အခန်း (၁၉၆) စည်းတံဆိပ်ကို ချိုးဖြတ်ခြင်း

246 7 0
                                    

ရဲ့ချန်သည် မူလန်ယင်းက သတိလစ်သွားကြောင်း မြင်လိုက်ရ၏။ ထို့နောက် သူက မူလန်ယင်း ၀တ်ထားသည့် မျက်နှာဖုံးကို ချွတ်လိုက်၏။
နှစ်ခြိုက်စွာ အိပ်ပျော်နေသော မူလန်ယင်းသည် ယခုအခါ သူမ၏မျက်နှာလေးက အင်မတန် ကျက်သရေရှိပုံ ပေါ်နေ၏။ ယင်းသည် အမြဲတမ်း အေးစက်စက်နေသည့် မျက်နှာနှင့် လုံး၀ နှိုင်းယှဉ်၍ မရပေ။
ရဲ့ချန် သူမကို တစ်စုံတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေခိုက် အေးစိမ့်နတ်သမီးလေးဖော် ဤနေရာသို့ ပြန်လာကြောင်း ခံစားလိုက်ရ၏။
ရဲ့ချန်က မူလန်ယင်း ၀တ်ဆင်ထားသည့် မျက်နှာဖုံးကို ပြန်လည် ၀တ်ဆင်ပေးလိုက်သည်။ “ မင်း အရမ်း ကံကောင်းသွားတယ် မှတ်ပါ၊ နောက်တစ်ခါ ငါ့ကို ဒီလိုမျိ်ုး ထပ်ပြီး ပြောရဲမယ်ဆိုရင် ငါ ဒီထက်ပိုပြီး မင်းကို အပြစ်ပေးရလိမ့်မယ် “
အေးစက်သည့် နတ်သမီး မူလန်ယင်းကို အပြစ်ပေးခဲ့ရသောကြောင့် ရဲ့ချန် အတော်လေး ပျော်ရွှင်နေ၏။ ထို့နောက် သူက ထိုနေရာမှ အဝေးသို့ ထွက်လာတော့သည်။
ရဲ့ချန် ထွက်သွားပြီး မိနစ်အနည်းခန့် ကြာသောအခါ အေးစိမ့် နတ်သမီးလေးဖော်က ပြန်ရောက်လာခဲ့သည်။ သူမတို့ ပြန်ရောက်လာသောအခါ မူလန်ယင်းက မြက်ခင်းပေါ်တွင် အိပ်ပျော်နေကြောင်း မြင်လိုက်ရ၏။
သူမတို့၏ဂိုဏ်းခေါင်းဆောင်းက ဤကဲ့သို့ မြက်ခင်းပြင်ပေါ်တွင် အိပ်ပျော်နေသည်က သဘာ၀ မကျလှပေ။
နတ်သမီးလေးဖော်ထဲတွင် မူကျူး နှင့် ဖန့်ချီတို့က မူလန်ယင်းနှင့် အရင်းနှီးဆုံး ဖြစ်သည်။ သူမတို့နှစ်ယောက်သည် အနီး၀န်းကျင်တွင် မည်သူမျှ မရှိလျှင် မူလန်ယင်းကို အမတစ်ယောက်အဖြစ် ခေါ်ပြောဆက်ဆံလေ့ ရှိပေသည်။
သူမတို့နှစ်ယောက်က အနီးသို့ ချက်ချင်း ပြေးလာပြီး မူလန်ယင်းကို နှိုးလိုက်သည်။ “ ဂိုဏ်းခေါင်းဆောင် “ မူကျူးက မူလန်ယင်းကို သတိရစေရန် လှုပ်နှိုးလိုက်သည်။
မူကျူးက ခန္ဓာကိုယ်ကို ခါယမ်းလိုက်သောကြောင့် မူလန်ယင်းက သတိရလာပြီး မျက်လုံးက တဖြည်းဖြည်း ပွင့်လာခဲ့သည်။
