အခန်း (၉၁) မင်း လောင်းရဲလား

256 17 0
                                    

နောက်ဆုံးမှာတော့ ရဲ့ချန်နှင့် ဖန်းရွှယ်တို့သည် ဂီတပွဲတော် ကျင်းပသော အဆောက်အဦးရှေ့သို့ ရောက်ရှိလာကြကုန်၏။ ထူးထူးခြားခြား အဆောက်အဦး၏ အပြင်ဘက်တွင် မည်သူမှ ရှိမနေပေ။

အဆောက်အဦး၏ အပြင်ဘက်က ကားပါကင်တွင် ကားအကောင်းစားကြီးများ အနည်းငယ်သာ ထိုးထားလေသည်။

ရဲ့ချန်က ဖန်းရွှယ်၏ပရိတ်သက်များ မည်သည့်နေရာသို့ ရောက်နေကြသနည်းဟု တွေးတောနေသည်။ ဖန်းရွှယ်သာ ဤနေရာသို့ အမှန်တကယ် လာမည်ဆိုလျှင် သူမ၏ပရိတ်သက်များက အဆောက်အဦး၏အပြင်ဘက်တွင် စောင့်စားနေရမည် မဟုတ်သည်လော။

" ဘာဖြစ်လို့ ဒီလောက်ထိ တိတ်ဆိတ်နေရတာလဲ၊ ငါတို့ နေရာများ မှားလာတာလား " ရဲ့ချန်တစ်ယောက် အဆောက်အဦးကြီးအား ဂရုတစိုက် အကဲခတ်လိုက်သည်။ ယင်းက လျှို့ယွဲ့ ပြောပြခဲ့သည့်အတိုင်း တစ်ပုံစံတည်းပင် ဖြစ်သည်။

" တကယ်တော့... ဒီပွဲက ပုဂ္ဂလိကပွဲတော်ပဲလေ၊ ဒါကြောင့် လူနည်းနည်းလေးပဲ ဒီပွဲတော်အကြောင်းကို သိကြတယ် " ဖန်းရွှယ်က ရှင်းပြလိုက်သည်။

" ဪ... အဲ့လိုလား " ယခုတော့ ရဲ့ချန်က အဆောက်အဦး၏ အပြင်ဘက်တွင် အဘယ်ကြောင့် တိတ်ဆိတ်နေရသနည်းဟု သဘောပေါက်သွားလေသည်။ ပရိတ်သက်များက အဆောက်အဦးထဲတွင် ရှိနေမည့်ပုံ ပေါ်လေသည်။

" ရှင်က ဘာကို စောင့်နေတာလဲ၊ လာ... အထဲဝင်ရအောင် " ဖန်းရွှယ်က အဆောက်အဦးထဲ ဝင်ရန် ခေါ်လိုက်တော့သည်။

" မစ်... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဖိတ်စာ ဒါမှမဟုတ် အဖွဲ့ဝင်ကဒ်ကို ပြပါ " တံခါးရှေ့တွင် ရပ်နေသော လုံခြုံရေးက ရဲ့ချန်နှင့် ဖန်းရွှယ်ကို တားလိုက်တော့သည်။

ဖန်းရွှယ်က သူမ၏အိတ်ထဲက ဖိတ်စာ စာရွက်ကို ထုတ်ယူပြီး လုံခြုံရေး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

လုံခြုံရေးက ဖန်းရွှယ်၏ဖိတ်စာကို ဖွင့်ပြီး အထဲက အထောက်အထားများကို ချက်ချင်း စစ်ဆေးလိုက်တော့သည်။

လုံခြုံရေးက ဖိတ်စာ စာရွက်ပေါ်တွင် ဖန်းရွှယ်ဟူသော စာလုံးအကြီးကြီးကို မြင်လိုက်ရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now