို တင်းကြပ်စွာဖက်တွယ်ထားသော မိန်းကလေးတစ်ယောက် ပါလာခြင်းပင် ဖြစ်၏။
“ ရဲ့ချန် ဒီကလေးမလေးက ဘယ်သူလဲ “ ချောင်ယမ်ယမ်က ရဲ့ချန်၏လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားသော မိန်းကလေးအား သိချင်စိတ် ဖြစ်လာ၏။
“ ငါလည်း မသိဘူး၊ ယမ်ယမ် ဒီမိန်းကလေးကို ပထုတ်ဖို့ ငါ့ကို ကူညီပါဦး “ ရဲ့ချန်က ချောင်ယမ်ယမ်ကို အကူညီတောင်းလိုက်လေသည်။
ရဲ့ချန်က စုယုယုကို အဝေးသို့ တွန်းလွှတ်ရန် ကြိုးစားနေရလေသည်။ ထိုအမြင်ကွင်းက အတော်လေး ရယ်စရာကောင်းသော မြင်ကွင်းပင် ဖြစ်ပေချိမ့်။
“ ကလေးမလေး ညည်းနာမည် ဘယ်လိုခေါ်လဲ “ ချောင်ယမ်ယမ်က မိန်းကလေးကို နာမည် မေးလိုက်၏။
“ ကျွန်မက ကလေးမလေး မဟုတ်ဘူး၊ အသက်က ၁၄ နှစ်တောင် ရှိနေပြီ၊ အခုဆို ပထမနှစ်တောင် တက်နေပြီ သိလား “ စုယုယုက သူမကို ကလေးမလေးဟု ခေါ်နေသော ချောင်ယမ်ယမ်၏စကားအား အပြင်းအထန် ကန့်ကွက်လိုက်သည်။
“ ဟုတ်ပါပြီ၊ ငါ နားလည်ပါပြီ၊ ဒီတော့ စုယုယုရေ၊ ညည်း ရဲ့ချန်ဆီက ဘာလိုချင်လို့လဲ “ ချောင်ယမ်ယမ်က အဓိက ပြဿနာကို ချက်ချင်း မေးမြန်းလိုက်သည်။
စုယုယု “ ကျွန်မ သူ့ဆီက သိုင်းပညာ သင်ချင်တယ် “
“ စုယုယု ရဲ့ချန်က အရမ်း အလုပ်ရှုပ်တဲ့ လူတစ်ယောက်ဟ၊ ဒီလိုလုပ် ငါ နင့်ကို သိုင်းပညာ သင်ပေးမယ်လေ “ ချောင်ယမ်ယမ်က ရဲ့ချန်အစား စုယုယုကို သိုင်းပညာသင်ပေးလိုစိတ် ဖြစ်လာသည်။
“ တကယ်လား “ စုယုယုက ရဲ့ချန်၏လက်မောင်းကို ချက်ချင်း လွှတ်ပြီး ချောင်ယမ်ယမ်၏ဘေးသို့ ပြေးသွားသည်။
“ အမချောလေး ကျွန်မကို တကယ် သိုင်းပညာ သင်ပေးမှာပေါ့နော် “ စုယုယုက ချောင်ယမ်ယမ်ကို ချက်ချင်း မေးမြန်းလိုက်သည်။
“ ဒါပေါ့ အမရဲ့ သိုင်းပညာတချို့က ရဲ့ချန်ဆီက ရထားတာလေ “ ချောင်ယမ်ယမ်က အပြုံးကလေးဖြင့် ပြန်ဖြေလိုက်သည်။
“ ရေး ဟေး ဟေး … အခုချိန်က စပြီး အမကို ဆရာလို့ ခေါ်တော့မယ် “ စုယုယုက ရဲ့ချန်ကို အရိုအသေ ပေးလိုက်သည်။
“ မြန်မြန် ထ၊ အခု ညည်းရဲ့အခန်းကို ပြန်တော့၊ ကျောင်းဆင်းတဲ့အချိန်ကျရင် ကျောင်းပေါက်၀မှာ တွေ့မယ် “ ချောင်ယမ်ယမ်က ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်မ နားလည်ပါပြီ “ စုယုယုက အခန်း J မှ ချက်ချင်း ထွက်သွားပြီး သူမ၏အခန်းဆီသို့ ပြန်သွားလေသည်။
ရဲ့ချန်သည် ချောင်ယမ်ယမ်က စုယုယုကို အမိန့်နာခံသွားအောင် လုပ်နိုင်မည်ဟု ထင်မထားပေ။
“ ယမ်ယမ် နင် အဲဒီကောင်မလေးကို ကျင့်ကြံသူတစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးမှာ သေချာလား “ ရဲ့ချန်က မေးလိုက်သည်။
“ ဘာမှ စိုးရိမ်စရာ မရှိပါဘူးဟာ၊ ငါက အဲဒီကောင်မလေးကို တိုက်ခိုက်ရေး သိုင်းကွက် နည်းနည်းလောက်ပဲ သင်ပေးဖို့ ရည်ရွယ်ထားတာပါ “ ချောင်ယမ်ယမ်က ပြောလိုက်သည်။