“ ငါ ဘယ်ကို ရောက်နေတာလဲ “ ရီဝေ၀ ဖြစ်နေသည့် ဦးခေါင်းကို ဆုပ်ကိုင်ရင်း မူလန်ယင်းက မေးလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်၊ ကျွန်မတို့ အခု ကန်ဘောင်ပေါ်မှာလေ၊ နောက်ပိုင်း ဘာတွေများ ဖြစ်သွားခဲ့တာလဲ “ ဖန့်ချီက မေးလိုက်သည်။
မူလန်ယင်းသည် အိပ်မက်လိုလို တကယ်လိုလို ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ဟု ခံစားလိုက်ရ၏။ အိပ်မက်ထဲတွင် ရဲ့ချန်က သူမ၏ကိုယ်ပိုင် အစိတ်အပိုင်းလေးကိုပင် ထိကိုင်ပြီး အနှောင့်အယှက် ပေးနေခဲ့သည်။
မူလန်ယင်းသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အိပ်မက်လော၊ အစစ်အမှန်လော ဝေခွဲမရ ဖြစ်နေသည်။ သေချာသည့် အရာတစ်ခုက ရဲ့ချန် ရိုက်ခဲ့သော သူမ၏တင်ပါးက ယခုထိ အနည်းငယ် နာကျင်နေဆဲသာ ရှိသေး၏။
“ ငါ ဘာမှ မမှတ်မိတော့ဘူး၊ လာ ပြန်ရအောင် “ မူလန်ယင်းသည် ထိုရှက်ရွံ့ဖွယ် ကိစ္စများကို ယခင်ကလို ဆွေးနွေးမှုများ မပြုလိုတော့ပေ။ ယခု သူမ၏ဆန္ဒက ပရမ်းပတာ ဖြစ်နေသည့် သူမ၏စိတ်များကို အေးငြိမ်းသွားစေရန်သာ ပြုလုပ်လိုခဲ့သည်။
မူလန်လင်း၏စိတ်ထဲတွင် အတော်လေး ဝေခွဲမရ ဖြစ်နေသည်။ ယင်းက အိပ်မက်တစ်ခု မဟုတ်လျှင် ထိုလူက ရေကန်ဘေးသို့ အဘယ်ကြောင့် ရောက်ရှိလာရသနည်း။ ယင်းက မဖြစ်နိုင်ပေ။ ရဲ့ချန်ဆိုသောလူက ဤကဲ့သို့ နေရာသေးသေးလေး တစ်ခုတွင် အဘယ်ကြောင့် ရှိနေရမည်နည်း။
မူလန်ယင်းအတွက် ထိုအဖြစ်က တကယ်လော၊ အိပ်မက်လော ဆန်းစစ်ရန် ခက်ခဲနေလေသည်။
ထို့နောက် မူလန်ယင်း နှင့် အေးစိမ့်နတ်သမီး လေးဖော်တို့က သူမတို့ ငှားထားသည့် တည်းခိုခန်းသို့ ပြန်သွားကြလေသည်။
အကွာအဝေး တစ်ခုကနေ ရဲ့ချန်သည် နတ်သမီးလေးများ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေသည်။ နတ်သမီးများ ပျောက်ကွယ်သွားပြီးနောက် ရဲ့ချန်လည်း ပုန်းကွယ်ရာမှ ထွက်လာခဲ့သည်။
ယနေ့ည ရဲ့ချန်သည် အေးစိမ့်ရေခဲဂိုဏ်း နှင့် ချယ်ရီပန်းပွင့်ဂိုဏ်းက ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကို ပညာပေးနိုင်သောကြောင့် သဘောအကျကြီး ကျနေလေသည်။ ထို့အပြင် မိန်းကလေးနှစ်ယောက်က ဂိုဏ်းထဲရှိ လူတိုင်းအတွက် စံပြပုဂ္ဂိုလ်ဖြစ်သော ဂိုဏ်းခေါင်းဆောင်များပင် ဖြစ်ကြသည်။
