အခန်း (၁၁၃) မင်းတို့ ဘယ်တော့ လက်ထပ်ကြမလဲ

272 14 0
                                    

ရဲ့ချန်က ချောင်ယမ်ယမ်​၏ အနက်ရောင် ဇာဗရာလေးကို ချွတ်မည်ဟု ကြံလိုက်သောအခါ မီးဖိုချောင် တံခါးက ရုတ်တရက် ပွင့်လာပြီး မီးဖိုချောင်ထဲတွင် ရှိသော လင်းရို့ချီက ထွက်လာသည်။

ချောင်ယမ်ယမ်တစ်ယောက် ရဲ့ချန်​၏လက်ကို ကတိုက်ကရိုက် တွန်းဖယ်လိုက်ပြီး သူမ​၏အင်္ကျီကို ဆွဲချလိုက်သည်။

" ရဲ့ချန်... ယမ်ယမ်... နင်တို့ ဘာတွေ လုပ်နေကြတာတုန်း " လင်းရို့ချီက သံသယမျက်လုံးဖြင့် မေးလိုက်သည်။

" ဪ ဆရာမလင်း... ကျုပ်တို့ တီဗွီ ကြည့်နေကြတာပါ " ရဲ့ချန်က ချောင်ယမ်ယမ့်လို အထိတ်ထိတ် အပြာပြာမဖြစ်ဘဲ လင်းရို့ချီ​၏မေးခွန်းကို တည်ငြိမ်စွာ ဖြေလိုက်သည်။

" ဟဲ့ ရဲ့ချန်… ငါ့ကို ဆရာမလင်းလို့ မခေါ်စမ်းနဲ့၊ အမေသာ သိသွားမယ်ဆိုရင် ငါ့ကို အကြံအစည်တွေ အကုန်လုံး ပျက်စီးသွားလိမ့်မယ်၊ ပြီးဖို့ သိပ်မကြာတော့ဘူးပဲ ဥစ္စာ " လင်းရို့က ခါးထောက်ပြီး ရဲ့ချန်ကို ဆူလိုက်သည်။

လင်းရို့ချီသည် သူမနှင့် ရဲ့ချန်တို့က သူမ​၏အမေကို စည်းရုံးနေနိုင်သမျှ ကာလပတ်လုံး တခြားတစ်ယောက်နှင့် သူမအမေက စီစဉ်ပေးမည် မဟုတ်ကြောင်း သိသည် မဟုတ်ပါလား။ ထို့ကြောင့် နောင်တစ်ချိန်တွင် ဘလိုင်းဒိတ်နှင့် ပတ်သက်ပြီး တွေးပူနေစရာ မလိုတော့ပေ။

" ကောင်းပါပြီ... အချစ်ကလေး ရို့ချီ " ရဲ့ချန်က လက်ကို ဟန်ပါပါ ဝေ့ယမ်းပြီး ပြောလိုက်သည်။

လင်းရို့ချီ​၏အာရုံက ချောင်ယမ်ယမ့်ဆီသို့ လှည့်သွားသည်။ ချောင်ယမ်ယမ်က သူမ​၏လက်ကို ပိုက်ထားသည်။ ထို့အပြင် မျက်နှာကလည်း အနည်းငယ် နီရဲနေသေးသည်။

" ယမ်ယမ်... ညည်း ဘာဖြစ်နေတာလဲ၊ နေရထိုင်ရတာ မသက်သာဘူးလား " လင်းရို့ချီက စိုးရိမ်စွာ မေးမြန်းလိုက်သည်။

" ညီမလေး အဆင်ပြေပါတယ်၊ ဒီအခန်းက နည်းနည်းလေး ပူနေတယ်လို့ ခံစားရလို့ပါ " ချောင်ယမ်ယမ်က ဆင်ခြေတစ်ခုကို ရှာကြံ ပြောလိုက်ရသည်။ သို့မှသာ လင်းရို့ချီက သံသယ မဝင်မည် ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now