အခန်း (၁၀၇) လုပ်ကြံသတ်ဖြတ်သူများ အသင်းသို့

224 13 0
                                    

" ယောက်ျား... နာမည်ကျော် ကြယ်ပွင့် ဖန်းရွှယ်ကို နမ်းရတာ ဘယ်လိုနေလဲ " လျှို့ယွဲ့က မေးလိုက်သည်။

" ဘာအနမ်းလဲ၊ ဒါက အသက်ကယ်နည်းနဲ့ ကုသတာပဲ ဥစ္စာ " ရဲ့ချန်က ပြောလိုက်သည်။

" နင်က ခုထက်ထိ ငြင်းချင်သေးတယ်ပေါ့ ဟုတ်လား " ထို့နောက် လျှို့ယွဲ့က ရဲ့ချန်​၏ နားရွက်အနားသို့ တိုးကပ်သွားပြီး " ယောက်ျား... ငါ့ကို အနမ်းပေးတုန်းကရော ဘယ်လို ခံစားရလဲ " ထိုသို့ ပြောပြီး လျှို့ယွဲ့က ရဲ့ချန်​၏နားထဲသို့ လေတစ်ချက်ပင် မှုတ်လိုက်သေးသည်။

ဤမိန်းကလေးက ထိုကိစ္စကို တမင်သက်သက် လုပ်ခဲ့ခြင်းပင် ဖြစ်ချိမ့်မည်။ ရဲ့ချန်တစ်ယောက် အသည်းပင် ယားလာတော့သည်။ " နင်က ဒီလို ဘာလို့ မေးတာလဲ၊ နင်ကိုယ်တိုင်ရော အဲ့ဒီ့အဖြေကို သိလို့လား "

" ယောက်ျားကလဲ... ငါက နင့်ပါးစပ်က ထွက်တဲ့စကားကို ကြားချင်လို့ ဟာကို " လျှို့ယွဲ့က ရဲ့ချန်ဆီကစကားကို ကိုယ်တိုင် ကြားလိုသည့်ပုံ ပေါ်သည်။

ရဲ့ချန်​၏လက်တစ်ဖက်က လျှို့ယွဲ့​၏ဇတ်ပိုးပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့နောက် သူမကို အနီးသို့ ဆွဲခေါ်ပြီး အနမ်းပေးလိုက်တော့သည်။

လျှို့ယွဲ့တစ်ယောက် ရဲ့ချန်က ရုတ်တရက် နမ်းချလိုက်သောကြောင့် အံ့အားသင့်သွားတော့သည်။

ရဲ့ချန်က သူ​၏နွယ်ပင်လေးကို လျှို့ယွဲ့​၏ခံတွင်းထဲသို့ ထည့်လိုက်သည်။ လျှို့ယွဲ့သည် ရဲ့ချန်​၏နွယ်ပင်က လာရောက် မိတ်ဖွဲ့သည်ကို ငြင်းဆန်ခြင်း မရှိပါချေ။ သူမကလည်း ရဲ့ချန်​၏နွယ်ပင်ကို ကြိုဆို ထွေးပတ်လိုက်တော့သည်။

ရဲ့ချန်ကလည်း လျှို့ယွဲ့​၏နွယ်ပင်လေးကို လုံးထွေး ရစ်ပတ်လိုက်ပြန်သည်။ အနမ်းပေးရခြင်း​၏ အထိအတွေ့က လျှို့ယွဲ့အတွက် မယုံနိုင်စရာကောင်းအောင်ပင် ဖြစ်နေသေးသည်။

လျှို့ယွဲ့​၏စိတ်ထဲတွင် ကောင်းကင်ဘုံသို့ ပျံသန်းနေသလို ခံစားလိုက်ရသည်။

" တီ... တီ... " သူတို့နှစ်ယောက် ရှေ့က ကုန်တင်ကားကြီးက ဟွန်းတီးလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now