ဤနေရာတွင် နေထိုင်ရသည်က အတော်လေး ပျင်းစရာ ကောင်းပေသည်။ ရဲ့ချန်အတွက် မနက်ဖြန် ရောက်လာမည့် အချိန်ကို စောင့်စားရင်း နတ်သမီးတ့ခါး၀ထဲ ၀င်ပြီး တန်ခိုးကျင့်နေသည်ကမှ ပို၍ ကောင်းချိမ့်မည်။
သူရိန်နေမင်း၏ ရောင်ခြည်က ထွက်ပေါ်လာသောအခါ လူတိုင်းက သူတို့၏အခန်းထဲမှ ချက်ချင်း ထွက်လာကြသည်။ ထို့နောက် သူတို့အားလုံးသည် ဤရွာမှ ဆယ့်ငါးကီလိုမီတာ အကွာအဝေးက တောင်တစ်တောင်ဆီသို့ ဦးတည် ထွက်လာကြသည်။
ကောင်းကင်နယ်ပယ် ကျင့်ကြံသူများက ရှေးဟောင်းရတနာသိုက်ရှိရာဆီသို့ လျင်မြန်စွာ ဦးတည် ထွက်သွားကြသည်။ သူတို့၏နောက်တွင် ပျံသန်းနိုင်ခြင်း မရှိသေးသော မြေကြီးနယ်ပယ် ကျင့်ကြံသူများ လိုက်လာကြသည်။ သူတို့က သစ်ပင်များအပေါ် ခုန်ကူးရင်းဖြင့် တောင်ထိပ်ပေါ်သို့ တက်သွားကြသည်။
ရဲ့ချန်က လိုဏ်ဂူတစ်ခုထဲတွင် ရှိနေ၏။ ထိုနေရာက စည်းတံဆိပ်ရှိသည့် နေရာနှင့် အလှမ်းတော့ သိပ်မဝေးပေ။
ထိုနေရာတွင် ကျင့်ကြံသူငါးဆယ်ခန့်တော့ ရောက်နှင့်နေပြီ ဖြစ်သည်။ လူအုပ်ထဲတွင် ပါ၀င်လာသည့် လူအချို့က အသစ်ရောက်ရှိလာသူများ ဖြစ်ပေသည်။
ဓားခုနှစ်ချောင်းဂိုဏ်း၊ ချယ်ရီပန်းပွင့်ဂိုဏ်း၊ မီးတောင်ကြားဂိုဏ်း နှင့် အေးစိမ့်ရေခဲဂိုဏ်းတို့က ရှေ့ဆုံးတွင် နေရာယူထားကြသည်။ သူတို့အားလုံးက စည်းတံဆိပ်ကို ဖျက်ဆီးရန် အခင်းအကျင်း တစ်ခုကို ဖန်တီးလိုက်ကြသည်။
“ ငါတို့ရဲ့အင်အားကို စုပေါင်းပြီး ဒီစည်းတံဆိပ်ကို ဖျက်ဆီးလိုက်ကြရအောင် “ ကျန့်ယန်က လူတိုင်းကို အင်အားများ ပူးပေါင်းရန် ပြောလိုက်သည်။
ဂိုဏ်းအသီးသီးက ကောင်းကင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူအချို့က သူတို့၏အင်အားများကို စုပေါင်း လိုက်ကြသည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ဆင့် ကျင့်ကြံသူများ၏ အကြိမ်များစွာ တိုက်ခိုက်မှု၏အကျိုးဆက်ကြောင့် အလွန်တရာ ကျယ်လောင်သည့်အသံများ လှိုက်ထွက်လာခဲ့သည်။
ကျင့်ကြံသူများစွာ၏ ပူးပေါင်း တိုက်ခိုက်မှုနှင့်ပင် စည်းတံဆိပ်က အနည်းငယ်မျှ တုန်လှုပ်မှု မဖြစ်ခဲ့ပေ။
လူတိုင်၏ရှေ့တွင် စည်းတံဆိပ်က ထုနှင့်ထည်နှင့် မားမားမတ်မတ် တည်ရှိ်နေသေးသည် မဟုတ်ပါလား။
