အခန်း (၇၀) ယောက္ခထီးနှင့် တွေ့ဆုံခြင်း

316 19 0
                                    

ချောင်ချင်ဂျမ်း " ရန်ငြိုးတွေကို လက်စားချေနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူးကွာ " သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး " ငါ့ရဲ့ဘဝမှာ ဒီအာဃာတတွေကို ဆက်ပြီးလည်း သိမ်းမထားချင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့... ငါ့မှာ သူတို့နဲ့အံတုနိုင်မယ့် အစွမ်းမရှိခဲ့ဘူးလေ၊ သူတို့ရဲ့မျက်လုံးထဲမှာ ငါဆိုတာက ပုရွက်ဆိတ်ငယ်လေးတစ်ကောင်ပါပဲ "

" ခင်ဗျားရဲ့ခံစားချက်ကို ကျုပ် နားလည်ပါတယ်ဗျာ " ရဲ့ချန်က ချောင်ချင်ဂျမ်း​၏ရွေးချယ်မှုက မမှားဘူးဆိုတာ သိပါသည်။ သူက ဟူးလန်နယ်မြေနှင့်တိုက်ခိုက်ဖို့သာ ခေါင်းမာမာနှင့် ရွေးချယ်မည်ဆိုလျှင် ကောင်းမွန်သော အဆုံးသတ်များဖြစ်မလာမှာ သေချာပါသည်။

ချောင်ချင်ဂျမ်းက သာမန်လူတစ်ဦးသာ ဖြစ်ပါသည်။ သူမှာ အစိုးရအဆက်အသွယ် များစွာ ရှိသော်လည်း ဟူးလန်နယ်မြေကဲ့သို့ အင်အားကြီးအဖွဲ့အစည်းများအား အပြစ်ကျူးလွန်မိလျှင် သူ့ကို မည်သူမျှ ဂရုစိုက်မည်မဟုတ်ပေ။

လောကတွင် အင်အားသည်သာ အရာရာဖြစ်သည်။ ယခုတော့ ရဲ့ချန်က ဂူရွှမ်းပြောခဲ့သောစကားများကို နားလည်သွားပြီဖြစ်သည်။ အင်အား​က အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိပေသည်။

" ငါ့ရဲ့ဘဝမှာ... မျှော်လင့်ချက်တစ်ခုပဲ ရှိပါတယ်၊ သူမက ငါ့ရဲ့ မြေးမလေးပဲ၊ သူမဘဝလေးကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းစေချင်တယ်၊ သူမက ငါနဲ့ ငါ့ဇနီးတို့ရဲ့ ရတနာလေးပါ "

" ဒီတော့... အဲ့ဒီ့ အကြောင်းပြချက်တွေကြောင့် ခင်ဗျားက လက်စားချေဖို့ မရွေးချယ်ခဲ့တာပေါ့ " ချောင်ချင်ဂျမ်းက သူ့ဇနီးနှင့်မြေးမလေးအား ထိခိုက်မည်စိုး၍ လက်စားမချေခဲ့ခြင်း ဖြစ်ပုံပေါ်သည်။

" စကားမစပ်... ငါ့မြေးမလေးက အခုမှ ငယ်ငယ်လေးရှိသေးတယ်ကွ၊ ပြီးတော့ သူမက အရမ်းလှတဲ့ မိန်းမငယ်လေးတစ်ယောက်ပဲ၊ မင်းသာ ဆန္ဒရှိရင် ငါ သူမနဲ့မိတ်ဆက်ပေးမယ်... ဟဟဟ " ချောင်ချင်ဂျမ်းက သူ​၏မြေးမလေးအကြောင်း ပြောနေသောအခါ ဂုဏ်ယူနေမှုတို့ကို အထင်းသား မြင်နေရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now