အခန်း (၁၂၅) ရဲ့ချန်နှင့် ပေါင်မန်

257 14 0
                                    

ရဲ့ချန် ပိုင်ဆိုင်သော အိမ်ကြီး​၏အပေါ်ဆုံးတွင်...
ထိုနေရာတွင် မိန်းကလေး တစ်ယောက်ချင်းစီတိုင်းက လေသာဆောင်ပေါ်တွင် မတ်တပ်ရပ်နေကြသည်။ ယင်းသည် ချောင်ယမ်ယမ်၊ လျှို့ယွဲ့နှင့် ဖူလန်လင်းတို့က ကောင်းကင်ကို မော့ကြည့်နေခြင်း ဖြစ်​၏။

" မမလန်လင်း အဲ့ဒါ ဘာဖြစ်နေတာလဲ " ကောင်းကင်က ထူးဆန်းသောဖြစ်စဉ်ကို ကြည့်ရင်း ချောင်ယမ်ယမ်က မေးလိုက်သည်။

လျှို့ယွဲ့ကလည်း ချောင်ယမ်ယမ့်လို အင်မတန် အံ့အားသင့်နေသည်။ ကောင်းကင်ပေါ်က လျှပ်စီးတိမ်တိုက်များက လုံးဝ သာမန် မဟုတ်ပေ။ ထိုလျှပ်စီးများ ဝင်းထိန် လင်းလက်လာသောကြောင့် လျှို့ယွဲ့ပင် အနည်းငယ် တုန်ရီသွားရသည်။

" ဒါက ယောက်ျားလးနဲ့ အတော်လေး အားကောင်းတဲ့ လူတစ်ယောက် တိုက်ခိုက်နေတယ် ထင်တယ် " ဖူလန်လင်းသည် ဤဖြစ်စဉ်က ဘာမှန်း ခန့်မှန်းမိသည်။ အဖြစ်အပျက်သည် အလွန်တရာ အားကောင်းသော ကျင့်ကြံသူနှစ်ဦးတို့ တိုက်ခိုက်နေမှသာ ဖြစ်ပျက်နိုင်သည် မဟုတ်ပါလား။

" သူ အဆင်မှ ပြေပါ့မလား " ထိုအရာကို ကြားပြီး လျှို့ယွဲ့သည် ရဲ့ချန်​၏အခြေအနေနှင့် ပတ်သတ်ပြီး စိုးရိမ်သွားသည်။

" မမလန်လင်း ညီမလေး ရဲ့ချန်ကို အရမ်းစိတ်ပူတယ်၊ အဲ့ဒီ့ကိုသွားပြီး သူ့ကို အကူညီ ပေးရအောင်လေ " ချောင်ယမ်ယမ်က စိုးရိမ်တကြီး ပြောလိုက်သည်။

" ညီမလေးတို့ ဘာမှ စိုးရိမ်စရာ မလိုပါဘူး၊ ရဲ့ချန်က အတော်လေး အားကောင်းတဲ့လူပါ၊ သူက သေချာပေါက် နိုင်မှာပါ " ဖူလန်လင်းက ရဲ့ချန်ကို ယုံကြည်ပေးရန် မိန်းကလေးနှစ်ယောက်ကို ပြောလိုက်​၏။

ဖူလန်လင်းက ရဲ့ချန်ကို နက်ရှိုင်းစွာ ယုံကြည်နေပုံအား ကြည့်ရင်း ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့သည် တစ်ဦးကိုတစ်ဦး ကြည့်ပြီး ခေါင်းညိတ်ပြလိုက်​၏။ သူတို့နှစ်ယောက်စလုံးက ရဲ့ချန်ကို ယုံကြည်ပေးရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့တို့ သတိမပြုမိခင် ဖူလန်လင်းက သူမ​၏ငှက်ရုပ်ကို ရဲ့ချန်​၏အခြေအနေအား စောင့်ကြည့်ရန် စေလွှတ်လိုက်သည်။ အကယ်၍ ရဲ့ချန်က တစ်စုံတစ်ခု ဆိုးဆိုးဝါးဝါး ဖြစ်သွားမည်ဆိုလျှင် သူမက ချက်ချင်း ကူညီနိုင်မည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now