“ မဖြစ်နိုင်ဘူး၊ စည်းတံဆိပ်က ဘာဖြစ်လို့ ဒီလောက်အားကောင်း နေရတာလဲ “ ဂိုဏ်းကြီးလေးဂိုဏ်းက ပါ၀င်သူအချို့သည် သူတို့၏ပူးပေါင်း တိုက်ခိုက်မှုကို ခံခဲ့ရသည့်တိုင် မပျက်မစီးဘဲ ရှိနေသေးသည့် စည်းတံဆိပ်ကို မယုံကြည်နိုင်သည့် မျက်၀န်းများဖြင့် ကြည့်နေကြလေသည်။
“ ခင်ဗျားတို့က ဘာဖြစ်လို့ အင်အားကို ထိန်ချန်ထားတာလဲ၊ ဒီစည်းတံဆိပ်ကို ဖျက်ဆီးဖို့ဆိုရင် စွမ်းအားအပြည့် သုံးမှ ရလိမ့်မယ် “ မီးတောင်ကြားဂိုဏ်းက ခေါင်းဆောင် ဖန့်သူက လူတိုင်းကို စည်းတံဆိပ်အား အင်အားအပြည့့်ဖြင့် တိုက်ခိုက်ရန် ပြောလိုက်သည်။
ဖန့်သူသည် ပါ၀င်သော ကျင့်ကြံသူများက သူတို့၏အင်အားများကို ထိန်ချန်ထားကြောင်း မြင်နေရသည် မဟုတ်ပါလား။
သူတို့အားလုံးက ရှေးဟောင်းရတနာများကို ရှာဖွေရာတွင် အသုံးပြုရန် သူတို့၏အင်အားများကို တမင်သက်သက် ထိန်ချန်ထားကြခြင်း ဖြစ်သည်။
“ ဖန့်သူ၊ ငါတို့ အသုံးပြုခဲ့တဲ့ အင်အားကို မင်းမမြင်ဘူးလား၊ မင်းတို့က အားနည်းတဲ့ ဂိုဏ်းလေးက မဟုတ်လား၊ ဒီတော့ ငါတို့ တကယ်တိုက်နေတယ်ဆိုတာ ဘယ်သိပါ့မလဲ “ ကျန့်ကျင်းက မီးတောင်ကြားဂိုဏ်းကို အားနည်းသည့်ဂိုဏ်းဟု လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်သည်။
“ မင်း ဘာစကား ပြောလိုက်တာလဲ၊ မင်းတို့က အင်အားအကြီးဆုံး ဓားခုနှစ်ချောင်းဂိုဏ်း မဟုတ်ဘူးလား၊ ဒါပေမဲ့ ငါမြင်ရသလောက်တော့ မင်းတို့က အင်အားအနည်းဆုံးပဲ ထုတ်သုံးနေတယ်၊ မင်းတို့က ရတနာတွေ တွေ့တဲ့အချိန်ကျမှ ထုတ်သုံးဖို့ ရည်ရွယ်ထားတာလား “ ဖန့်သူသည် အင်အားများ ထိန်ချန်ထားသည့် ဓားခုနှစ်ချောင်းဂိုဏ်းကို အပြစ်တင် ရှုတ်ချလိုက်သည်။
လက်ရှိ ဓားခုနှစ်ချောင်းဂိုဏ်း၏ အင်အားဖြင့်ဆိုလျှင် အင်အားအများဆုံးကို ထုတ်သုံးသင့်သည် မဟုတ်ပါလား။
သို့သော် အစောက တိုက်ခိုက်မှုတွင် မြင်ရသလောက်တော့ ဓားခုနှစ်ချောင်းဂိုဏ်းက သူတို့၏အင်အားများကို ထိန်ချန်ထားရန်သာ ရွေးချယ်ခဲ့လေသည်။
လူအုပ်ကြီးထဲတွင် ရှိနေသည့် ရဲ့ချန်က မေးစေ့ကို အသာအယာ ပွတ်သပ်နေခဲ့သည်။ ဂိုဏ်းကြီးလေးဂိုဏ်းက လူများက တစ်ဦးကိုတစ်ဦး အပြစ်ပြောနေမည့်အစား စည်းတံဆိပ်ကိုသာ အားကုန်သုံးပြီး တိုက်ခိုက်သင့်ပေသည်။
