အခန်း (၁၃၁) ကျုပ်တို့က ပါရမီရှင် စုံတွဲပါ

246 19 0
                                    

ချောင်ယမ်ယမ်သည် သူမနှင့် ငယ်စဉ်တောင်ကျေး ကလေးကဘဝ ကတည်းက သိကျွမ်းခဲ့သော ချမ်မုန့်ယမ်က ကျင့်ကြံသူတစ်ဦး ဖြစ်နေမှန်း လုံးဝ မသိခဲ့ပေ။ ထို့ကြောင့် သူမသည် ချမ်မုန့်ယမ်နှင့် ယှဉ်ပြိုင်ခဲ့သည့် ကိစ္စများတွင် မကြာခဏ ရှုံးနိမ့်နေရသည်မှာ အံ့ဩစရာ မရှိတော့ပေ။ သိရသရွေ့ အစကတည်းက သူမတို့နှစ်ဦးက အဆင့်တူများ ဟုတ်ပုံ မရချေ။

" အဲ့ဒါထက် ပိုသေးတယ်၊ ချမ်မုန့်ယမ်က သူမရဲ့ရုပ်သွင်ကို ဖုံးကွယ်ဖို့ သရေမျက်နှာဖုံး တစ်ခုလည်း တပ်ထားသေးတယ်၊ အခု သူမရဲ့ ရုပ်ရည်က အတုပဲ " ရဲ့ချန်သည် ချမ်မုန့်ယမ်က အချိန်တိုင်း မျက်နှာဖုံး ဝတ်ထားကြောင်း ရှင်းပြလိုက်သည်။

" အဲ့လိုလား " ချောင်ယမ်ယမ်သည် ချမ်မုန့်ယမ်​၏အကြောင်းများပို ပိုမို သိရှိလာသည်။ ယခု သူတို့နှစ်ဦးစလုံးက ကျင့်ကြံသူများ ဖြစ်လာပြီ ဖြစ်​၏။ ထို့နောက် တစ်နေ့နေ့ ချမ်မုန့်ယမ်နှင့် ယှဉ်ပြိုင်ခဲ့သည်ရှိသော် ချောင်ယမ်ယမ်က ရှုံးနိမ့်တော့မည် မဟုတ်ပေ။

" စာသင်ခန်းဆီ သွားရအောင် " ရဲ့ချန်က ချောင်ယမ်ယမ့်ကို စာသင်ခန်းဆီ သွားရန် ခေါ်လိုက်သည်။

ထိုအချိန်တွင် ချမ်မုန့်ယမ်သည် ကျောင်း​၏စင်္ကြံလမ်းပေါ်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေ​၏။ သူမ​၏နှုတ်ခမ်းတွင်လည်း အပြုံးရိပ်တစ်ခုက ခိုတွဲနေ​၏။ " စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ၊ ငါ ယမ်ယမ့်ဆီက လုယူဖို့ စောင့်တောင် မစောင့်နိုင်တော့ဘူး " ပထမဆုံး အကြိမ်ကတည်းက ချောင်ယမ်ယမ်ဆီက ဆွဲဆောင်မှုရှိသော အရာများကအစ သူမကြိုက်နှစ်သက်သော အရာများအထိ မည်သည့်အရာကိုမဆို ချမ်မုန့်ယမ်က လုယူခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ချမ်မုန့်ယမ်က ရဲ့ချန်ကို ပစ်မှတ်ထားနေပြီ ဖြစ်​၏။ ချမ်မုန့်ယမ်သည် ချောင်ယမ်ယမ် ပြုလုပ်မည့် အရာများကို စိတ်အားထက်သန်စွာ စောင့်စားနေရသည် မဟုတ်ပါလား။ သူမ​၏ရည်းစားက သူမဂါဝန်အောက်တွင် ရိုကျိုးနေသည်ကို မြင်လိုက်ရသောအခါ ဖြစ်ပျက်သွားမည့် ချောင်ယမ်ယမ်​၏မျက်နှာကို သူမမြင်လိုနေပြီ ဖြစ်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now