အခန်း (၁၂၂) ရှောင်လုလု

224 14 0
                                    

တိတ်ဆိတ်နေသော အမှောင်ထုအတွင်းက စင်္ကြံလမ်းတစ်လျှောက်တွင် လူတစ်ယောက်​၏ခြေသံများကို ကြားနိုင်​၏။ ရဲ့ချန်သည် မှောင်မဲနေသော မြေအောက်ခန်းထဲသို့ သက်သောင့်သက်သာရှိစွာ လမ်းလျှောက်လာသည်။ သူက လော့ဘင်ကို အကူအညီပေးရန် ဆုံးဖြတ်ချက် ချထားခဲ့သည်။

ရဲ့ချန်တစ်ယောက် ဖြတ်သန်းသွားလာရင်း ရေခဲရုပ်ထုကြီးများကို မရေမတွက်နိုင်အောင် မြင်ခဲ့ရသည်။ ထိုရေခဲရုပ်ထုများသည် လော့ဘင် အေးခဲထားခဲ့သော ပြန်ပေးသမားများ ဖြစ်သည်။

ထိုအေးခဲနေသော လူများက တိုက်ခိုက်ရန် အဆင့်သင့် မဖြစ်သေးပုံ ပေါ်သည်။ ထို့ကြောင့် လော့ဘင်က သူတို့အားလုံးကို အလွယ်တကူ တိုက်ခိုက် အနိုင်ယူလိုက်သည်။

ရဲ့ချန်က ထိုရေခဲရုပ်ထုများကို အလေးမထားဘဲ ရှေ့သို့သာ ဆက်လျှောက်လာသည်။ သူသည် မှောင်မဲနေသော စင်္ကြံလမ်းရှည်ကြီးကို ဖြတ်သန်းပြီး နောက်ဆုံးမှာတော့ စင်္ကြံလမ်း​၏အဆုံးသတ်ကို ရောက်ရှိလာပြီ ဖြစ်သည်။

စင်္ကြံလမ်း​၏အဆုံးသတ်တွင် မီးရောင်များ ထိန်လင်းနေသည့် အလွန်တရာ ကြီးမားသော ခန်းမကျယ်ကြီး တစ်ခန်းကို တွေ့လိုက်ရသည်။

ထိုနေရာတွင် အတော်အတန် ကြီးမားသော ရေခဲလှောင်အိမ် အမြောက်အမြားကိုလည်း မြင်လိုက်ရသည်။ ထိုရေခဲလှောင်အိမ်များထဲတွင်  ဖမ်းဆီးလာသော မိန်းကလေး အားလုံးကို  ချုပ်နှောင်ထားသည်။

ထိုမိန်းကလေးများ​၏မျက်နှာက အလွန်တရာ စိုးရိမ်သောက ရောက်နေကြောင်း သိသာလှသည်။ သူမတို့​၏ဆံပင်များက ရှုပ်ပွနေကြပြီး သူမတို့ ဝတ်ဆင်ထားသော အဝတ်အစားများက မြင်မကောင်းအောင် စုတ်ပျက်နေပြီ ဖြစ်သည်။ ခန္ဓာကိုယ် တစ်ကိုယ်ကလည်း ညစ်ပတ် ပေရေနေပြီး သူမတို့​၏ ခြေထောက်နှင့်လက်များကိုပင် မလှုပ်နိုင်အောင် သံကြိုးဖြင့် တုပ်နှောင်ထားခြင်း ခံနေရသည်။

ရဲ့ချန်သည် ထိုမိန်းကလေးများ​၏ မျက်ကွင်းက ညိုမဲနေကြောင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။ ယင်းသည် ပြန်ပေးသမားများက မိန်းကလေးများကို မည်သို့ ဆက်ဆံကြောင်း ပြသနေသည့် သက်သေပင် ဖြစ်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now