စင်စစ် ရဲ့ချန်က ထိုစည်းတံဆိပ်ကို လက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။ သို့သော် ဂိုဏ်းလေးဂိုဏ်းက သူ့အတွက် မည်သို့ လုပ်ပေးမှန်း သိလို၍ စောင့်ကြည့်နေခဲ့သည်။
“ ကျွန်မ ထင်တာကတော့ ခေါင်းဆောင်ဖန့်ပြောတာ မှန်တယ်လို့ ထင်တယ်၊ ရှင်တို့တွေက ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ် ရောက်နေတာ ရှင်းနေတာပဲ ဥစ္စာ၊ ဒါပေမဲ့ တိုက်ခိုက်နေတုန်းက ရှင်တို့ အသုံးပြုတဲ့ အင်အားက ဂိုဏ်းလေးဂိုဏ်းထဲမှာ အားအနည်းဆုံး ဖြစ်နေတယ် “ ချင်းချမ်က ဖန့်သူဘက်မှ ကူပြောလိုက်သည်။ သူမသည် ဓားခုနှစ်ချောင်းဂိုဏ်းက တစ်ခုခု မူမမှန်ဟု ခံစားနေရသည်။ စောစောက တိုက်ခိုက်မှုတွင် ဓားခုနှစ်ချောင်းဂိုဏ်းက အခြားဂိုဏ်းသုံးဂိုဏ်းထက် ပိုမို အားနည်းနေသည် မဟုတ်ပါလား။
ဓားခုနှစ်ချောင်းဂိုဏ်းက ဂိုဏ်းသားများက အခြားဂိုဏ်းသုံးဂိုဏ်းထက် အင်အားသာလွန်နေသင့်သည် မဟုတ်ပါလား။
“ ဓားခုနှစ်ချောင်းဂိုဏ်းက လူတွေက ဆန္ဒမရှိဘူးဆိုမှတော့ ဒီပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ကြတာပေါ့ “ မူလန်ယင်းကလည်း ဓားခုနှစ်ချောင်းဂိုဏ်း၏ လုပ်ရပ်ကို အပြစ်တင်လိုက်သည်။ ဓားခုနှစ်ချောင်းဂိုဏ်းက ဤပူးပေါင်းမှုတွင် ရိုးသားမှုမရှိဟု ခံစားနေရသည် မဟုတ်ပါလား။
“ မင်းတို့အကုန်လုံး “ ဂိုဏ်းသုံးဂိုဏ်း၏ အတင်းချောင်ပိတ်သည့် မေးခွန်းများအောက်တွင် ကျန့်ကျင်းတစ်ယောက် မည်သည့်စကားမျှ မပြောနိုင်တော့ပေ။
“ ကောင်းပြီလေ၊ ငါတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်တာပေါ့၊ ဒီတစ်ကြိမ်တော့ ငါတို့ရဲ့အင်အားကို လုံး၀ ထိန်ချန်မထားတော့ပါဘူး “ တခြားဂိုဏ်းသုံးဂိုဏ်းက မကျေမနပ် ဖြစ်နေသောကြောင့် ကျန့်ယန်က တစ်ထစ်လျော့ချလိုက်သည်။
ထိုအချိန်တွင် လူတိုင်းက စည်းတံဆိပ်ကို ချိုးဖြတ်ရန် အင်အားအပြည့် အသုံးပြုလိုက်ကြသည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ အင်အားအစုအဝေးကြီး တစ်ခုက စည်းတံဆိပ်ကို ရိုက်ခတ်မိသွားလေသည်။
စည်းတံဆိပ်က နည်းနည်းချင်း နည်းနည်းချင်း စတင် အက်ကွဲလာတော့သည်။ “ ဝုန်း … “ နောက်ဆုံးတော့ စည်းတံဆိပ်က ပျက်စီးသွားပြီ မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now