“ ဆိုတော့ မင်းက အဲဒီကလေးမလေးကို ဂျင်းထည့်လိုက်တာပေါ့ “ ရဲ့ချန်သည် ချောင်ယမ်ယမ်က ဤမျှအထိ ဂျင်းထည့်တော်မှန်း မသိခဲ့ချေ။
“ ဘယ်သူက ဂျင်းထည့်နေလို့လဲ၊ ငါက စုယုယုကို ကျင့်ကြံတစ်ယောက် ဖြစ်လာအောင် သင်ပေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး၊ ငါက သူ့ကို သိုင်းပညာရှင် တစ်ယောက်ဖြစ်လာအောင် သင်ပေးမယ်လို့ပဲ ပြောခဲ့တယ်၊ အဲဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်က မတူဘူး “ ချောင်ယမ်ယမ်က သူမ ပြောခဲ့သော စကားများ၏အဓိပ္ပာယ်ကို ရှင်းပြလိုက်သည်။
“ ကောင်းပြီလေ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အရေးအကြီးဆုံးက အဲဒီမိန်းကလေးက ငါ့ကို အနှောက်အယှက် လာမပေးဖို့ပဲ “ ယခုတော့ ရဲ့ချန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပြီ ဖြစ်၏။
“ ကျွတ် … နင်က ဘာဖြစ်လို့ ဒီလောက် အပျင်းကြီးနေရတာလဲ “ ချောင်ယမ်ယမ်သည် ရဲ့ချန်က ပြန်အိပ်သွားသည်ကို မြင်ပြီး အကူညီမဲ့သွားလေသည်။
ရဲ့ချန်က အိပ်ပျော်သွားပြီ ဖြစ်၏။ ထို့ကြောင့် ချောင်ယမ်ယမ် ပြောလိုက်သော စကားများကို မကြားနိုင်တော့ပေ။
အချိန်က အဆက်မပြတ် ကုန်ဆုံးလျှက် ရှိသည်။ ရဲ့ချန် နိုးလာသောအခါ နောက်ဆုံးအချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ “ နောက်တုံးတော့ အိမ်ပြန်ချိန် ရောက်ပြီပေါ့ “ ရဲ့ချန်တစ်ယောက် အိမ်ပြန်ရန်အတွက် မစောင့်တော့လောက်အောင် ဖြစ်နေသည်။
“ ယောက်ျား အမရို့ချီက နင့်ကို သူ့အခန်းကို လာခဲ့ဖို့ ပြောထားတယ် မလား “ ချောင်ယမ်ယမ် ရဲ့ချန်ကို သတိပေးလိုက်သည်။
“ အင်း ငါ သိတယ်၊ ငါတော့ ဆရာမလင်းဆီက လက်ချာတစ်ခုတော့ ရလိမ့်မယ် ထင်တယ် “ ရဲ့ချန်တစ်ယောက် ဆရာမလင်းရို့ချီ၏ ဆုံးမစကားများကို နားထောင်ရမည် ဆိုသောကြောင့် အကူညီမဲ့သလို ခံစားလိုက်ရ၏။
“ ခစ် … ခစ် … ခစ် … “ ချောင်ယမ်ယမ်က ၀မ်းသာအားရ ရယ်မောနေတော့သည်။
“ ငါ နင့်ကို ကျောင်းပေါက်၀က စောင့်နေမယ် “ ချောင်ယမ်ယမ်က အိတ်ကို ကောက်ယူပြီး အရင်ဆုံး ထွက်သွားလေသည်။
ရဲ့ချန်က ဆရာမလင်းရို့ချီ၏ ရုံးခန်းသို့ ထွက်လာခဲ့သည်။ ကျောင်းလမ်းမကြီးက အတော်လေး တိတ်ဆိတ် ငြိမ်သက်နေပေသည်။ ယင်းသည် ကျောင်းသားအားလုံးက စောစီးစွာ ပြန်သွားသောကြောင့် ဖြစ်ပုံ ပေါ်သည်။
မီတာ အနည်းငယ်ခန့် လမ်းလျှောက် လာပြီးသော် ရဲ့ချန်က ဆရာမလင်းရို့ချီ၏ ရုံးခန်းရှေ့သို့ ရောက်လာခဲ့သည်။
ရဲ့ချန်က အခန်းတံခါးကို ဖွင့်ရန် ပြင်လိုက်သောအခါ အထဲကနေ ဆရာမလင်းရို့ချီ၏ ညည်းညူသံကို ကြားလိုက်ရတော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now