အခန်း (၂၀) ချောင်ယမ်ယမ်

439 44 0
                                    

ရဲ့ချန် စာသင်ခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်သောအခါ နောက်ဆုံးတန်းမှာ ထိုင်ခုံအလွတ်တစ်ခုံကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရဲ့ချန် ထိုနေရာတွင် ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ ရဲ့ချန် နောက်ဆုံးတန်းသို့ လျှောက်လာပြီး ထိုင်ခုံကိုဆွဲယူကာ ထိုင်ချလိုက်သည်။

ရဲ့ချန် သရေမျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့အတွက်ကြောင့် လူအများအပြား​၏အာရုံစိုက်မှုကို မခံရတော့ချေ။

" ဟေး အတန်းဖော်...မင်းက ဒီကိုပြောင်းလာတာလား..." ရဲ့ချန်​၏ရှေ့မှလူက နောက်သို့လှည့်လာပြီး မေးလိုက်သည်။

" ဟုတ်တယ်...ဒီနေ့မှ စပြောင်းလာတာ...ငါဒီမှာပဲ နေရမှာ..." ရဲ့ချန် ပြန်ဖြေလိုက်သည်။

" အိုး..ဒါကြောင့်ကိုး..ငါ့နာမည်က ကျန်းချောင်ပါ...မင်းငါ့ကို ကျန်းချောင်လို့ ခေါ်လို့ရတယ်..." ကျန်းချောင်က သူ့ရဲ့လက်ကို ရှေ့သို့ ထုတ်လိုက်ပြီး ရဲ့ချန်နဲ့ လက်ဆွဲနူတ်ဆက်ဖို့ ကမ်းလှမ်းလိုက်သည်။

ရဲ့ချန် " ငါ့နာမည်က ရဲ့ချန်ပါ...တွေ့ရတာဝမ်းသာပါတယ်..." ရဲ့ချန်ကလည်း ကျန်းချောင်​၏လက်ကို ဆွဲပြီး နူတ်ဆက်လိုက်သည်။

ကျန်းချောင် " ဟေး ရဲ့ချန်...မင်းနေရာပြောင်းချင်တယ်ဆိုရင် ငါ့ထိုင်ခုံကနေ အခုချက်ချင်း ဖယ်ပေးမယ်..."

" ဘာ့ကြောင့်လဲ..." ရဲ့ချန် နားမလည်နိူင်စွာ မေးလိုက်သည်။

" အဲ့ဒါကြောင့်ပဲ..." ကျန်းချောင်​၏စကားမဆုံးသေးခင်မှာပင် အခန်းတံခါးက တဖန် ပွင့်လာပြန်သည်။

အခန်းတံခါးက ပွင့်လာသောအခါ အသက် ၁၇၊ ၁၈ နှစ်လောက်ရှိသော လှပလွန်းသည့် ကောင်မလေးတစ်ယောက်က အခန်းထဲဝင်လာသည်။ သူမ​၏ မျက်နှာလှလှလေးက မြင်မြင်သမျှယောက်ျားအားလုံးကို ဆွဲဆောင်နိူင်စွမ်းရှိသည်။ သူမ​၏အရပ်က ၁၆၅ စင်တီမီတာလောက်ရှိပြီး အဖုအထစ်မရှိဘဲ ညီညာချောမွေ့နေသော ခြေတံများကိုလည်း သန့်ရှင်းသပ်ရပ်စွာ မြင်နိူင်သည်။ ထိုမိန်းကလေးတွင် ရှည်လျားပြီး ဖြောင့်စင်းသော ဆံပင်များလည်းရှိပြီး ညာဘက်တွင် လေးကိုင်းသဏ္ဌာန်လိပ်ပြာပုံလေးကို တွယ်ထားသည်။ လောလောဆယ် ဖွံ့ဖြိုးလာသော ခန္ဓာကိုယ်မှာတော့ သန့်စင်သောအဖြူရောင် တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ မိန်းမချောလေး လမ်းလျှောက်လာသောအခါ အခန်းထဲရှိ ယောက်ျားလေးတိုင်း​၏ အမြင်အားလုံးက သူမအပေါ်တွင်သာ ဦးတည်နေကြသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now