အခန်း (၅၇) ပိုင်ချုံး၏ယုတ်မာသော အကြံအစည်

306 21 0
                                    

" ဘာ... "  လျှို့ယွဲ့နှင့် စစ်ထိုရွဲ့တို့ နှစ်ယောက်စလုံး မယုံကြည်နိုင်မှုတို့နှင့်အတူ ထိန့်လန့်စွာ အော်ဟစ်လိုက်တော့သည်။

စစ်ထိုရွဲ့ နေ့စဉ်စားနေသော အစားအစာများတွင် အဆိပ်များပါနေသည်ဟု ရဲ့ချန်က သံသဝင်နေသည်လော။

တခြားတစ်ယောက်ကသာ ထိုသို့လာပြောမည်ဆိုလျှင် လျှို့ယွဲ့က မည်သို့မျှ ယုံကြည်နိုင်မည် မဟုတ်ပေ။ သို့သော် ရဲ့ချန်က ပြောနေသည့်အတွက် သူမ မယုံချင်လည်း ယုံကြည်ရပေမည်။ " ရဲ့ချန်... အဲ့ဒီ့အဆိပ်တွေက ဘွားဘွားအတွက် အန္တရာယ်ရှိလား " လျှို့ယွဲ့က အဘွားစစ်ထိုရွဲ့၏အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်ဖြင့် အလောတကြီး မေးမြန်လိုက်တော့သည်။

" ဒီအဆိပ်က အတော်လေး အန္တရာယ်များတယ်။ အဆိပ်က ခန္ဓာကိုယ်ထဲသာ ရောက်သွားမယ်ဆိုရင် ကုသဖို့ အတော်လေး ခက်ခဲလိမ့်မယ်။ အဆင့်မြင့် ဆေးစက်ပစ္စည်းတွေနဲ့ ရှာဖွေမယ်ဆိုရင်တောင် ဒီအဆိပ်ကို ရှာတွေ့ဖို့က အင်မတန် ခက်ခဲတယ်။ အဆိပ်က လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတွေကို ဝါးမြိုပစ်လိုက်တဲ့အတွက် တဖြေးဖြေးနဲ့ သေဆုံးသွားရမှာပဲ။ ဒါပေမယ့် ကံကောင်းတဲ့တစ်ချက်က အဘွားရွဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်တွေကို ချီလောင်လက်ကောက်က အာနိသင် ဖြေပေးထားတယ် " ရဲ့ချန်က အဘွားရွဲ့၏ အခြေအနေက ကောင်းမွန်ကြောင်း ရှင်းပြလိုက်သည်။  ယခုအချိန်တွင် အဓိကပြဿနာဟာ ဤဟာကို လုပ်ဆောင်ခဲ့သော လူကို ရှာဖွေရမည် ဖြစ်သည်။

" အဘွားရွဲ့... ဒီအစားအစာတွေကို ဘယ်သူဝယ်လာတာလဲ။ ကျွန်တော် သိလို့ရမလား " ရဲ့ချန်က ထိုအစားအစားများအား ဝယ်ယူလာသောသူကို သိလိုသောကြောင့် မေးလိုက်သည်။

" ဒီအစားအစားတွေကို ပို့ပေးတဲ့သူက သူနာပြုမလေးပဲ။ အာ... ခဏ။ မီးနစ်သုံးဆယ်လောက်က ပိုင်ချုံးနဲ့ သူ့မိတ်ဆွေတို့ ဒီနေရာကို လာသေးတယ် " စစ်ထိုရွဲ့က ဤနေရာသို့ ယခင်က လာခဲ့သော လူတိုင်းကို ပြောပြသည်။

" ပိုင်ချုံး... သူက ဘယ်သူလဲ " ရဲ့ချန်က စစ်ထိုရွဲ့ပြောပြသော ပိုင်ချုံးဆိုသောသူကို မသိပေ။ ထို့ကြောင့် သူက မေးလိုက်ခြင်း ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now