အခန်း (၆၀) လူပြက်ဖြစ်သွားသော ဆမ်တူ

285 21 0
                                    

" ကျုပ်ကို မသတ်ပါနဲ့လို့ လာတောင်းပန်မနေနဲ့။ မင်း သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ " ရဲ့ချန်က အိုင့်လန်​၏ဆံပင်မွှေးအား ဆွဲဆောင့်ပြီး လမ်းမကြီးနှင့် ရိုက်ချလိုက်သည်။

အိုင့်လန် " အကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ။ နောက်တစ်ခါ ဒီလိုအမှားမျိုး ဒုတိယအကြိမ် မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ တကယ်ပါ... နောက်ထပ်တစ်ခါ ဘယ်တော့မှ အကိုကြီးကို ပြဿနာလာမရှာတော့ပါဘူး " သူလည်း ရဲ့ချန်က သွားခွင့်ပေးရန် မျှော်လင့်မိသည်။

" ကောင်းပြီလေ... ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်။ ကိုယ့်ပါးကိုယ် အချက်ငါးဆယ် ပြန်ရိုက်လိုက်။ ပြီးရင် သွားလို့ရပြီ " ရဲ့ချန်က ဤမြို့​၏အကြီးမားဆုံး ဂိုဏ်းခေါင်းဆောင်ကို ပါးရိုက်ရန် ပြောလိုက်တော့သည်။

အိုင့်လန်တွင် ရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ကိုယ့်ပါးကိုယ် ပြန်ရိုက်ဖို့ဆိုတာက ဖြစ်နိုင်ရန် ခက်ခဲလှသည်။

ဤမြို့ထဲတွင် အိုင့်လန်ကို မသိသောသူ မရှိပေ။ ဝံပုလွေနီဂိုဏ်း​၏ ဘော့စ်တစ်ဦးအနေဖြင့် သူ့မှာ နောက်လိုက်ပေါင်းများစွာ ရှိပေသည်။ သာမန်လူများဟာဖြင့် အိုင့်လန်နှင့် တက်နိုင်သမျှ အဝေးဆုံးက ရှောင်ထွက်သွားကြသည်သာ ဖြစ်​၏ ။ ထို့ကြောင့် သူတို့တွင် ပြဿနာဟူ၍ မယ်မယ်ရရ မရှိပေ။ ဤမြို့က အာဏာရှိသော လူများတောင် ဝံပုလွေနီဂိုဏ်းနှင့် ပဋိပက္ခ မဖြစ်လိုကြပေ။ သူတို့ဟာ မလိုလားအပ်သော ပြဿနာများကို ကြောက်ရွံ့ကြသည်။ တစ်စုံတစ်ယောက်ကသာ ယခုအဖြစ်အပျက်များအား သိမည်ဆိုလျှင် သူတို့​၏အောက်မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျလောက်အောင် အံ့အားသင့်သွားပါလိမ့်မည်။

ရဲ့ချန်လည်း အိုင့်လန်​၏ပါးနှစ်ဖက်စလုံးဟာ ဝက်ဖင်ကဲ့သို့ပင်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ " ဒီတစ်ကြိမ်က နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ အေး... နောက်တစ်ခါသာ ငါ့ကို ပြဿနာ ထပ်ရှာအုံးမယ်ဆိုရင်တော့ မင်းတို့ တောင်းပန်နေလို့လည်း ထူးလာမှာ မဟုတ်ဘူး " ထိုသို့ပြောပြီးနောက် ရဲ့ချန်လည်း ဟွာချင်းတက္ကသိုလ်ဆီသို့ ထွက်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now