အခန်း (၁၀၀) တားမြစ်သိုင်းကွက်ကို သုံးလိုက်သည့် ဖူလန်လင်း

302 17 0
                                    

" အမကြီး... ကျုပ်ကို လွှတ်ပေးပါ၊ ကျုပ်သိသမျှ ခင်ဗျားကို အကုန်ပြောပြပါ့မယ် " ရဲ့ချန်က တဖက်မိန်းကလေး​၏ အသက်ကို မခန့်မှန်းနိုင်သောကြောင့် သူမကို အမကြီးဟု ခေါ်လိုက်တော့သည်။

ဖူလန်လင်းသည် သူမကို အမကြီးဟု ခေါ်သည့်အတွက် အနည်းငယ် ဒေါသထွက်သွားလေသည်။ သူမက မိန်းမငယ်လေး တစ်ယောက်ပင် ရှိသေးသည် မဟုတ်ပါလား။ ဖူလန်လင်း​၏အသက်က အသက်နှစ်ရာ ရှိပြီ ဖြစ်သည်။ သို့သော် ရှေးဟောင်း လောကမှာဆိုလျှင် ထိုအသက်အရွယ်က အလွန်တရာ ငယ်ရွယ်သေးသည်ဟု ဆိုနိုင်သည်။

ဖူလန်လင်းက အလွန်တရာ ပြင်းထန် သန်မာသော သတ်ဖြတ်ခြင်း အော်ရာများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

" ဂလု... " ရဲ့ချန်တစ်ယောက် တံထွေးတစ်ချက် မြိုချလိုက်ရသည်။ မိန်းကလေး​၏ သတ်ဖြတ်ခြင်း အော်ရာက အလွန်တရာ ပြင်းထန်လှသောကြောင့် အသက်ရှူရန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။

ဖူလန်လင်းက မြေပေါ်တွင် လဲနေသော ရဲ့ချန်အနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာသည်။ ဆယ်မီတာ ငါးမီတာ သုံးမီတာ နောက်ဆုံးမှာတော့ ရဲ့ချန်အနားသို့ ရောက်လာသည်။ ထိုအချိန်တွင် ရဲ့ချန်က သူ​၏မီးသွေးကြောကို ဖွင့်လိုက်တော့​၏။

" ဘမ်း... " ရဲ့ချန်​၏ခန္ဓာကိုယ်မှ စွမ်းအင်များက ဖြာထွက် ပေါက်ကွဲ လာတော့သည်။ သူ​၏စွမ်းအင်များက အဆပေါင်းများစွာ တိုးတက်လာကြောင်း ရဲ့ချန်က ခံစားမိလိုက်သည်။

ဖူလန်လင်း​၏ဖိအားက ယခုအချိန်တွင် ရဲ့ချန်အပေါ်၌ လုံးဝ သက်ရောက်မှု မရှိတော့ပေ။ ရဲ့ချန်က ဘုရင့်နှလုံးသား ကျင့်စဉ်ကို အသုံးပြုပြီး ဖူလန်လင်း​၏ခန္ဓာကိုယ်ကို ထိရန် ပြေးသွားလိုက်သည်။

ကံမကောင်းစွာပင် ဖူလန်လင်းက ရဲ့ချန်ထက် ပိုမို မြန်ဆန်နေသည်။ ဖူလန်လင်းက နောက်ဘက် မီတာတစ်ရာအထိတိုင် တစ်မုဟုတ်ချင်း ဆုတ်သွားတော့သည်။

ထိုလူငယ်လေး​၏အင်အားက ရုတ်တရက် တိုးတက်လာသဖြင့် ဖူလန်လင်းတစ်ယောက် ပိုမို သတိထားလာတော့သည်။

ရဲ့ချန်က ဖူလန်းလင်းကို ထိကိုင်ရန် အခွင့်မသာခဲ့ချေ။ ထို့အပြင် ဖူလန်လင်းကလည်း သူ့ကို သတိထားနေသောကြောင့် သူ့တွင် တခြား အခွင့်အရေး လုံးဝ မရှိတော့ပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now