အခန်း (၆၅) လော့ဘင်နှင့် သုယောင်

282 18 0
                                    

လော့ဘင်က သူ​၏လက်ကို မြှောက်လိုက်သည်နှင့် လက်ဖဝါးတွင် အပြာရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် သုယောင်ပစ်လိုက်သော အပ်များကို လက်ဝါးအား ဝေ့ယမ်း၍ လမ်းကြောင်းလွှဲလိုက်တော့သည်။

သုယောက်​၏အပ်များက လော့ဘင်​၏လက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံမိသောအခါ သံမဏိအား ထိခိုက်မိသောအသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာတော့သည်။

သုယောင် ပစ်လိုက်သောအပ်များဟာ ကျည်ဆန်တစ်တောင့်၏အရှိန်နီးပါး အဝေးသို့ လွင့်ထွက်သွားတော့သည်။ သို့သော် ယင်းအား လော့ဘင်က လက်ဗလာဖြင့်သာ လွယ်လွယ်ကူကူ ခုခံခဲ့ခြင်းပင် ဖြစ်သည်။

" ရှင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ရှင့်ကိုယ်ရှင် အညံ့ခံလိုက်ပါ " လော့ဘင်​၏မျက်နှာဟာ ယခင်ကအတိုင်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲသာ။

လော့ဘင်က သုယောင်အား သူမကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်တောင် မမြင်မိတော့ပေ။ သို့ရာတွင် လော့ဘင်​၏ကျင့်ကြံမှုအဆင့်က မြေကမ္ဘာအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သုယောင်​၏ကျင့်ကြံမှုအဆင့်ကတော့ စိတ်စိညာဉ်သိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်မျှသာ ရှိနေသေးသည်။ သူတို့​၏အဆင့်ကွာခြားမှုက မိုးနဲမြေပမာ ဝေးကွာလွန်းလှသည်။

ထို့ကြောင့် လော့ဘင်သည် သုယောင်အား အနိုင်ရရှိရန် ၁၀၀% ယုံကြည်မှု ရှိလေသည်။

အဆိပ်ပညာနယ်ပယ်တွင် အဆိပ်သခင်တစ်ယောက်ဖြစ်သော သုယောင်သည် တိုက်ပွဲဝင်စွမ်းအားအရာမှာ အတော်လေးအားနည်းသည်ဟု ဆိုနိုင်သည်။ သို့သော် သုယောင်တွင် ရန်သူများအား တိုက်ခိုက်နိုင်သော အဆိပ်အမျိုးမျိုး ရှိလေသည်။ လော့ဘင်က သူ့ထက် အင်အားအရာတွင် သာလွန်သော်လည်း သုယောင်က ဤတိုက်ပွဲတွင် လော့ဘင်အား အနိုင်ရရှိရန် သေချာပေသည်။

သုယောင်လည်း သူတို့၏အင်အားက မိုးနဲ့မြေပမာ ကွာခြားလှမည်ဟု ထင်မထားခဲ့ပေ။

" ရယ်စရာတွေ ပြောမနေနဲ့။ မင်းက မိန်းမတစ်ယောက်ပါပဲ။ မင်းရဲ့အင်အားက ငါ့ထက်သာနေတာနဲ့ပဲ ငါ့ကို လွယ်လွယ်ကူကူ အနိုင်ရလိမ့်မယ် ထင်မနေနဲ့။ အဆိပ်ကျင့်ကြံသူတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ မင်းကို ပြမယ် " သုယောင်​၏အသားအရည်ဟာ နက်မှောင်ရောင်အဖြစ်သို့ ပြောင်းလဲပြီး သူ​၏ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာလည်း မီးဖိုထဲ ထည့်ပြုတ်ထားသလို အခိုးအငွေ့များ ထွက်လာတော့သည်။ ထို့အပြင် သုယောင်​၏အရည်ပြားကို ထိလိုက်လျှင် ဧကန်မုချ အဆိပ်မိသွားပေလိမ့်မည် ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now